Property Expo
×


ျဖစ္ႏုိင္ေျခရိွေသာ ပရီး မီးယားလိဂ္ဖလားစိန္ေခၚမႈႏွင့္ ပတ္သက္၍ ေျပာဆိုရန္ အခ်ိန္ မွာ ေစာလြန္းေနေသးသည္ဟု ခ်ယ္လ္ဆီးနည္းျပ အန္တုိနီယို ကြန္တီက ေျပာၾကားသည္။


၂၀၁၄-၁၅ ရာသီ၏ ပရီးမီး ယားလိဂ္ခ်န္ပီယံ ခ်ယ္လ္ဆီး သည္ မန္ယူကုိ ၄-၀ ဂုိးျဖင့္ ႏုိင္ ၿပီးေနာက္ ထိပ္ဆံုးမွ မန္စီးတီး ႏွင့္ တစ္မွတ္အကြာ စတုတၳေနရာ သုိ႔ ေရာက္ရိွလာသည္။

ယခုသီတင္းပတ္အတြင္း ဖလားစိန္ေခၚႏုိင္ေျခရိွေသာ အ သင္းမ်ားႏွင့္ ပတ္သက္၍ ေမး ျမန္းရာ မန္ယူနည္းျပေဟာင္း ဖာဂူဆန္က ခ်ယ္လ္ဆီးကို ထည့္သြင္းေရြးခ်ယ္ျခင္းမရိွခဲ့ေပ။

‘‘အႏုိင္ရလဒ္ျဖစ္ေစ၊ အ႐ႈံး ရလဒ္ျဖစ္ေစ ကြၽန္ေတာ့္ရဲ႕ အုိင္ ဒီယာ (ဒါမွမဟုတ္) ကစားသမား ေတြရဲ႕ ယံုၾကည္မႈကုိ မေျပာင္းလဲ ေစႏုိင္ပါဘူး’’ဟု ကြန္တီက ေျပာ ၾကားသည္။ ခ်ယ္လ္ဆီးသည္ လိဂ္ဖလားတြင္ ၀က္စ္ဟမ္းကို ႐ႈံးၿပီး ထြက္ခဲ့ရသည္။

‘‘ဒီပရီးမီးယားလိဂ္ဟာ အ ရမ္းခက္ခဲပါတယ္။ ဘာမဆိုျဖစ္ လာႏုိင္ပါတယ္’’ဟု ကြန္တီက ေျပာသည္။

သုိ႔ေသာ္အမွတ္ေပးဇယား၊ ဖလားႏွင့္ ပတ္သက္၍ ေျပာဆုိ ရန္ ေစာလြန္းေနေသးသည္ဟု ၎က ေျပာသည္။

ၿပီးခဲ့သည့္ ပရီးမီးယားလိဂ္ သံုးပြဲကုိ ေပးဂုိးမရိွ အႏုိင္ရခဲ့ေသာ ခ်ယ္လ္ဆီးသည္ တနဂၤေႏြေန႔ တြင္ ေဆာက္သမ္တန္အိမ္ကြင္းသုိ႔ သြားေရာက္ရင္ဆုိင္ရမည္ျဖစ္ သည္။

ယင္းပဲြအတြက္ ဖာဘရီ ဂတ္စ္ပါ၀င္ႏုိင္မည္မဟုတ္ေသာ္ လည္း အိုင္ဗန္ႏိုဗစ္ႏွင့္ တယ္ရီတို႔ ပါ၀င္ႏုိင္သည္ဟု ကြန္တီက ေျပာ သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  ဖြစ်နိုင်ခြေရှိသော ပရီး မီးယားလိဂ်ဖလားစိန်ခေါ်မှုနှင့် ပတ်သက်၍ ပြောဆိုရန် အချိန် မှာ စောလွန်းနေသေးသည်ဟု ချယ်လ်ဆီးနည်းပြ အန်တိုနီယို ကွန်တီက ပြောကြားသည်။


၂၀၁၄-၁၅ ရာသီ၏ ပရီးမီး ယားလိဂ်ချန်ပီယံ ချယ်လ်ဆီး သည် မန်ယူကို ၄-၀ ဂိုးဖြင့် နိုင် ပြီးနောက် ထိပ်ဆုံးမှ မန်စီးတီး နှင့် တစ်မှတ်အကွာ စတုတ္ထနေရာ သို့ ရောက်ရှိလာသည်။

ယခုသီတင်းပတ်အတွင်း ဖလားစိန်ခေါ်နိုင်ခြေရှိသော အ သင်းများနှင့် ပတ်သက်၍ မေး မြန်းရာ မန်ယူနည်းပြဟောင်း ဖာဂူဆန်က ချယ်လ်ဆီးကို ထည့်သွင်းရွေးချယ်ခြင်းမရှိခဲ့ပေ။

‘‘အနိုင်ရလဒ်ဖြစ်စေ၊ အရှုံး ရလဒ်ဖြစ်စေ ကျွန်တော့်ရဲ့ အိုင် ဒီယာ (ဒါမှမဟုတ်) ကစားသမား တွေရဲ့ ယုံကြည်မှုကို မပြောင်းလဲ စေနိုင်ပါဘူး’’ဟု ကွန်တီက ပြော ကြားသည်။ ချယ်လ်ဆီးသည် လိဂ်ဖလားတွင် ဝက်စ်ဟမ်းကို ရှုံးပြီး ထွက်ခဲ့ရသည်။

‘‘ဒီပရီးမီးယားလိဂ်ဟာ အ ရမ်းခက်ခဲပါတယ်။ ဘာမဆိုဖြစ် လာနိုင်ပါတယ်’’ဟု ကွန်တီက ပြောသည်။

သို့သော်အမှတ်ပေးဇယား၊ ဖလားနှင့် ပတ်သက်၍ ပြောဆို ရန် စောလွန်းနေသေးသည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ပရီးမီးယားလိဂ် သုံးပွဲကို ပေးဂိုးမရှိ အနိုင်ရခဲ့သော ချယ်လ်ဆီးသည် တနင်္ဂနွေနေ့ တွင် ဆောက်သမ်တန်အိမ်ကွင်းသို့ သွားရောက်ရင်ဆိုင်ရမည်ဖြစ် သည်။

ယင်းပွဲအတွက် ဖာဘရီ ဂတ်စ်ပါဝင်နိုင်မည်မဟုတ်သော် လည်း အိုင်ဗန်နိုဗစ်နှင့် တယ်ရီတို့ ပါဝင်နိုင်သည်ဟု ကွန်တီက ပြော သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top