Property Expo
×

ဗီတာမင္စီ၊ ပိုတက္ဆီယမ္နဲ႔ အမွ်င္ဓာတ္ႂကြယ္ဝၿပီး သေဘၤာ သီးအစိမ္းမွာပါဝင္တဲ့ သၾကားနဲ႔ တူတဲ့ျဒပ္တစ္ခုကလည္း အစာ ေကာင္းစြာေခ်ဖ်က္ႏိုင္ဖို႔ေထာက္ကူေပးပါတယ္။

သေဘၤာသီးစိမ္းဟာ အဆစ္ အျမစ္ေရာင္ရမ္းကိုက္ခဲျခင္း၊ အ႐ိုးအဆစ္ေရာင္ရမ္းနာ၊ ေဂါက္ေရာဂါနဲ႔ ပန္းနာေရာဂါေတြကို သက္သာေစတဲ့အျပင္ အူမ အတြင္းက ကင္ဆာျဖစ္ေစတဲ့ အဆိပ္အေတာက္ေတြကို ဝမ္း သြားေစျခင္းျဖင့္ စြန္႔ထုတ္ေစပါ တယ္။

သေဘၤာသီးဟာ အစာေခ် ဖ်က္ျခင္းကို ေထာက္ကူတဲ့ သဘာဝဝမ္းႏုတ္ေဆးတစ္မ်ိဳး လည္းျဖစ္တာေၾကာင့္ ပံုမွန္စား ေပးရင္ ဝမ္းခ်ဳပ္တာ၊ လိပ္ေခါင္း ေရာဂါျဖစ္တာနဲ႔ ဝမ္းေလွ်ာတာ ေတြကို ကာကြယ္ေပးႏုိင္ပါတယ္။ သေဘၤာသီးအစိမ္းကို ေဖ်ာ္ရည္ လုပ္ေသာက္မယ္ဆုိရင္ ဓမၼတာ ထိမ္ျခင္းကို သက္သာေစၿပီး ပံုမွန္ျဖစ္ေစပါတယ္။ ဒါ့အျပင္ အေရ ျပားဆုိင္ရာေရာဂါေတြနဲ႔ ဝက္ၿခံ၊ မ်က္ႏွာေပၚမွာ အနီအဖုအပိန္႔ ထတာေတြကိုလည္း ေပ်ာက္ကင္းေစပါတယ္။

အနာျဖစ္ရင္လည္း သေဘၤာ သီးစိမ္းနဲ႔ ကပ္ေပးရင္ဖူးေရာင္ တာေတြ၊ ျပည္တည္တာေတြ မျဖစ္ေစဘူးလုိ႔ ဆိုပါတယ္။ သေဘၤာသီးစိမ္းကို အႏွစ္လုပ္ၿပီး မ်က္ႏွာမွာ သုတ္လိမ္းေပးရင္ လည္း အညိဳစက္ေတြ၊ အမည္း ကြက္ေတြကို ေပ်ာက္ကင္းေစၿပီး အသားအေရပံုမွန္ျပန္ျဖစ္ေစပါ တယ္။ ေနာက္ၿပီး သေဘၤာသီးစိမ္း ကိုပ်ားရည္နဲ႔ေဖ်ာ္စပ္ၿပီး ေသာက္ သံုးေပးရင္ အာသီးေရာင္တာ၊ ဆံုဆို႔နာနဲ႔ တျခား လည္ေခ်ာင္း ဆုိင္ရာေရာဂါေတြကို ေပ်ာက္ ကင္းေစႏုိင္ပါတယ္။

တစ္ခု သတိထားရမွာက သေဘၤာသီးအစိမ္းမွာပါတဲ့ ဓာတ္ တစ္မ်ိဳးက ကိုယ္ဝန္ပ်က္က်ျခင္း ကို ျဖစ္ေစတာေၾကာင့္ မိခင္ ေလာင္းေတြေရွာင္ရမွာပါ။ ဒါေပ မဲ့ သေဘၤာသီးမွည့္သြားရင္ အႏၲရာယ္ရွိေစတဲ့ ဓာတ္ကေလ်ာ့ ပါးသြားၿပီး ဗီတာမင္ေတြ၊ ဓာတ္ တိုးဆန္႔က်င္ဂုဏ္သတၱိေတြရွိတာ ေၾကာင့္ ကိုယ္ဝန္ေဆာင္ေတြစား ေပးသင့္ပါတယ္။

ေနာက္တစ္ခ်က္က ေသြး ေက်ာက်ဥ္းေရာဂါ ရွိသူေတြနဲ႔ ၾကက္ေပါင္ေစး၊ ေရာ္ဘာေစးလို မ်ိဳးနဲ႔ ဓာတ္မတည့္သူေတြ သေဘၤာသီးစိမ္းမစားသင့္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: healthbenefits.com


#Unicode Version

ဗီတာမင်စီ၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်ကြွယ်ဝပြီး သင်္ဘော သီးအစိမ်းမှာပါဝင်တဲ့ သကြားနဲ့ တူတဲ့ဒြပ်တစ်ခုကလည်း အစာ ကောင်းစွာချေဖျက်နိုင်ဖို့ထောက်ကူပေးပါတယ်။

သင်္ဘောသီးစိမ်းဟာ အဆစ် အမြစ်ရောင်ရမ်းကိုက်ခဲခြင်း၊ အရိုးအဆစ်ရောင်ရမ်းနာ၊ ဂေါက်ရောဂါနဲ့ ပန်းနာရောဂါတွေကို သက်သာစေတဲ့အပြင် အူမ အတွင်းက ကင်ဆာဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဝမ်း သွားစေခြင်းဖြင့် စွန့်ထုတ်စေပါ တယ်။

သင်္ဘောသီးဟာ အစာချေ ဖျက်ခြင်းကို ထောက်ကူတဲ့ သဘာဝဝမ်းနုတ်ဆေးတစ်မျိုး လည်းဖြစ်တာကြောင့် ပုံမှန်စား ပေးရင် ဝမ်းချုပ်တာ၊ လိပ်ခေါင်း ရောဂါဖြစ်တာနဲ့ ဝမ်းလျှောတာ တွေကို ကာကွယ်ပေးနိုင်ပါတယ်။ သင်္ဘောသီးအစိမ်းကို ဖျော်ရည် လုပ်သောက်မယ်ဆိုရင် ဓမ္မတာ ထိမ်ခြင်းကို သက်သာစေပြီး ပုံမှန်ဖြစ်စေပါတယ်။ ဒါ့အပြင် အရေ ပြားဆိုင်ရာရောဂါတွေနဲ့ ဝက်ခြံ၊ မျက်နှာပေါ်မှာ အနီအဖုအပိန့် ထတာတွေကိုလည်း ပျောက်ကင်းစေပါတယ်။

အနာဖြစ်ရင်လည်း သင်္ဘော သီးစိမ်းနဲ့ ကပ်ပေးရင်ဖူးရောင် တာတွေ၊ ပြည်တည်တာတွေ မဖြစ်စေဘူးလို့ ဆိုပါတယ်။ သင်္ဘောသီးစိမ်းကို အနှစ်လုပ်ပြီး မျက်နှာမှာ သုတ်လိမ်းပေးရင် လည်း အညိုစက်တွေ၊ အမည်း ကွက်တွေကို ပျောက်ကင်းစေပြီး အသားအရေပုံမှန်ပြန်ဖြစ်စေပါ တယ်။ နောက်ပြီး သင်္ဘောသီးစိမ်း ကိုပျားရည်နဲ့ဖျော်စပ်ပြီး သောက် သုံးပေးရင် အာသီးရောင်တာ၊ ဆုံဆို့နာနဲ့ တခြား လည်ချောင်း ဆိုင်ရာရောဂါတွေကို ပျောက် ကင်းစေနိုင်ပါတယ်။

တစ်ခု သတိထားရမှာက သင်္ဘောသီးအစိမ်းမှာပါတဲ့ ဓာတ် တစ်မျိုးက ကိုယ်ဝန်ပျက်ကျခြင်း ကို ဖြစ်စေတာကြောင့် မိခင် လောင်းတွေရှောင်ရမှာပါ။ ဒါပေ မဲ့ သင်္ဘောသီးမှည့်သွားရင် အန္တရာယ်ရှိစေတဲ့ ဓာတ်ကလျော့ ပါးသွားပြီး ဗီတာမင်တွေ၊ ဓာတ် တိုးဆန့်ကျင်ဂုဏ်သတ္တိတွေရှိတာ ကြောင့် ကိုယ်ဝန်ဆောင်တွေစား ပေးသင့်ပါတယ်။

နောက်တစ်ချက်က သွေး ကျောကျဉ်းရောဂါ ရှိသူတွေနဲ့ ကြက်ပေါင်စေး၊ ရော်ဘာစေးလို မျိုးနဲ့ ဓာတ်မတည့်သူတွေ သင်္ဘောသီးစိမ်းမစားသင့်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: healthbenefits.com
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top