Kantharyar Centre
×

ေမာင္ေတာေျမာက္ပိုင္းမွာ ေပ်ာက္ဆံုးသြားတဲ့ သားကိုရွာေဖြေပးဖို႔ ျပည္နယ္၀န္ႀကီးခ်ဳပ္နဲ႔ အဖြဲ႔ကို မိခင္တဦးက ငိုေႂကြးေတာင္းဆိုခဲ့ပါတယ္။
ေမာင္ေတာၿမိဳ႕နယ္ထဲမွာ အၾကမ္းဖက္မႈေတြျဖစ္ခဲ့ၿပီး ႏွစ္ရက္အၾကာ ေအာက္တိုဘာ ၁၁ ရက္ေန႔မွာ ဖား၀ပ္ေခ်ာင္းရြာကေန ငခူရရြာကိုသြားတဲ့ ရြက္ညိဳေတာင္ရြာက ေမာင္ထြန္းလင္းေအး၊ ၁၈ ႏွစ္၊ ေမာင္၀င္းေမာင္သိန္း ၁၉ ႏွစ္နဲ႔ ငခူရရြာက ေမာင္သိန္းေအာင္ ၃၀ ႏွစ္တို႔ လူငယ္သံုးဦး လမ္းမွာေပ်ာက္ဆံုးေနၿပီး ရက္ေပါင္းႏွစ္ဆယ္ရွိတဲ့အထိ လံုး၀ အဆက္အသြယ္မရပဲျဖစ္ေနတာပါ။

ေအာက္တိုဘာ ၂၈ ရက္ေန႔ ရခိုင္ျပည္နယ္၀န္ႀကီးခ်ဳပ္ဦးညီပုႏွင့္အဖြဲ႕ ေမာင္ေတာ ေျမာက္ပိုင္းေက်းရြာေတြက ေဒသခံေတြကို
 ေတြ႔ဆံုအားေပးဖို႔ ရြက္ညိဳေတာင္ရြာကို ေရာက္တဲ့အခါ အဲ့ဒီရြာမွာေနတဲ့ ေဒၚသိန္းဟန္ႏုက ေပ်ာက္ဆံုးသြားတဲ့သူ႔သား ၀င္းေမာင္သိန္းကို ျပန္လည္ရွာေဖြေပးဖို႔ ငိုယုိေတာင္းဆိုခဲ့ပါတယ္။

ဒီဗြီဘီကို ေပးပို႔တဲ့ ဗြီဒီယိုမွာ မိခင္ျဖစ္သူက သားကိုျပန္ရွာေပးဖို႔ ငိုေႂကြးၿပီး ရွိခိုးေတာင္းဆိုေနသလို ျပည္နယ္၀န္ႀကီးအဖြဲ႕ေတြက ႏွစ္သိမ့္ေနၿပီး ကြပ္ကဲေရးမႉး ရဲမႉးခ်ဳပ္သူရစန္းလြင္ကလည္း လက္ေအာက္က ရဲအရာရွိေတြကို သူတို႔ေပ်ာက္ဆံုးခဲ့တဲ့ ျဖစ္စဥ္ကိုေမးျမန္းေနတာ ေတြ႔ရပါတယ္။

ေပ်ာက္ဆံုးသြားတဲ့ လူငယ္သံုးေယာက္ဟာ ငခူရရြာမွာ ေရႊပန္းထိမ္လုပ္ဖို႔ ေအာက္တိုဘာ ၁၁ ရက္ညေန ၄ နာရီေလာက္မွာ ဆိုင္ကယ္ႏွစ္စီးနဲ႔ သံုးေယာက္ထြက္ခြာသြားခ်ိန္မွာ အဆက္သြယ္မရေတာ့ပဲ ေပ်ာက္ဆံုးသြားၾကတာပါ။

နယ္ျခားေစာင့္ရဲတပ္ဖြဲ႕က စံုစမ္းရွာေဖြေပမယ့္လည္း သတင္းအစအန မရေသးဘူးလို႔ ေျပာၿပီး သူတို႔ေပ်ာက္ဆံုးသြားတာ က်ားေခါင္းေတာင္နဲ႔ ပြင့္ျဖဴေခ်ာင္းအၾကား ဘဂါၤလီရြာေတြမွာ ျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
မောင်တောမြောက်ပိုင်းမှာ ပျောက်ဆုံးသွားတဲ့ သားကိုရှာဖွေပေးဖို့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ အဖွဲ့ကို မိခင်တဦးက ငိုကြွေးတောင်းဆိုခဲ့ပါတယ်။
မောင်တောမြို့နယ်ထဲမှာ အကြမ်းဖက်မှုတွေဖြစ်ခဲ့ပြီး နှစ်ရက်အကြာ အောက်တိုဘာ ၁၁ ရက်နေ့မှာ ဖားဝပ်ချောင်းရွာကနေ ငခူရရွာကိုသွားတဲ့ ရွက်ညိုတောင်ရွာက မောင်ထွန်းလင်းအေး၊ ၁၈ နှစ်၊ မောင်ဝင်းမောင်သိန်း ၁၉ နှစ်နဲ့ ငခူရရွာက မောင်သိန်းအောင် ၃၀ နှစ်တို့ လူငယ်သုံးဦး လမ်းမှာပျောက်ဆုံးနေပြီး ရက်ပေါင်းနှစ်ဆယ်ရှိတဲ့အထိ လုံး၀ အဆက်အသွယ်မရပဲဖြစ်နေတာပါ။

အောက်တိုဘာ ၂၈ ရက်နေ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့်အဖွဲ့ မောင်တော မြောက်ပိုင်းကျေးရွာတွေက ဒေသခံတွေကို တွေ့ဆုံအားပေးဖို့ ရွက်ညိုတောင်ရွာကို ရောက်တဲ့အခါ အဲ့ဒီရွာမှာနေတဲ့ ဒေါ်သိန်းဟန်နုက ပျောက်ဆုံးသွားတဲ့သူ့သား ဝင်းမောင်သိန်းကို ပြန်လည်ရှာဖွေပေးဖို့ ငိုယိုတောင်းဆိုခဲ့ပါတယ်။

ဒီဗွီဘီကို ပေးပို့တဲ့ ဗွီဒီယိုမှာ မိခင်ဖြစ်သူက သားကိုပြန်ရှာပေးဖို့ ငိုကြွေးပြီး ရှိခိုးတောင်းဆိုနေသလို ပြည်နယ်ဝန်ကြီးအဖွဲ့တွေက နှစ်သိမ့်နေပြီး ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်ကလည်း လက်အောက်က ရဲအရာရှိတွေကို သူတို့ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကိုမေးမြန်းနေတာ တွေ့ရပါတယ်။

ပျောက်ဆုံးသွားတဲ့ လူငယ်သုံးယောက်ဟာ ငခူရရွာမှာ ရွှေပန်းထိမ်လုပ်ဖို့ အောက်တိုဘာ ၁၁ ရက်ညနေ ၄ နာရီလောက်မှာ ဆိုင်ကယ်နှစ်စီးနဲ့ သုံးယောက်ထွက်ခွာသွားချိန်မှာ အဆက်သွယ်မရတော့ပဲ ပျောက်ဆုံးသွားကြတာပါ။

နယ်ခြားစောင့်ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေပေမယ့်လည်း သတင်းအစအန မရသေးဘူးလို့ ပြောပြီး သူတို့ပျောက်ဆုံးသွားတာ ကျားခေါင်းတောင်နဲ့ ပွင့်ဖြူချောင်းအကြား ဘဂါၤလီရွာတွေမှာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top