Property Expo
×

Orchesta တီးဝိုင္းႏွင့္ အတူေဖ်ာ္ေျဖမည့္ နာမည္ႀကီး အမ်ိဳးသမီးအဆုိေတာ္ေလးဦး၏ ပြဲကို   ႏိုဝင္ဘာ ၄  ရက္တြင္ အမ်ိဳးသားကဇာတ္႐ံု၌ ျပဳလုပ္ မည္ျဖစ္ေၾကာင္း ယင္းေဖ်ာ္ေျဖပြဲ စီစဥ္သူတစ္ဦးျဖစ္သည့္ ကိုသူရ ေအာင္က ေျပာသည္။

‘‘The Queens ဆိုတဲ့အတုိင္းေခတ္တစ္ေခတ္မွာ ေအာင္ျမင္ခဲ့ တဲ့ အမ်ိဳးသမီးအဆုိေတာ္ေတြကို ေရြးတယ္။ သူ႔ေခတ္နဲ႔သူလည္း ေအာင္ျမင္ခဲ့တယ္။ ဒီေန႔ထက္ထိ လည္း ေအာင္ျမင္ေနတဲ့ အဆုိ ေတာ္ေတြကိုေရြးၿပီး Orchesta နဲ႔ ပံုစံမတူတဲ့ ပံုစံမ်ိဳး။ သူတို႔သီခ်င္း ေတြ တီးလံုးပိုင္းေတြ စီစဥ္ခဲ့တာ ပါ’’ဟု ယင္းေဖ်ာ္ေျဖပြဲျပဳလုပ္ခဲ့ သည့္အေၾကာင္းကို ၎က ေျပာ သည္။

ယင္းေဖ်ာ္ေျဖပြဲတြင္ ေမခ လာ၊ ထြန္းအိႁႏၵာဗို၊ ျဖဴျဖဴေက်ာ္ သိန္းႏွင့္ ခ်မ္းခ်မ္းတို႔က ပါဝင္ မည္ျဖစ္ၿပီး The Queens ဟုအမည္ေပးထားသည့္အတုိင္း လိုက္ဖက္သည့္  တင္ဆက္မႈမ်ား ျဖင့္ ပါ၀င္မည္ဟု ေမခလာက ေျပာသည္။

‘‘အဝတ္အစားကေတာ့ မိိန္း ကေလးေတြ ဘယ္လိုဝတ္မလဲဆုိ တာ ပရိသတ္ေတြ စိတ္ဝင္စား မယ္ထင္တယ္။ ဘယ္လိုဆိုမလဲ ဆုိတာလည္း ပရိသတ္ေတြက စိတ္ဝင္စားမယ္ထင္တယ္။ ဘာ ေၾကာင့္လဲဆုိေတာ့ ဒီလိုပြဲက တစ္ ခါမွ မႀကံဳဖူးဘူးေလ။ လြန္ခဲ့ေသာ တစ္ႏွစ္က လုပ္တဲ့ မိန္းကေလး ေလးေယာက္ပါတဲ့ Musical Show ကေတာ့ တစ္မ်ိဳးေပါ့။ အခု ကေတာ့ Orchesta နဲ႔ဆုိေတာ့ ပါေဖာမန္႔ေတာင္ လုပ္ရမယ္ မထင္ပါဘူး’’ဟု ေမခလာက ေျပာသည္။

ယင္းေဖ်ာ္ေျဖပြဲတြင္ တစ္ဦး ခ်င္းေဖ်ာ္ေျဖတင္ဆက္မႈမ်ားအ ပါအဝင္ ႏွစ္ေယာက္တြဲႏွင့္ ေလး ေယာက္တြဲ၍     ေဖ်ာ္ေျဖမႈမ်ား ပါဝင္မည္ျဖစ္ၿပီး   တစ္ဦးလွ်င္ သီခ်င္းဆယ္ပုဒ္ခန္႔ သီဆိုရမည္ ျဖစ္ေၾကာင္း ျဖဴျဖဴေက်ာ္သိန္းက ေျပာသည္။

‘‘Orchesta ဆုိၿပီးေတာ့ ပ်င္းစရာေကာင္းမလားမသိဘူး။ တီး လံုးေတြနဲ႔။ မိုႏိုႀကီးပဲျဖစ္သြား မလား။ တခ်ိဳ႕က ေၾကာက္ၾက တယ္။ လူငယ္ေတြက လာမၾကည့္ခ်င္ၾကဘူး။ ကေလးေတြကို Or-chesta နဲ႔ မစိမ္းေစခ်င္ဘူး။ Or-chesta ဆုိတာ ခံ့ညားတဲ့ Music တစ္ခုေတာ့ ဟုတ္ပါတယ္။ ဒါေပ မဲ့ လူငယ္ေတြနဲ႔လည္း အပ္စပ္ပါ တယ္’’ဟု ယင္းေဖ်ာ္ေျဖပြဲႏွင့္ပတ္ သက္၍ ခ်မ္းခ်မ္းက ေျပာသည္။

ယင္းေဖ်ာ္ေျဖပြဲတြင္ အမ်ိဳး သမီးအဆုိေတာ္မ်ားႏွင့္အတူ ယဥ္ေက်းမႈတကၠသိုလ္မွ ဂီတ ကဗ်ာ Orchesta အဖြဲ႕က ပါဝင္ မည္ျဖစ္သည္။

လက္မွတ္မ်ားကို က်ပ္တစ္ ေသာင္း၊ ႏွစ္ေသာင္း၊ သံုးေသာင္း၊ေလးေသာင္းႏွင့္ ငါးေသာင္းသတ္ မွတ္ထားၿပီး The Queens Page မွတစ္ဆင့္ Online Booking မွာယူ ႏုိင္သကဲ့သုိ႔ 09-964250991ႏွင့္ 09-263938348 ဖုန္းနံပါတ္မ်ားသို႔ ႀကိဳတင္လက္မွတ္မ်ား မွာယူႏုိင္ေၾကာင္း သတင္းရရွိ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
Orchesta တီးဝိုင်းနှင့် အတူဖျော်ဖြေမည့် နာမည်ကြီး အမျိုးသမီးအဆိုတော်လေးဦး၏ ပွဲကို   နိုဝင်ဘာ ၄  ရက်တွင် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ် မည်ဖြစ်ကြောင်း ယင်းဖျော်ဖြေပွဲ စီစဉ်သူတစ်ဦးဖြစ်သည့် ကိုသူရ အောင်က ပြောသည်။

‘‘The Queens ဆိုတဲ့အတိုင်းခေတ်တစ်ခေတ်မှာ အောင်မြင်ခဲ့ တဲ့ အမျိုးသမီးအဆိုတော်တွေကို ရွေးတယ်။ သူ့ခေတ်နဲ့သူလည်း အောင်မြင်ခဲ့တယ်။ ဒီနေ့ထက်ထိ လည်း အောင်မြင်နေတဲ့ အဆို တော်တွေကိုရွေးပြီး Orchesta နဲ့ ပုံစံမတူတဲ့ ပုံစံမျိုး။ သူတို့သီချင်း တွေ တီးလုံးပိုင်းတွေ စီစဉ်ခဲ့တာ ပါ’’ဟု ယင်းဖျော်ဖြေပွဲပြုလုပ်ခဲ့ သည့်အကြောင်းကို ၎င်းက ပြော သည်။

ယင်းဖျော်ဖြေပွဲတွင် မေခ လာ၊ ထွန်းအိန္ဒြာဗို၊ ဖြူဖြူကျော် သိန်းနှင့် ချမ်းချမ်းတို့က ပါဝင် မည်ဖြစ်ပြီး The Queens ဟုအမည်ပေးထားသည့်အတိုင်း လိုက်ဖက်သည့်  တင်ဆက်မှုများ ဖြင့် ပါဝင်မည်ဟု မေခလာက ပြောသည်။

‘‘အဝတ်အစားကတော့ မိန်း ကလေးတွေ ဘယ်လိုဝတ်မလဲဆို တာ ပရိသတ်တွေ စိတ်ဝင်စား မယ်ထင်တယ်။ ဘယ်လိုဆိုမလဲ ဆိုတာလည်း ပရိသတ်တွေက စိတ်ဝင်စားမယ်ထင်တယ်။ ဘာ ကြောင့်လဲဆိုတော့ ဒီလိုပွဲက တစ် ခါမှ မကြုံဖူးဘူးလေ။ လွန်ခဲ့သော တစ်နှစ်က လုပ်တဲ့ မိန်းကလေး လေးယောက်ပါတဲ့ Musical Show ကတော့ တစ်မျိုးပေါ့။ အခု ကတော့ Orchesta နဲ့ဆိုတော့ ပါဖောမန့်တောင် လုပ်ရမယ် မထင်ပါဘူး’’ဟု မေခလာက ပြောသည်။

ယင်းဖျော်ဖြေပွဲတွင် တစ်ဦး ချင်းဖျော်ဖြေတင်ဆက်မှုများအ ပါအဝင် နှစ်ယောက်တွဲနှင့် လေး ယောက်တွဲ၍     ဖျော်ဖြေမှုများ ပါဝင်မည်ဖြစ်ပြီး   တစ်ဦးလျှင် သီချင်းဆယ်ပုဒ်ခန့် သီဆိုရမည် ဖြစ်ကြောင်း ဖြူဖြူကျော်သိန်းက ပြောသည်။

‘‘Orchesta ဆိုပြီးတော့ ပျင်းစရာကောင်းမလားမသိဘူး။ တီး လုံးတွေနဲ့။ မိုနိုကြီးပဲဖြစ်သွား မလား။ တချို့က ကြောက်ကြ တယ်။ လူငယ်တွေက လာမကြည့်ချင်ကြဘူး။ ကလေးတွေကို Or-chesta နဲ့ မစိမ်းစေချင်ဘူး။ Or-chesta ဆိုတာ ခံ့ညားတဲ့ Music တစ်ခုတော့ ဟုတ်ပါတယ်။ ဒါပေ မဲ့ လူငယ်တွေနဲ့လည်း အပ်စပ်ပါ တယ်’’ဟု ယင်းဖျော်ဖြေပွဲနှင့်ပတ် သက်၍ ချမ်းချမ်းက ပြောသည်။

ယင်းဖျော်ဖြေပွဲတွင် အမျိုး သမီးအဆိုတော်များနှင့်အတူ ယဉ်ကျေးမှုတက္ကသိုလ်မှ ဂီတ ကဗျာ Orchesta အဖွဲ့က ပါဝင် မည်ဖြစ်သည်။

လက်မှတ်များကို ကျပ်တစ် သောင်း၊ နှစ်သောင်း၊ သုံးသောင်း၊လေးသောင်းနှင့် ငါးသောင်းသတ် မှတ်ထားပြီး The Queens Page မှတစ်ဆင့် Online Booking မှာယူ နိုင်သကဲ့သို့ 09-964250991နှင့် 09-263938348 ဖုန်းနံပါတ်များသို့ ကြိုတင်လက်မှတ်များ မှာယူနိုင်ကြောင်း သတင်းရရှိ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top