Property Expo
×

ေၾကာင္ေတြဟာ အိမ္မွာေမြးဖုိ႔ အသင့္ေတာ္ဆံုး အိမ္ေမြးတိရိစၦာန္အမ်ိဳးအစားထဲက တစ္မ်ိဳးပါပဲ။ ဒါေပမယ့္ ေၾကာင္ေမြးေတာ့မယ္ဆုိရင္ သိထားသင့္တဲ့ အခ်က္ေတြ ရွိေနပါတယ္။ အထူးသျဖင့္ လမ္းေပၚမွာ ေတြ႕ေတြ႕ေနရတဲ့ ေၾကာင္ေလး၊ အိမ္နားမွာ ေခြေခြေနတဲ့ ေၾကာင္ေလး၊ ပိုင္ရွင္မရွိတဲ့ ေၾကာင္ကို အိမ္မွာေခၚယူေမြးေတာ့မယ္ဆုိရင္ေတာ့ သင့္အေနနဲ႔ ဒီအခ်က္ေတြ လုပ္ေဆာင္ေပးဖုိ႔ လိုအပ္လွပါတယ္။

၁။သူ႕ကို တိရိစၦာန္ေဆးခန္း အရင္ဆံုး ေခၚသြားပါ။

ျပန္ဖုိ႔ အိမ္မရွိတဲ့၊ ေကၽြးေမြးမယ့္သူမရွိတဲ့ ေၾကာင္ေလးကို ေမြးေတာ့မယ္ဆုိရင္ ပထမဆံုး တိရိစၦာန္ေဆးေပးခန္းမွာ အရင္ဆံုး သူေရာဂါရွိမရွိ စစ္ေဆးဖုိ႔ လိုအပ္ပါတယ္။ သူ႕မွာ ဘာေရာဂါမွ မရွိဘူးဆုိရင္ သင္အိမ္မွာေမြးဖုိ႔ကိစၥ ဆက္လုပ္လို႔ရပါၿပီ။

၂။သူ႔အတြက္ ေနရာထုိင္ခင္းေလး ပထမဆံုး ေသခ်ာစီစဥ္ေပးပါ။

ပထမဆံုးအေနနဲ႔ အိမ္သားေတြ အားလံုးနဲ႔ ေရာေရာေထြးေထြး မထားပါနဲ႔ဦး။ ပထမဆံုးလုပ္ရမွာက သင္က သူ႔အတြက္စားေသာက္စရာ၊ သူ႕ကိုဘယ္ေနရာမွာ ထားမလဲဆုိတာနဲ႔ ေသာက္ေရ စတာေတြ အားလံုးကို စီစဥ္ေပးရမွာပါ။ ေလာေလာဆယ္ ေၾကာင္စာကို ဘာေကၽြးရမွန္း မသိရင္ အျပင္မွာ အလြယ္တကူ ၀ယ္လုိ႔ရတဲ့ ေၾကာင္စာထုပ္ေလးေတြ ၀ယ္ေကၽြးပါ။

၃။သီးသီးသန္႔သန္႔ေလး ထားေပးပါ။

ပထမ ရက္သတၱပတ္အတြင္းေတာ့ သူ႕ကို အခန္းထဲမွာပဲ ေသခ်ာထားထားပါ။ အစာေကၽြးတာမ်ိဳးအတြက္ ကိုယ္တုိင္လာထည့္ေကၽြးတာ၊ စကားေျပာတာမ်ိဳးေတြ လုပ္ေပးလိုက္ပါ။ ဒီအိမ္ဟာ သူ႕အတြက္ လံုျခံဳတယ္ဆုိတာ သူသိသြားေအာင္ လုပ္ေပးပါ။ သင့္အိမ္မွာ အျခားအိမ္ေမြးတိရစၦာန္ေတြ ရွိေသးတယ္ဆုိရင္ ခုခ်က္ခ်င္း မ်က္ႏွာခ်င္းဆုိင္ခုိင္းတာမ်ိဳးေတြ မလုပ္ပါနဲ႔။

၄။အရုပ္ေလးေတြနဲ႔ ကစားေပးပါ။

ေၾကာင္ေတြဟာ ကစားရတာ ႏွစ္ၿခိဳက္ပါတယ္။ သင့္မွာ ၾကြက္ရုပ္ေလးေတြ ရွိတယ္ဆုိရင္ သူတုိ႔နဲ႔ ေပးေဆာ့လိုက္ပါ။ မရွိဘူးဆုိရင္လည္း အျခားအရုပ္ေတြနဲ႔ သူတုိ႔အပ်င္းေျပေအာင္ ေပးေဆာ့ထားလိုက္ပါ။  ႀကိဳးေလးေတြ၊ အ၀တ္စ စတာေတြနဲ႔ ကစားရတာလည္း သူတုိ႔ႏွစ္ၿခိဳက္ပါတယ္။ ဒီလိုဆုိ အခန္းထဲမွာ ကုတ္ေနရတာမ်ိဳး သူမျဖစ္ေတာ့ပဲ စိတ္ေရာ၊ ကိုယ္ပါ က်န္းမာလာပါလိမ့္မယ္။

၅။သင့္ကို သူခင္မင္သြားေအာင္ စတင္လုပ္ေဆာင္ပါ။

ဒီအခ်ိန္ဟာ သူနဲ႔သင့္ၾကားက ဆက္ဆံေရးတစ္ခုကို ဖန္တီးရေတာ့မယ့္ အခ်ိန္ပါပဲ။ ဒီေတာ့ သူနဲ႔ စကားေျပာတာ၊ ေဆာ့ေပးတာမ်ိဳးေတြ လုပ္ေပးရင္း သူနဲ႔ ဆက္သြယ္မႈတစ္ခုကို ဖန္တီးပါ။  ဒါ့အျပင္ သူ႕အေပၚ သင့္ရဲ႕ဂရုစို္က္မႈ၊ ခ်စ္ခင္မႈေတြ ျပသေပးပါ။

၆။သင့္ဆီကို သူေရာက္လာဖုိ႔ ဖန္တီးပါ။

ေရွ႕ရက္ေတြမွာ သင္က သူ႕ဆီကို အၿမဲသြားၿပီး သူ႕ကို ဂရုစိုက္ေပးခဲ့ၿပီးပါၿပီ။ ဒီတစ္ခါ သူ႕ကို ကုိယ့္ဆီလာေအာင္ ႀကိဳးစားပါ။ သူတို႔ဟာ အသိစိတ္ေကာင္းေကာင္းရွိပါတယ္။ အာရံုခံလည္း ေကာင္းပါတယ္။ ဒီေတာ့ အတင္းႀကီး ကိုယ္နဲ႔ အိပ္စားေနလုိ႔ ကိုယ့္ဆီလာတာမ်ိဳးထက္ သူ႕အေပၚ သင္ထိန္းေက်ာင္းႏိုင္စြမ္းေကာင္းလို႔၊ သင့္ရဲ႕ခ်စ္ျခင္းေမတၱာကို သူခံစားမိလုိ႔ သင့္ဆီသူလာတာမ်ိဳး ျဖစ္ပါေစ။

၇။သင့္ရဲ႕အိမ္ဘယ္ေနရာ ဘယ္လိုဆိုတာ သူ႕ကုိမိတ္ဆက္ေပးလိုက္ပါေတာ့။

ကဲ ဒါကေတာ့ ေၾကာင္ေတြ သေဘာအက်ဆံုးအခ်က္ပါ။ သူတုိ႔ဟာ အိမ္တစ္အိမ္မွာ ဘယ္ေနရာမွာ ဘယ္ရွိတယ္ဆုိတာ စူးစမ္းတတ္ၾကပါတယ္။ ဒီေတာ့ သင့္အိမ္ရဲ႕ ဘယ္ေနရာမွာ ဘာရွိတယ္ဆုိတာ သူ႕ကို ျပသေပးလိုက္ပါ။ ဒါ့အျပင္ သင့္ရဲ႕အျခားေမြးထားတဲ့ တိရိစၦာန္ေတြနဲ႔လည္း မိတ္ဆက္ေပးလိုက္ပါ။ အခ်င္းခ်င္း ရန္လုိတာမ်ိဳးေတြ မျဖစ္ေအာင္ေတာ့ သင့္ဘက္က ဂရုစိုက္ရမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ကြောင်တွေဟာ အိမ်မှာမွေးဖို့ အသင့်တော်ဆုံး အိမ်မွေးတိရိစ္ဆာန်အမျိုးအစားထဲက တစ်မျိုးပါပဲ။ ဒါပေမယ့် ကြောင်မွေးတော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေ ရှိနေပါတယ်။ အထူးသဖြင့် လမ်းပေါ်မှာ တွေ့တွေ့နေရတဲ့ ကြောင်လေး၊ အိမ်နားမှာ ခွေခွေနေတဲ့ ကြောင်လေး၊ ပိုင်ရှင်မရှိတဲ့ ကြောင်ကို အိမ်မှာခေါ်ယူမွေးတော့မယ်ဆိုရင်တော့ သင့်အနေနဲ့ ဒီအချက်တွေ လုပ်ဆောင်ပေးဖို့ လိုအပ်လှပါတယ်။

၁။သူ့ကို တိရိစ္ဆာန်ဆေးခန်း အရင်ဆုံး ခေါ်သွားပါ။

ပြန်ဖို့ အိမ်မရှိတဲ့၊ ကျွေးမွေးမယ့်သူမရှိတဲ့ ကြောင်လေးကို မွေးတော့မယ်ဆိုရင် ပထမဆုံး တိရိစ္ဆာန်ဆေးပေးခန်းမှာ အရင်ဆုံး သူရောဂါရှိမရှိ စစ်ဆေးဖို့ လိုအပ်ပါတယ်။ သူ့မှာ ဘာရောဂါမှ မရှိဘူးဆိုရင် သင်အိမ်မှာမွေးဖို့ကိစ္စ ဆက်လုပ်လို့ရပါပြီ။

၂။သူ့အတွက် နေရာထိုင်ခင်းလေး ပထမဆုံး သေချာစီစဉ်ပေးပါ။

ပထမဆုံးအနေနဲ့ အိမ်သားတွေ အားလုံးနဲ့ ရောရောထွေးထွေး မထားပါနဲ့ဦး။ ပထမဆုံးလုပ်ရမှာက သင်က သူ့အတွက်စားသောက်စရာ၊ သူ့ကိုဘယ်နေရာမှာ ထားမလဲဆိုတာနဲ့ သောက်ရေ စတာတွေ အားလုံးကို စီစဉ်ပေးရမှာပါ။ လောလောဆယ် ကြောင်စာကို ဘာကျွေးရမှန်း မသိရင် အပြင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ ကြောင်စာထုပ်လေးတွေ ဝယ်ကျွေးပါ။

၃။သီးသီးသန့်သန့်လေး ထားပေးပါ။

ပထမ ရက်သတ္တပတ်အတွင်းတော့ သူ့ကို အခန်းထဲမှာပဲ သေချာထားထားပါ။ အစာကျွေးတာမျိုးအတွက် ကိုယ်တိုင်လာထည့်ကျွေးတာ၊ စကားပြောတာမျိုးတွေ လုပ်ပေးလိုက်ပါ။ ဒီအိမ်ဟာ သူ့အတွက် လုံခြုံတယ်ဆိုတာ သူသိသွားအောင် လုပ်ပေးပါ။ သင့်အိမ်မှာ အခြားအိမ်မွေးတိရစ္ဆာန်တွေ ရှိသေးတယ်ဆိုရင် ခုချက်ချင်း မျက်နှာချင်းဆိုင်ခိုင်းတာမျိုးတွေ မလုပ်ပါနဲ့။

၄။အရုပ်လေးတွေနဲ့ ကစားပေးပါ။

ကြောင်တွေဟာ ကစားရတာ နှစ်ခြိုက်ပါတယ်။ သင့်မှာ ကြွက်ရုပ်လေးတွေ ရှိတယ်ဆိုရင် သူတို့နဲ့ ပေးဆော့လိုက်ပါ။ မရှိဘူးဆိုရင်လည်း အခြားအရုပ်တွေနဲ့ သူတို့အပျင်းပြေအောင် ပေးဆော့ထားလိုက်ပါ။  ကြိုးလေးတွေ၊ အဝတ်စ စတာတွေနဲ့ ကစားရတာလည်း သူတို့နှစ်ခြိုက်ပါတယ်။ ဒီလိုဆို အခန်းထဲမှာ ကုတ်နေရတာမျိုး သူမဖြစ်တော့ပဲ စိတ်ရော၊ ကိုယ်ပါ ကျန်းမာလာပါလိမ့်မယ်။

၅။သင့်ကို သူခင်မင်သွားအောင် စတင်လုပ်ဆောင်ပါ။

ဒီအချိန်ဟာ သူနဲ့သင့်ကြားက ဆက်ဆံရေးတစ်ခုကို ဖန်တီးရတော့မယ့် အချိန်ပါပဲ။ ဒီတော့ သူနဲ့ စကားပြောတာ၊ ဆော့ပေးတာမျိုးတွေ လုပ်ပေးရင်း သူနဲ့ ဆက်သွယ်မှုတစ်ခုကို ဖန်တီးပါ။  ဒါ့အပြင် သူ့အပေါ် သင့်ရဲ့ဂရုစိုက်မှု၊ ချစ်ခင်မှုတွေ ပြသပေးပါ။

၆။သင့်ဆီကို သူရောက်လာဖို့ ဖန်တီးပါ။

ရှေ့ရက်တွေမှာ သင်က သူ့ဆီကို အမြဲသွားပြီး သူ့ကို ဂရုစိုက်ပေးခဲ့ပြီးပါပြီ။ ဒီတစ်ခါ သူ့ကို ကိုယ့်ဆီလာအောင် ကြိုးစားပါ။ သူတို့ဟာ အသိစိတ်ကောင်းကောင်းရှိပါတယ်။ အာရုံခံလည်း ကောင်းပါတယ်။ ဒီတော့ အတင်းကြီး ကိုယ်နဲ့ အိပ်စားနေလို့ ကိုယ့်ဆီလာတာမျိုးထက် သူ့အပေါ် သင်ထိန်းကျောင်းနိုင်စွမ်းကောင်းလို့၊ သင့်ရဲ့ချစ်ခြင်းမေတ္တာကို သူခံစားမိလို့ သင့်ဆီသူလာတာမျိုး ဖြစ်ပါစေ။

၇။သင့်ရဲ့အိမ်ဘယ်နေရာ ဘယ်လိုဆိုတာ သူ့ကိုမိတ်ဆက်ပေးလိုက်ပါတော့။

ကဲ ဒါကတော့ ကြောင်တွေ သဘောအကျဆုံးအချက်ပါ။ သူတို့ဟာ အိမ်တစ်အိမ်မှာ ဘယ်နေရာမှာ ဘယ်ရှိတယ်ဆိုတာ စူးစမ်းတတ်ကြပါတယ်။ ဒီတော့ သင့်အိမ်ရဲ့ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ သူ့ကို ပြသပေးလိုက်ပါ။ ဒါ့အပြင် သင့်ရဲ့အခြားမွေးထားတဲ့ တိရိစ္ဆာန်တွေနဲ့လည်း မိတ်ဆက်ပေးလိုက်ပါ။ အချင်းချင်း ရန်လိုတာမျိုးတွေ မဖြစ်အောင်တော့ သင့်ဘက်က ဂရုစိုက်ရမှာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top