Kantharyar Centre
×





Credit:Thit Htoo Lwin

#Unicode Version
ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီဟာ ရရှိနေတဲ့ဒဏ်ရာကနေ အမြန်ဆုံးပြန်လာနိုင်ဖို့အတွက် မျှော်လင့်နေပါတယ်။ ဘာလို့လဲဆိုတော့ တယ်ရီအနေနဲ့ အိမ် နောက်ဖက်မှာ လေ့ကျင့်ခန်းလုပ်နေတာကို Instagram မှာတင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

တယ်ရီအနေနဲ့ အိမ်မှာ လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုကို တင်ခဲ့တာဖြစ်ပြီး ပြေးတာ၊ ဒိုက်ထိုးတာနဲ့ တခြားလေ့ကျင့်ခန်းတွေလုပ်နေတာပါ။ ချယ်ဆီးကပ္ပတိန်အနေနဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရာတာလည်း ဖြစ်ပါတယ်။

တယ်ရီနဲ့အတူ ဇနီးဖြစ်သူ Tony Terry နဲ့ ချယ်လ်ဆီးဂိုးသမားဖြစ်သူ ဘီဂိုဗစ်ရဲ့ ဇနီး Nicolle Begovic တို့ကလည်း အတူတကွ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

https://youtu.be/KJuObDmg3jE

ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top