Kantharyar Centre
×

ကြ်န္ေတာ္တုိ႔ ပတ္ဝန္းက်င္မွာ ေျပာင္ေခ်ာ္ေခ်ာ္ ေပါေတာေတာ ငေျပာင္တစ္ေယာက္ကုိေတာ့ အနည္းႏွင့္အမ်ား ျမင္ဖူးၾကမယ္ထင္ပါတယ္။ တကယ္ဆုိရင္ ငေပါေတြဆုိတာကလည္း သူတစ္ပါးရဲ႕လုပ္ရပ္ ၊ အျဖစ္အပ်တ္တုိင္းကုိ ဟာသအျမင္မွေန ပုံေဖာ္ေနၾကတဲ့သူေတြျဖစ္ပါတယ္။ ကုိယ့္အေပါင္းအသင္းေတြ ၾကားမွာ ငေပါတစ္ေယာက္လာၿပီဆုိရင္ အားလုံးေပ်ာ္ရႊင္ၾကရပါတယ္။ ကုိယ့္မွာ အခက္အခဲရွိလုိ႔ စိတ္ညစ္ေနၿပီဆုိရင္လည္း ငေပါတစ္ေယာက္ရဲ႕ဟာသေလးေတြေၾကာင့္ ဘဝအေမာေတြ ေျပေပ်ာက္သြားတာ ၾကံဳေတြ႕ဖူးၾကမွာပါ။ ငေပါတစ္ေယာက္ရဲ႕ စိတ္ထဲမွာ လူမႈပတ္ဝန္းက်င္မွ သူငယ္ခ်င္းမ်ားကုိ အျမဲေနာက္ေျပာင္ေနၾကၿပီး သူတစ္ပါးကုိ ေပ်ာ္ရႊင္ေအာင္ လုပ္ႏုိင္တဲ့သူမ်ား ျဖစ္ပါတယ္။

တကယ္ေတာ့ ငေပါဆုိတဲ့ဂုဏ္ပုဒ္ရဖုိ႔ဆုိတာလည္း မလြယ္လွပါဘူး။ ငေပါဆုိတာ နာမည္ ၊ ခံစားခ်က္ ၊ ဂုဏ္သိကၡာတရားေတြကုိ အရင္းအႏွီးျပဳၿပီး ပတ္ဝန္းက်င္အတြက္ ေပးဆပ္ထားရတဲ့သူေတြ ျဖစ္ပါတယ္။ သူတစ္ပါးေပ်ာ္ရႊင္ေစဖုိ႔ ကုိယ့္ဂုဏ္သိကၡာကုိ စေတးၿပီးလုပ္ရဲတဲ့သတၱိဆုိတာ သာမန္လူေတြမလုပ္ႏုိင္တဲ့ကိစၥျဖစ္ပါတယ္။   ပတ္ဝန္းက်င္မွာ အျမဲတမ္းစေနာက္ေနတဲ့ ငေပါေတြကုိ ခံစားခ်က္မရွိဘူးလုိ႔ မထင္လုိက္ပါနဲ႔။ တကယ္ေတာ့ ငေပါတစ္ေယာက္မွာ ေလးနက္တဲ့ ခံစားခ်က္ေတြ ရင္ထဲအျပည့္ရွိေပမယ့္  ကုိယ့္ခံစားခ်က္ေတြကုိ ေပါက္ကြဲမိမွာစုိးတဲ့အတြက္ “အပူရုပ္ကုိ ဟန္လုပ္” ၿပီး ေပ်ာ္ေပ်ာ္တတ္သူျဖစ္ပါတယ္။ ကုိယ့္ခံစားခ်က္ကုိ ထုတ္ေဖာ္ေျပာမယ့္အစား သူတစ္ပါးရဲ႕ဝမ္းနည္းမႈကုိ သက္သာသြားေအာင္ ေဖာ္ေဆာင္တဲ့လူသားမ်ားျဖစ္ပါတယ္။ ငေပါေတြဟာ မ်က္ႏွာျပင္မွာ အျမဲျပံဳးရႊင္တတ္ေပမယ့္ ရင္ထဲမွာေတာ့ ဝမ္းနည္းစရာအတိတ္ျဖစ္ရပ္ဆုိးေတြ ကိန္းေအာင္းေနတတ္ပါတယ္။ ငေပါတစ္ေယာက္ဟာ အျမဲတမ္းျပံဳးရႊင္ေနတဲ့အတြက္ ဝမ္းနည္းေနၿပီဆုိရင္ေတာင္ ဘယ္သူမွ အလြယ္တကူမသိႏုိင္ပါဘူး။

ငေပါတစ္ေယာက္ဆုိတာ ေလာကဓံရဲ႕ နိမ့္ျမင့္သေဘာတရားကုိ အျပည့္အဝနားလည္ထားသူမ်ား ျဖစ္တဲ့အတြက္ ေလာကႀကီးမွ ပူပင္စရာေတြကုိ ဟာသဥာဏ္ျဖင့္ သရုပ္ေဖာ္ထားသူေတြပါ။ တကယ္ေတာ့ ေလာကမွာ ကုိယ့္အတြက္ေၾကာင့္ သူတစ္ပါးျပံဳးေပ်ာ္သြားတာေလာက္ ေက်နပ္စရာေကာင္းတဲ့ကိစၥမရွိဘူးဆုိတာ ငေပါေတြပဲ နားလည္တာပါ။ ကုိယ့္အသုိင္းအဝုိင္းမွာ ငေပါတစ္ေယာက္ပါလာၿပီဆုိရင္ ခင္ဗ်ားကံေကာင္းပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: akhayar

#Unicode Version

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပြောင်ချော်ချော် ပေါတောတော ငပြောင်တစ်ယောက်ကိုတော့ အနည်းနှင့်အများ မြင်ဖူးကြမယ်ထင်ပါတယ်။ တကယ်ဆိုရင် ငပေါတွေဆိုတာကလည်း သူတစ်ပါးရဲ့လုပ်ရပ် ၊ အဖြစ်အပျတ်တိုင်းကို ဟာသအမြင်မှနေ ပုံဖော်နေကြတဲ့သူတွေဖြစ်ပါတယ်။ ကိုယ့်အပေါင်းအသင်းတွေ ကြားမှာ ငပေါတစ်ယောက်လာပြီဆိုရင် အားလုံးပျော်ရွှင်ကြရပါတယ်။ ကိုယ့်မှာ အခက်အခဲရှိလို့ စိတ်ညစ်နေပြီဆိုရင်လည်း ငပေါတစ်ယောက်ရဲ့ဟာသလေးတွေကြောင့် ဘဝအမောတွေ ပြေပျောက်သွားတာ ကြုံတွေ့ဖူးကြမှာပါ။ ငပေါတစ်ယောက်ရဲ့ စိတ်ထဲမှာ လူမှုပတ်ဝန်းကျင်မှ သူငယ်ချင်းများကို အမြဲနောက်ပြောင်နေကြပြီး သူတစ်ပါးကို ပျော်ရွှင်အောင် လုပ်နိုင်တဲ့သူများ ဖြစ်ပါတယ်။

တကယ်တော့ ငပေါဆိုတဲ့ဂုဏ်ပုဒ်ရဖို့ဆိုတာလည်း မလွယ်လှပါဘူး။ ငပေါဆိုတာ နာမည် ၊ ခံစားချက် ၊ ဂုဏ်သိက္ခာတရားတွေကို အရင်းအနှီးပြုပြီး ပတ်ဝန်းကျင်အတွက် ပေးဆပ်ထားရတဲ့သူတွေ ဖြစ်ပါတယ်။ သူတစ်ပါးပျော်ရွှင်စေဖို့ ကိုယ့်ဂုဏ်သိက္ခာကို စတေးပြီးလုပ်ရဲတဲ့သတ္တိဆိုတာ သာမန်လူတွေမလုပ်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။   ပတ်ဝန်းကျင်မှာ အမြဲတမ်းစနောက်နေတဲ့ ငပေါတွေကို ခံစားချက်မရှိဘူးလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ ငပေါတစ်ယောက်မှာ လေးနက်တဲ့ ခံစားချက်တွေ ရင်ထဲအပြည့်ရှိပေမယ့်  ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲမိမှာစိုးတဲ့အတွက် “အပူရုပ်ကို ဟန်လုပ်” ပြီး ပျော်ပျော်တတ်သူဖြစ်ပါတယ်။ ကိုယ့်ခံစားချက်ကို ထုတ်ဖော်ပြောမယ့်အစား သူတစ်ပါးရဲ့ဝမ်းနည်းမှုကို သက်သာသွားအောင် ဖော်ဆောင်တဲ့လူသားများဖြစ်ပါတယ်။ ငပေါတွေဟာ မျက်နှာပြင်မှာ အမြဲပြုံးရွှင်တတ်ပေမယ့် ရင်ထဲမှာတော့ ဝမ်းနည်းစရာအတိတ်ဖြစ်ရပ်ဆိုးတွေ ကိန်းအောင်းနေတတ်ပါတယ်။ ငပေါတစ်ယောက်ဟာ အမြဲတမ်းပြုံးရွှင်နေတဲ့အတွက် ဝမ်းနည်းနေပြီဆိုရင်တောင် ဘယ်သူမှ အလွယ်တကူမသိနိုင်ပါဘူး။

ငပေါတစ်ယောက်ဆိုတာ လောကဓံရဲ့ နိမ့်မြင့်သဘောတရားကို အပြည့်အဝနားလည်ထားသူများ ဖြစ်တဲ့အတွက် လောကကြီးမှ ပူပင်စရာတွေကို ဟာသဉာဏ်ဖြင့် သရုပ်ဖော်ထားသူတွေပါ။ တကယ်တော့ လောကမှာ ကိုယ့်အတွက်ကြောင့် သူတစ်ပါးပြုံးပျော်သွားတာလောက် ကျေနပ်စရာကောင်းတဲ့ကိစ္စမရှိဘူးဆိုတာ ငပေါတွေပဲ နားလည်တာပါ။ ကိုယ့်အသိုင်းအဝိုင်းမှာ ငပေါတစ်ယောက်ပါလာပြီဆိုရင် ခင်ဗျားကံကောင်းပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: akhayar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top