Property Expo
×







#Unicode Version

ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှုရဲ့ ၉၅ ရာခိုင်နှုန်းက အာဖဂန်နစ္စတန် နိုင်ငံကနေ ထွက်ရှိလာပြီး နိုင်ငံရဲ့ ဘိန်းထုတ်လုပ် ထွက်ရှိမှုက ကမ္ဘာပေါ်မှာ အများဆုံးနိုင်ငံဖြစ်ပါတယ်။ ယခုနှစ် ၂၀၁၆ ခုနှစ်ရဲ့ ဥရောပနိုင်ငံတစ်လွှား မူးယစ်ဆေးဝါးစစ်တမ်းကောက်ချက်အရ  တစ်ကမ္ဘာလုံးဘိန်းထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်း( တန်ချိန်ပေါင်း ၃၃၀၀) ရှိနေသေးတဲ့ အာဖဂန်က ကမ္ဘာ့အကြီးမားဆုံး ဘိန်းထုတ် လုပ်မှု နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲပင်ဖြစ်တယ်လို့ သိရ ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကနေ နိုင်ငံ ဝင်ငွေက အမေရိကန်ဒေါ်လာ ၂. ၈ ဘီလျံထိရှိခဲ့ကာ ယင်းငွေ ပမာဏက နိုင်ငံတွင်းရဲ့ ကုန်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းကနေ ရရှိခဲ့တဲ့ ဝင်ငွေနဲ့ ညီမျှနေခဲ့တာပဲ ဖြစ်ပါတယ်။

အာဖဂန်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ဖော်ပြချက်မှာတော့ နိုင်ငံရဲ့ တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချီရောင်းချမှုဝင်ငွေရဲ့ ဒေါ်လာ ၇၀ ဘီလျံကနေ နှစ်စဉ် ၉ ဘီလျံအထိ လျှော့ချနိုင်တယ် လို့ သိရပါတယ်။

နိုင်ငံရဲ့ပြည်နယ်ပေါင်း ၂၀ ကျော်မှာ ဘိန်းစိုက်ပျိုးမှုတွေကို အဓိကအားထား စိုက်ပျိုးလုပ်ကိုင်နေကြတာကြောင့်လည်း ကမ္ဘာ့တစ်လွှား ဘိန်းတန်ချိန်အများဆုံး ဖြန့်ဖြူးရောင်းချနိုင်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top