Kantharyar Centre
×

မဲ႐ံုထဲတြင္ မဲထည့္ေန ရင္း ဆဲယ္လ္ဖီဓာတ္ပံု႐ိုက္ခဲ့ျခင္း ေၾကာင့္ ဂ်ပ္စတင္ဘားလိတ္ခ္ကုိ ဥပေဒခ်ဳိးေဖာက္မႈအတြက္ စံုစမ္း စစ္ေဆးေနသည္ဟု ေစာေစာပိုင္း က သတင္းမ်ားထြက္ေပၚခဲ့ေသာ္ လည္း ၎သည္ တစ္စံုတစ္ရာ အေရးယူမႈ၊ စစ္ေဆးမႈႏွင့္ ရင္ ဆိုင္ရျခင္းမရွိျဖစ္ေနသည္။

Mirrors သီခ်င္းျဖင့္ ေအာင္ ျမင္ေက်ာ္ၾကားလာသည့္ အေမရိ ကန္အဆုိေတာ္ တင္းဘားလိတ္ခ္ သည္ မဲ႐ံုတစ္႐ံုထဲတြင္ ဆယ္လ္ဖီဓာတ္ပံု ႐ိုက္ခဲ့ေသာ္လည္း ရွဲလ္ ဘီေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရး႐ံုးမွ အရာရွိတစ္ဦးက တရားဝင္ တိုင္တန္းမႈမရွိျခင္းေၾကာင့္ စံုစမ္းစစ္ ေဆးမည္ မဟုတ္ဟု ေျပာသည္။


မဲထည့္ေနစဥ္ ဓာတ္ပံု႐ိုက္ ျခင္း၊ ဗီဒီယို႐ိုက္ျခင္းႏွင့္ အသံ ဖမ္းျခင္းတို႔အေပၚ တားျမစ္ေသာ ဥပေဒသစ္ကို ၂၀၁၅ က အတည္ ျပဳခဲ့သည္။ ယင္းဥပေဒကို ခ်ဳိး ေဖာက္ပါက ေထာင္ဒဏ္ ရက္ ၃၀ (သို႔မဟုတ္) ဒဏ္ေငြ ကန္ ေဒၚလာ ၅၀ (သို႔မဟုတ္) ျပစ္ ဒဏ္ႏွစ္ခုစလံုး က်ခံရႏိုင္သည္။

သို႔ေသာ္ ယင္းဓာတ္ပံုကို မိတ္ေဆြဖြဲ႕ထားသူ ၃၇ သန္းရွိ ေသာ အင္စတာဂရမ္ အေကာင့္တြင္ ေဖာ္ျပခဲ့သည့္ တင္းဘား လိတ္ခ္အေနျဖင့္ စံုစမ္းစစ္ေဆး ျခင္းေသာ္လည္းေကာင္း အျပစ္ ေပးျခင္းေသာ္လည္းေကာင္း ရင္ဆိုင္ရျခင္း မရွိျဖစ္ေနသည္။

တင္းဘားလိတ္ခ္က မဲထည့္ ေနေသာ ဓာတ္ပံုကို ေဖာ္ျပကာ တင္နက္ဆီျပည္နယ္သားမ်ား မဲ ထည့္ၾကရန္ အြန္လိုင္းမွတစ္ဆင့္ ေဆာ္ၾသခဲ့သည္။

သို႔ေသာ္ တင္းဘားလိတ္ခ္ ကို ေဒသဆုိင္ရာ အစိုးရေရွ႕ေန႐ံုး က ေရြးေကာက္ပြဲဥပေဒ ခ်ဳိး ေဖာက္ျခင္းျဖစ္ႏိုင္သျဖင့္ စံုစမ္းစစ္ေဆးခဲ့သည္ဟု သတင္းရင္း ျမစ္တစ္ခုက Independent သတင္းစာသို႔ ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

မဲရုံထဲတွင် မဲထည့်နေ ရင်း ဆဲယ်လ်ဖီဓာတ်ပုံရိုက်ခဲ့ခြင်း ကြောင့် ဂျပ်စတင်ဘားလိတ်ခ်ကို ဥပဒေချိုးဖောက်မှုအတွက် စုံစမ်း စစ်ဆေးနေသည်ဟု စောစောပိုင်း က သတင်းများထွက်ပေါ်ခဲ့သော် လည်း ၎င်းသည် တစ်စုံတစ်ရာ အရေးယူမှု၊ စစ်ဆေးမှုနှင့် ရင် ဆိုင်ရခြင်းမရှိဖြစ်နေသည်။

Mirrors သီချင်းဖြင့် အောင် မြင်ကျော်ကြားလာသည့် အမေရိ ကန်အဆိုတော် တင်းဘားလိတ်ခ် သည် မဲရုံတစ်ရုံထဲတွင် ဆယ်လ်ဖီဓာတ်ပုံ ရိုက်ခဲ့သော်လည်း ရှဲလ် ဘီဒေသဆိုင်ရာ အုပ်ချုပ်ရေးရုံးမှ အရာရှိတစ်ဦးက တရားဝင် တိုင်တန်းမှုမရှိခြင်းကြောင့် စုံစမ်းစစ် ဆေးမည် မဟုတ်ဟု ပြောသည်။

မဲထည့်နေစဉ် ဓာတ်ပုံရိုက် ခြင်း၊ ဗီဒီယိုရိုက်ခြင်းနှင့် အသံ ဖမ်းခြင်းတို့အပေါ် တားမြစ်သော ဥပဒေသစ်ကို ၂၀၁၅ က အတည် ပြုခဲ့သည်။ ယင်းဥပဒေကို ချိုး ဖောက်ပါက ထောင်ဒဏ် ရက် ၃၀ (သို့မဟုတ်) ဒဏ်ငွေ ကန် ဒေါ်လာ ၅၀ (သို့မဟုတ်) ပြစ် ဒဏ်နှစ်ခုစလုံး ကျခံရနိုင်သည်။

သို့သော် ယင်းဓာတ်ပုံကို မိတ်ဆွေဖွဲ့ထားသူ ၃၇ သန်းရှိ သော အင်စတာဂရမ် အကောင့်တွင် ဖော်ပြခဲ့သည့် တင်းဘား လိတ်ခ်အနေဖြင့် စုံစမ်းစစ်ဆေး ခြင်းသော်လည်းကောင်း အပြစ် ပေးခြင်းသော်လည်းကောင်း ရင်ဆိုင်ရခြင်း မရှိဖြစ်နေသည်။

တင်းဘားလိတ်ခ်က မဲထည့် နေသော ဓာတ်ပုံကို ဖော်ပြကာ တင်နက်ဆီပြည်နယ်သားများ မဲ ထည့်ကြရန် အွန်လိုင်းမှတစ်ဆင့် ဆော်သြခဲ့သည်။

သို့သော် တင်းဘားလိတ်ခ် ကို ဒေသဆိုင်ရာ အစိုးရရှေ့နေရုံး က ရွေးကောက်ပွဲဥပဒေ ချိုး ဖောက်ခြင်းဖြစ်နိုင်သဖြင့် စုံစမ်းစစ်ဆေးခဲ့သည်ဟု သတင်းရင်း မြစ်တစ်ခုက Independent သတင်းစာသို့ ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top