Property Expo
×

ရန္ကုန္တုိင္းေဒသႀကီးအတြင္းရွိ ဟိုတယ္၊ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား၊ ပ်ံ႕ႏွံ႔မႈ မ်ားျပားလာေသာ ႀကိဳက္တာယူ က်ပ္ ၅၀၀၀ ဆိုင္အခ်ဳိ႕တြင္ လုပ္ကိုင္ေနသည့္ တ႐ုတ္လူမ်ဳိး အပါအ၀င္ တရားမ၀င္ႏုိင္ငံျခားသား အလုပ္သမားမ်ားကို ၀င္ေရာက္စစ္ေဆးေတာ့မည္ျဖစ္ေၾကာင္း ပန္းဘဲတန္းၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းႏိုင္ဦးက ေအာက္တိုဘာ ၆ ရက္တြင္ျပဳလုပ္သည့္ ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္ အစည္းအေ၀းအၿပီးတြင္ ေျပာၾကားသည္။
အဆိုပါကိစၥအား သက္ဆုိင္ရာ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီတို႔ႏွင့္ ပူးေပါင္း၍ ၀င္ေရာက္စစ္ေဆးမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေဆာက္လုပ္ရန္စီစဥ္ဆဲ၊ ေဆာက္လုပ္ေနဆဲ၊ ေဆာက္လုပ္ၿပီး အဆင့္ျမင့္ အေဆာက္အအံုမ်ားႏွင့္ ဟိုတယ္မ်ားတြင္ ႏိုင္ငံျခားသား အလုပ္သမားမ်ားစြာ လာေရာက္လုပ္ကိုင္ေနၿပီး ရန္ကုန္ၿမိဳ႕ တြင္ မိႈလိုေပါက္လာသည့္ ႀကိဳက္တာယူ ၅၀၀၀ ဆိုသည့္ ဆိုင္အခ်ဳိ႕တြင္လည္း ႏိုင္ငံျခားသားမ်ား လာေရာက္ ေရာင္း၀ယ္ ေဖာက္ကားေနၿပီး အမ်ားအားျဖင့္ တ႐ုတ္လူမ်ဳိးမ်ား ျဖစ္ေၾကာင္း၊ သို႔ျဖစ္၍ ၎တုိ႔မွာ မည္သည့္ဗီဇာမ်ားႏွင့္ လာေရာက္လုပ္ကိုင္သနည္း၊ ၀င္ေငြခြန္ေဆာင္သလား၊ ၎တို႔အား ေအာက္တိုဘာ ၆ ရက္ တြင္ ျပဳလုပ္သည့္ ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္အစည္းအေ၀း၌ ပန္းဘဲတန္းၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းႏိုင္ဦးက ေမးျမန္းခဲ့သည္။

ယင္းသို႔ေမးျမန္းမႈႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီး ရခိုင္တိုင္းရင္းသားလူမ်ဳိးေရးရာႏွင့္ အလုပ္သမား၀န္ႀကီး ဦးေဇာ္ေအးေမာင္က “ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဥပေဒ၊ လုပ္ထံုးလုပ္နည္း၊ အမိန္႔၊ ညႊန္ၾကားခ်က္ လုပ္ထံုးလုပ္နည္း ရွိၿပီးသားပါ။ လူေတြ Mind set ပဲလိုတယ္။ ဒီဥပေဒနဲ႔အညီ ျပည္သူတုိင္းမွာ တာ၀န္ရွိပါတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ႀကီး ေျပာသလို ဒီလူဟာ တရားမ၀င္ ဗီဇာမရွိဘဲေနရင္ ျပည္သူမွာလည္း တာ၀န္ရွိတယ္။ ဒီလူကိုကုပ္ဆြဲၿပီး ရဲလက္ကိုအပ္ေပးရမယ္။ ရဲဖမ္းမွ မဟုတ္ဘူး။ သူတုိ႔ အေနနဲ႔ အခြန္ေဆာင္ကို ေဆာင္ရပါတယ္” ဟု ျပန္လည္ေျဖၾကားသည္။

ထုိသုိ႔ ၀န္ႀကီးဦးေဇာ္ေအးေမာင္က ရန္ကုန္တိုင္းလႊတ္ေတာ္တြင္ ေျဖၾကားခဲ့ျခင္းျဖစ္သျဖင့္ တရား၀င္သြားၿပီျဖစ္၍ ယင္းကိစၥ ျပည္သူမ်ားကို သတင္းေပးကာ သက္ဆိုင္ရာႏွင့္ ပူးေပါင္း၍ ၀င္ေရာက္ စစ္ေဆးမည္ျဖစ္ေၾကာင္း ဦးသန္းႏိုင္ဦးက လႊတ္ေတာ္အစည္းအေ၀းတြင္ ေျပာၾကားသည္။

“ဒီလိုျဖစ္ေနရင္ ကုပ္ဆြဲၿပီး ရဲစခန္းေခၚၿပီး သြားလုိ႔ရပါတယ္။ ျပည္သူေတြမွာ တာ၀န္ရွိပါတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ ဒီကိစၥ ျပည္သူေတြကို messsage ေပးမယ္။ ဒီလိုမ်ဳိး ဥပေဒခ်ဳိး ေဖာက္ၿပီး ကိုယ့္ႏိုင္ငံကို၀င္လာတဲ့ ႏိုင္ငံျခားသားေတြ၊ အလုပ္လုပ္ကိုင္ေနတဲ့သူေတြ၊ အခြန္မေဆာင္တဲ့သူေတြကို ကြၽန္ေတာ္တို႔အေနနဲ႔ ေခၚယူစစ္ေဆးခြင့္၊ ရဲစခန္းမွာ တရားစြဲပိုင္ခြင့္ရွိရင္ေတာ့ ကြၽန္ေတာ္တို႔ လုပ္ရေတာ့မွာေပါ့။ ဒီ ၅၀၀၀ တန္ ဆိုင္ေတြနဲ႔ပတ္သက္ၿပီး အုပ္ခ်ဳပ္ေရးကို အေၾကာင္းၾကားၿပီး ၀င္စစ္မယ္။ အစ္ကိုတို႔ ၿမိဳ႕နယ္လ၀ကကို ေမးၿပီးသြားၿပီ။ လ၀ကကေတာ့ Social Visa နဲ႔ လာတာလို႔ ေျပာတယ္။ ဒါဆိုရင္ ဆိုင္ဖြင့္လို႔မရဘူး။ Business Visa မွ ရမွာ။ ဖြင့္ရင္လည္း အခြန္ေဆာင္ရမယ္။ အခုက တိုင္းျပည္က အခြန္လည္းမရဘူး။ ဒီဆိုင္ေတြအမ်ားႀကီးပဲ။ က်ပ္ ၅၀၀၀ တန္ဆိုင္ေတြက မ်က္စိေရွ႕မွာ ေတြ႕ေနရတယ္” ဟု ဦးသန္းႏုိင္ဦးက ေျပာၾကားသည္။

ထုိ႔ျပင္ အဆိုပါ တရားမ၀င္ ႏုိင္ငံျခားသား အလုပ္သမားမ်ားသည္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ ေသာင္းဂဏန္းႏွင့္ခ်ီ၍ရွိေနၿပီး တ႐ုတ္ႏိုင္ငံသား အမ်ားဆံုးျဖစ္ကာ ဒုတိယအမ်ားဆံုးမွာ ဗီယက္နမ္ႏုိင္ငံသားမ်ားျဖစ္ေၾကာင္း ဦးသန္းႏိုင္ဦးက ေျပာၾကားသည္။

“ေဆာက္လုပ္ေရးနဲ႔ ပတ္သက္ရင္ ရန္ကင္းၿမိဳ႕နယ္က စက္မႈ (၁) ေနရာမွာ ေဆာက္လုပ္ထားၿပီးျဖစ္တဲ့ ဗီယက္နမ္ ဟိုတယ္လိုမ်ဳိး၊ ေရွာ့ပင္းေမာလို အေဆာက္အအံုေတြ၊ ျပည္လမ္းမွာရွိတဲ့ ေဆာက္လုပ္ဆဲဟိုတယ္ေတြ၊ ပန္းဘဲတန္းၿမိဳ႕နယ္ အတြင္းမွာရွိတဲ့ Junction City လို အေဆာက္အအံုေတြ၊ စမ္းေခ်ာင္းနဲ႔ ကမာရြတ္ၿမိဳ႕နယ္မွာရွိတဲ့ Time City လိုဟာ မ်ဳိးေတြ၊Sule Square လိုဟာမ်ဳိးေတြ၊ အဆင့္ျမင့္ အေဆာက္အအံုေတြအားလံုးမွာ ႏိုင္ငံျခားသား အလုပ္သမားေတြ လာေရာက္လုပ္ကိုင္တာ ေတြ႕ရပါတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံသားေတြထက္ လစာမ်ားစြာရၿပီး လုပ္ကိုင္ေနသူေတြဟာ ကြၽန္ေတာ္တို႔ႏိုင္ငံကို ဘယ္လိုဗီဇာေတြနဲ႔ ေရာက္လာလဲဆိုတာ သိဖို႔လိုပါတယ္။ Junction Square လိုေနရာမ်ဳိးမွာ ညဘက္ဆိုရင္ တ႐ုတ္ေတြအမ်ားႀကီးက လမ္းေဘးမွာ ဘီယာဘူးေတြနဲ႔။ သူတို႔မွာ ဘာအေထာက္အထားမွ မရွိဘူး။ သူတို႔သည္ အခြန္မေဆာင္ထားဘူးလုိ႔ သိရပါတယ္” ဟု ဦးသန္းႏုိင္ဦးက ဆက္လက္ေျပာၾကားသည္။

အဆိုပါ တရားမ၀င္ တ႐ုတ္အလုပ္သမားမ်ားသည္ လမ္းေဘးတြင္ ေရႊႀကိဳးေရာင္းသည့္ အဆင့္မ်ားပင္ လုပ္ေဆာင္ေနၾကၿပီး ၎တို႔ သည္ ေရႊလီနယ္စပ္မွ အဓိက၀င္ေရာက္ေနၾကျခင္းျဖစ္ေၾကာင္း ဦးသန္းႏိုင္ဦးက ဆက္လက္ ေျပာၾကားသည္။

“ဒါေတြက နယ္စပ္ကေန လာတာပါ။ သိသေလာက္ဆိုရင္ ေရႊလီဘက္ကလာတာ မ်ားပါတယ္။ မႏၲေလးမွာဆိုရင္ တ႐ုတ္ႏုိင္ငံသားေတြ အမ်ားႀကီးပဲ။ ဒါေတြကို စစ္ဖို႔လိုပါတယ္။ အေရးယူ ေဆာင္ရြက္ဖို႔လိုပါတယ္” ဟု ဦးသန္းႏုိင္ဦးက ေထာက္ျပသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ စက္မႈ၊ ဟိုတယ္ခရီး၊ ေဆာက္လုပ္ေရး၊ ဆက္သြယ္ေရး၊ အားကစား၊ စီးပြားကူးသန္းစသည့္ က႑မ်ားတြင္ လာေရာက္လုပ္ကိုင္သူ ႏိုင္ငံျခားသားအလုပ္သမား အမ်ားအျပားရွိေနၿပီး ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္တြင္ ၎အလုပ္သမား ၆၅၉၆ ဦးထံမွ အခြန္ေငြက်ပ္ ၆၁ ဒသမ ၂၉၈ ဘီလ်ံ ေကာက္ခံရရွိခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရခိုင္တိုင္းရင္းသား လူမ်ဳိးေရးရာႏွင့္ အလုပ္သမား၀န္ႀကီး ဦးေဇာ္ေအးေမာင္က ေျပာၾကားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day News

#Unicode Version
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ပျံ့နှံ့မှု များပြားလာသော ကြိုက်တာယူ ကျပ် ၅၀၀၀ ဆိုင်အချို့တွင် လုပ်ကိုင်နေသည့် တရုတ်လူမျိုး အပါအဝင် တရားမဝင်နိုင်ငံခြားသား အလုပ်သမားများကို ဝင်ရောက်စစ်ဆေးတော့မည်ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက အောက်တိုဘာ ၆ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးအပြီးတွင် ပြောကြားသည်။
အဆိုပါကိစ္စအား သက်ဆိုင်ရာ အုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့နှင့် ပူးပေါင်း၍ ဝင်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရန်စီစဉ်ဆဲ၊ ဆောက်လုပ်နေဆဲ၊ ဆောက်လုပ်ပြီး အဆင့်မြင့် အဆောက်အအုံများနှင့် ဟိုတယ်များတွင် နိုင်ငံခြားသား အလုပ်သမားများစွာ လာရောက်လုပ်ကိုင်နေပြီး ရန်ကုန်မြို့ တွင် မှိုလိုပေါက်လာသည့် ကြိုက်တာယူ ၅၀၀၀ ဆိုသည့် ဆိုင်အချို့တွင်လည်း နိုင်ငံခြားသားများ လာရောက် ရောင်းဝယ် ဖောက်ကားနေပြီး အများအားဖြင့် တရုတ်လူမျိုးများ ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၎င်းတို့မှာ မည်သည့်ဗီဇာများနှင့် လာရောက်လုပ်ကိုင်သနည်း၊ ဝင်ငွေခွန်ဆောင်သလား၊ ၎င်းတို့အား အောက်တိုဘာ ၆ ရက် တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက မေးမြန်းခဲ့သည်။

ယင်းသို့မေးမြန်းမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာနှင့် အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က “ကျွန်တော်တို့နိုင်ငံမှာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက် လုပ်ထုံးလုပ်နည်း ရှိပြီးသားပါ။ လူတွေ Mind set ပဲလိုတယ်။ ဒီဥပဒေနဲ့အညီ ပြည်သူတိုင်းမှာ တာဝန်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသလို ဒီလူဟာ တရားမဝင် ဗီဇာမရှိဘဲနေရင် ပြည်သူမှာလည်း တာဝန်ရှိတယ်။ ဒီလူကိုကုပ်ဆွဲပြီး ရဲလက်ကိုအပ်ပေးရမယ်။ ရဲဖမ်းမှ မဟုတ်ဘူး။ သူတို့ အနေနဲ့ အခွန်ဆောင်ကို ဆောင်ရပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

ထိုသို့ ဝန်ကြီးဦးဇော်အေးမောင်က ရန်ကုန်တိုင်းလွှတ်တော်တွင် ဖြေကြားခဲ့ခြင်းဖြစ်သဖြင့် တရားဝင်သွားပြီဖြစ်၍ ယင်းကိစ္စ ပြည်သူများကို သတင်းပေးကာ သက်ဆိုင်ရာနှင့် ပူးပေါင်း၍ ဝင်ရောက် စစ်ဆေးမည်ဖြစ်ကြောင်း ဦးသန်းနိုင်ဦးက လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

“ဒီလိုဖြစ်နေရင် ကုပ်ဆွဲပြီး ရဲစခန်းခေါ်ပြီး သွားလို့ရပါတယ်။ ပြည်သူတွေမှာ တာဝန်ရှိပါတယ်ဆိုတော့ ကျွန်တော်တို့ ဒီကိစ္စ ပြည်သူတွေကို messsage ပေးမယ်။ ဒီလိုမျိုး ဥပဒေချိုး ဖောက်ပြီး ကိုယ့်နိုင်ငံကိုဝင်လာတဲ့ နိုင်ငံခြားသားတွေ၊ အလုပ်လုပ်ကိုင်နေတဲ့သူတွေ၊ အခွန်မဆောင်တဲ့သူတွေကို ကျွန်တော်တို့အနေနဲ့ ခေါ်ယူစစ်ဆေးခွင့်၊ ရဲစခန်းမှာ တရားစွဲပိုင်ခွင့်ရှိရင်တော့ ကျွန်တော်တို့ လုပ်ရတော့မှာပေါ့။ ဒီ ၅၀၀၀ တန် ဆိုင်တွေနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးကို အကြောင်းကြားပြီး ဝင်စစ်မယ်။ အစ်ကိုတို့ မြို့နယ်လဝကကို မေးပြီးသွားပြီ။ လဝကကတော့ Social Visa နဲ့ လာတာလို့ ပြောတယ်။ ဒါဆိုရင် ဆိုင်ဖွင့်လို့မရဘူး။ Business Visa မှ ရမှာ။ ဖွင့်ရင်လည်း အခွန်ဆောင်ရမယ်။ အခုက တိုင်းပြည်က အခွန်လည်းမရဘူး။ ဒီဆိုင်တွေအများကြီးပဲ။ ကျပ် ၅၀၀၀ တန်ဆိုင်တွေက မျက်စိရှေ့မှာ တွေ့နေရတယ်” ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။

ထို့ပြင် အဆိုပါ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများသည် ဆောက်လုပ်ရေးလုပ်ငန်းများတွင် သောင်းဂဏန်းနှင့်ချီ၍ရှိနေပြီး တရုတ်နိုင်ငံသား အများဆုံးဖြစ်ကာ ဒုတိယအများဆုံးမှာ ဗီယက်နမ်နိုင်ငံသားများဖြစ်ကြောင်း ဦးသန်းနိုင်ဦးက ပြောကြားသည်။

“ဆောက်လုပ်ရေးနဲ့ ပတ်သက်ရင် ရန်ကင်းမြို့နယ်က စက်မှု (၁) နေရာမှာ ဆောက်လုပ်ထားပြီးဖြစ်တဲ့ ဗီယက်နမ် ဟိုတယ်လိုမျိုး၊ ရှော့ပင်းမောလို အဆောက်အအုံတွေ၊ ပြည်လမ်းမှာရှိတဲ့ ဆောက်လုပ်ဆဲဟိုတယ်တွေ၊ ပန်းဘဲတန်းမြို့နယ် အတွင်းမှာရှိတဲ့ Junction City လို အဆောက်အအုံတွေ၊ စမ်းချောင်းနဲ့ ကမာရွတ်မြို့နယ်မှာရှိတဲ့ Time City လိုဟာ မျိုးတွေ၊Sule Square လိုဟာမျိုးတွေ၊ အဆင့်မြင့် အဆောက်အအုံတွေအားလုံးမှာ နိုင်ငံခြားသား အလုပ်သမားတွေ လာရောက်လုပ်ကိုင်တာ တွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံသားတွေထက် လစာများစွာရပြီး လုပ်ကိုင်နေသူတွေဟာ ကျွန်တော်တို့နိုင်ငံကို ဘယ်လိုဗီဇာတွေနဲ့ ရောက်လာလဲဆိုတာ သိဖို့လိုပါတယ်။ Junction Square လိုနေရာမျိုးမှာ ညဘက်ဆိုရင် တရုတ်တွေအများကြီးက လမ်းဘေးမှာ ဘီယာဘူးတွေနဲ့။ သူတို့မှာ ဘာအထောက်အထားမှ မရှိဘူး။ သူတို့သည် အခွန်မဆောင်ထားဘူးလို့ သိရပါတယ်” ဟု ဦးသန်းနိုင်ဦးက ဆက်လက်ပြောကြားသည်။

အဆိုပါ တရားမဝင် တရုတ်အလုပ်သမားများသည် လမ်းဘေးတွင် ရွှေကြိုးရောင်းသည့် အဆင့်များပင် လုပ်ဆောင်နေကြပြီး ၎င်းတို့ သည် ရွှေလီနယ်စပ်မှ အဓိကဝင်ရောက်နေကြခြင်းဖြစ်ကြောင်း ဦးသန်းနိုင်ဦးက ဆက်လက် ပြောကြားသည်။

“ဒါတွေက နယ်စပ်ကနေ လာတာပါ။ သိသလောက်ဆိုရင် ရွှေလီဘက်ကလာတာ များပါတယ်။ မန္တလေးမှာဆိုရင် တရုတ်နိုင်ငံသားတွေ အများကြီးပဲ။ ဒါတွေကို စစ်ဖို့လိုပါတယ်။ အရေးယူ ဆောင်ရွက်ဖို့လိုပါတယ်” ဟု ဦးသန်းနိုင်ဦးက ထောက်ပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှု၊ ဟိုတယ်ခရီး၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ အားကစား၊ စီးပွားကူးသန်းစသည့် ကဏ္ဍများတွင် လာရောက်လုပ်ကိုင်သူ နိုင်ငံခြားသားအလုပ်သမား အများအပြားရှိနေပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၎င်းအလုပ်သမား ၆၅၉၆ ဦးထံမှ အခွန်ငွေကျပ် ၆၁ ဒသမ ၂၉၈ ဘီလျံ ကောက်ခံရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာနှင့် အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top