Kantharyar Centre
×

၁။ အိမ္ေထာင္ေရး ေဖာက္ျပန္တတ္ေသာဖခင္

ဖခင္ကအိမ္ေထာင္ေရး ေဖာက္ျပန္ေတာ့ မိခင္နဲ႕ခဏခဏျပႆနာတက္တယ္။ အိမ္မွာေန႔တိုင္းဆိုသလို တိုက္ပြဲျဖစ္ေနေတာ့ ဘယ္သူ႔မွသားသမီးကို မၾကည့္အားဘူး။ သားသမီးေတြရဲ႕စိတ္ကို အရမ္း ထိခိုက္ ေစပါတယ္။ ကိုယ့္အေဖကိုၾကည့္ၿပီး အိမ္ ေထာင္ျပဳမဲ႔အရြယ္ေရာက္ေနတဲ့ မိန္းခေလးတစ္ေယာက္ အိမ္ေထာင္ေရးအေၾကာင္းလံုး၀မစဥ္းစားရဲတာ ကိုေတြ႔ဖူးတယ္။

၂။ စိတ္ႀကီးတဲ့ဖခင္

နည္းနည္းဆိုဆူၿပီ၊ ထစ္ကနဲဆို လက္ပါၿပီ၊ ( ၆ ) ႏွစ္ေအာက္ခေလး ဒီလိုဖခင္မ်ဳိးနဲ႔တိုးရင္ ခ်စ္စရာအမူအက်င့္ေလးေတြ ေပ်ာက္ဆံုးၿပီး ထံုထံုအအ ျဖစ္သြားမွာပဲ။ ကေလးရဲ႕စိတ္ဟာ အလြန္ႏုနယ္လြန္းလွပါတယ္။ ကေလးေတြ အတြက္ အယံုၾကည္ရဆံုးနဲ႔ အားအကိုးရဆံုးဆိုလို႔ မိဘပဲရိွပါတယ္။

၃။ ေဆးလိပ္ေသာက္တတ္ေသာဖခင္

အခ်ဳိ႕ကသားသမီးေရွ႕မေရွာင္ ေဆးလိပ္ေသာက္တတ္ၾကပါတယ္။ ေဆးလိပ္ဆိုတာ ေသာက္တဲ့လူတင္ မကပဲ ေဘးမွာရိွတဲ့လူေတြကိုပါ က်န္းမာေရးထိခိုက္ေစပါတယ္။ ေဆးလိပ္ေသာက္တတ္ေသာဖခင္ဟာ ေဆးလိပ္ေသာက္တတ္ေသာ သားကိုပိုမိုေမြးထုတ္တတ္ပါတယ္။ ဖခင္ကိုအထင္ႀကီးေတာ့ အတုျမင္အတတ္သင္ေတာ့တာပါပဲ။

၄။ ဂိမ္းေဆာ့၀ါသနာပါေသာဖခင္

ဖခင္ကဂိမ္းေဆာ့၀ါသနာပါရင္ သားသမီးကိုတိုက္ရိုက္ကူးစက္တတ္ပါတယ္။ သားသမီးေတြဟာ ဂိမ္းရဲ႕ဆြဲေဆာင္မူကို ျငင္းဆန္ႏိုင္စြမ္း မရိွပါဘူး။ ဖခင္ကဂိမ္းေဆာ့ေနမယ္။ သားသမီးကလိုက္ေဆာ့မယ္။ ကေလးရဲ႕ပညာေရးဘယ္ေလာက္ထိခိုက္တယ္ဆိုတာ ေျပာေနစရာေတာင္မလိုေတာ့ပါဘူး။

၅။ အၿမဲပ်က္ကြက္တတ္ေသာဖခင္

မိဘဆရာေတြ႔ဆံုပြဲ၊ အားကစားပြဲ၊ ေက်ာင္းအႀကိဳအပို႔၊ ကေလးေမြးေန႔ စသည္တို႔မွာ ဖခင္ကခဏခဏ ပ်က္ကြက္ေနရင္ ကေလးကိုစိတ္ထိခုိက္ေစတတ္ပါတယ္။ အတန္းေဖၚေတြက အေဖအၿမဲလာႀကိဳၿပီး ကိုယ့္အေဖက်ေတာ ့အၿမဲအမအားဘူးလို႔ပဲ ေျပာေနတယ္။ ဖခင္ေမတၱာနဲ႔ မိခင္ေမတၱာ ဟာ တခါတေလမွာ ကြာျခားတတ္ပါတယ္။ ဖခင္ေမတၱာဟာ ကေလးေတြ မိမိကိုယ္မိမိ ယံုၾကည္ခ်က္တည္ေဆာက္တဲ့ေနရာမွာ အလြန္အေထာက္အကူျဖစ္ပါတယ္။

ကြ်န္ေတာ္အပါအ၀င္ ဖခင္မ်ားဆင္ျခင္ႏိုင္ေအာင္ Wechat မွ ေကာက္ႏုတ္ဘာသာျပန္ထားပါသည္။




ဖုိးသူေတာ္(www.phothutaw.com)
Credit:Uncle Aung Ko Latt

#Unicode Version
၁။ အိမ်ထောင်ရေး ဖောက်ပြန်တတ်သောဖခင်

ဖခင်ကအိမ်ထောင်ရေး ဖောက်ပြန်တော့ မိခင်နဲ့ခဏခဏပြဿနာတက်တယ်။ အိမ်မှာနေ့တိုင်းဆိုသလို တိုက်ပွဲဖြစ်နေတော့ ဘယ်သူ့မှသားသမီးကို မကြည့်အားဘူး။ သားသမီးတွေရဲ့စိတ်ကို အရမ်း ထိခိုက် စေပါတယ်။ ကိုယ့်အဖေကိုကြည့်ပြီး အိမ် ထောင်ပြုမဲ့အရွယ်ရောက်နေတဲ့ မိန်းခလေးတစ်ယောက် အိမ်ထောင်ရေးအကြောင်းလုံးဝမစဉ်းစားရဲတာ ကိုတွေ့ဖူးတယ်။

၂။ စိတ်ကြီးတဲ့ဖခင်

နည်းနည်းဆိုဆူပြီ၊ ထစ်ကနဲဆို လက်ပါပြီ၊ ( ၆ ) နှစ်အောက်ခလေး ဒီလိုဖခင်မျိုးနဲ့တိုးရင် ချစ်စရာအမူအကျင့်လေးတွေ ပျောက်ဆုံးပြီး ထုံထုံအအ ဖြစ်သွားမှာပဲ။ ကလေးရဲ့စိတ်ဟာ အလွန်နုနယ်လွန်းလှပါတယ်။ ကလေးတွေ အတွက် အယုံကြည်ရဆုံးနဲ့ အားအကိုးရဆုံးဆိုလို့ မိဘပဲရှိပါတယ်။

၃။ ဆေးလိပ်သောက်တတ်သောဖခင်

အချို့ကသားသမီးရှေ့မရှောင် ဆေးလိပ်သောက်တတ်ကြပါတယ်။ ဆေးလိပ်ဆိုတာ သောက်တဲ့လူတင် မကပဲ ဘေးမှာရှိတဲ့လူတွေကိုပါ ကျန်းမာရေးထိခိုက်စေပါတယ်။ ဆေးလိပ်သောက်တတ်သောဖခင်ဟာ ဆေးလိပ်သောက်တတ်သော သားကိုပိုမိုမွေးထုတ်တတ်ပါတယ်။ ဖခင်ကိုအထင်ကြီးတော့ အတုမြင်အတတ်သင်တော့တာပါပဲ။

၄။ ဂိမ်းဆော့ဝါသနာပါသောဖခင်

ဖခင်ကဂိမ်းဆော့ဝါသနာပါရင် သားသမီးကိုတိုက်ရိုက်ကူးစက်တတ်ပါတယ်။ သားသမီးတွေဟာ ဂိမ်းရဲ့ဆွဲဆောင်မူကို ငြင်းဆန်နိုင်စွမ်း မရှိပါဘူး။ ဖခင်ကဂိမ်းဆော့နေမယ်။ သားသမီးကလိုက်ဆော့မယ်။ ကလေးရဲ့ပညာရေးဘယ်လောက်ထိခိုက်တယ်ဆိုတာ ပြောနေစရာတောင်မလိုတော့ပါဘူး။

၅။ အမြဲပျက်ကွက်တတ်သောဖခင်


မိဘဆရာတွေ့ဆုံပွဲ၊ အားကစားပွဲ၊ ကျောင်းအကြိုအပို့၊ ကလေးမွေးနေ့ စသည်တို့မှာ ဖခင်ကခဏခဏ ပျက်ကွက်နေရင် ကလေးကိုစိတ်ထိခိုက်စေတတ်ပါတယ်။ အတန်းဖေါ်တွေက အဖေအမြဲလာကြိုပြီး ကိုယ့်အဖေကျတော့အမြဲအမအားဘူးလို့ပဲ ပြောနေတယ်။ ဖခင်မေတ္တာနဲ့ မိခင်မေတ္တာ ဟာ တခါတလေမှာ ကွာခြားတတ်ပါတယ်။ ဖခင်မေတ္တာဟာ ကလေးတွေ မိမိကိုယ်မိမိ ယုံကြည်ချက်တည်ဆောက်တဲ့နေရာမှာ အလွန်အထောက်အကူဖြစ်ပါတယ်။

ကျွန်တော်အပါအဝင် ဖခင်များဆင်ခြင်နိုင်အောင် Wechat မှ ကောက်နုတ်ဘာသာပြန်ထားပါသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Uncle Aung Ko Latt
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top