Property Expo
×

             ထိုင္းဘုရင္ ႐ုပ္ကလာပ္ကို နန္းေတာ္ထဲက ျမဘုရား ေက်ာင္းေဆာင္ကို သယ္ေဆာင္ခဲ့

ထိုင္းဘုရင္ႀကီး ဘူမိေဘာ နတ္ရြာစံၿပီးေနာက္ ေတာ္ဝင္ မိသားစုရဲ့ ထိပ္တန္း အႀကံေပး တစ္ေယာက္ကို ထီးနန္း ထိန္းသိမ္းသူ အျဖစ္ ေရြးခ်ယ္လိုက္တယ္လို႔ ထိုင္း သတင္းေတြမွာ ေဖာ္ျပေနၾကပါတယ္။

ဘုရင္သစ္ နန္းမတက္မီ အေတာအတြင္း ထီးနန္း ထိန္းသိမ္းသူ အျဖစ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ျဖစ္ခဲ့ဖူးတဲ့ အသက္ ၉၆ ႏွစ္အရြယ္ ပရမ္ တင္ဆူလာႏြန္ဒါကို ေရြးခ်ယ္ ခန္႔အပ္လိုက္တယ္လို႔ သိရပါတယ္။

အိမ္ေရွ႕စံ မင္းသား မဟာ ဝပ္ခ်ီရာေလာင္ကြန္က အရိုက္အရာကို ဆက္ခံဖို႔ ျဖစ္ေပမယ့္ သူက သူ႔ခမည္းေတာ္ အတြက္ ဝမ္းနည္း ပူေဆြးေနရတဲ့အတြက္ နန္းတက္ဖို႔ ကိစၥကို ဆိုင္းငံ့ထားဖို႔ ေျပာခဲ့တာပါ။

အခုလို အိမ္  ေရွ႕စံ မင္းသားက နန္းတက္မယ့္အခ်ိန္ကို ဆိုင္းငံ့ဖို႔ ေျပာခဲ့တာဟာ ေမၽွာ္လင့္မထားတဲ့ ကိစၥ ျဖစ္ပါတယ္။

ဘုရင္ ဘူမိေဘာရဲ့ ႐ုပ္ကလာပ္ကို ဒီကေန႔ ေသာၾကာေန႔မွာ ေဆး႐ုံကေန နန္းေတာ္ဆီ ျပန္လည္ သယ္ေဆာင္ရာမွာ ေထာင္ေသာင္းခ်ီတဲ့ ဂါရဝျပဳသူေတြ ဘန္ေကာက္ၿမိဳ႕က လမ္းေတြေပၚမွာ ျပည့္ႏွက္ ေနခဲ့ပါတယ္။

ဒီကေန႔ ေသာၾကာေန႔ ညေနပိုင္းမွာ ဘုရင့္ ႐ုပ္ကလာပ္ကို အိမ္ေရွ႕မင္းသားက ေရသန္႔စင္ေပးမယ့္ အစီအစဥ္ကို အစဥ္အလာအတိုင္း ျပဳလုပ္မွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC Burmese

#Unicode Version
ထိုင်းဘုရင် ရုပ်ကလာပ်ကို နန်းတော်ထဲက မြဘုရား ကျောင်းဆောင်ကို သယ်ဆောင်ခဲ့။


ထိုင်းဘုရင်ကြီး ဘူမိဘော နတ်ရွာစံပြီးနောက် တော်ဝင် မိသားစုရဲ့ ထိပ်တန်း အကြံပေး တစ်ယောက်ကို ထီးနန်း ထိန်းသိမ်းသူ အဖြစ် ရွေးချယ်လိုက်တယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

ဘုရင်သစ် နန်းမတက်မီ အတောအတွင်း ထီးနန်း ထိန်းသိမ်းသူ အဖြစ် ဝန်ကြီးချုပ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ အသက် ၉၆ နှစ်အရွယ် ပရမ် တင်ဆူလာနွန်ဒါကို ရွေးချယ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

အိမ်ရှေ့စံ မင်းသား မဟာ ဝပ်ချီရာလောင်ကွန်က အရိုက်အရာကို ဆက်ခံဖို့ ဖြစ်ပေမယ့် သူက သူ့ခမည်းတော် အတွက် ဝမ်းနည်း ပူဆွေးနေရတဲ့အတွက် နန်းတက်ဖို့ ကိစ္စကို ဆိုင်းငံ့ထားဖို့ ပြောခဲ့တာပါ။

အခုလို အိမ်  ရှေ့စံ မင်းသားက နန်းတက်မယ့်အချိန်ကို ဆိုင်းငံ့ဖို့ ပြောခဲ့တာဟာ မျှော်လင့်မထားတဲ့ ကိစ္စ ဖြစ်ပါတယ်။

ဘုရင် ဘူမိဘောရဲ့ ရုပ်ကလာပ်ကို ဒီကနေ့ သောကြာနေ့မှာ ဆေးရုံကနေ နန်းတော်ဆီ ပြန်လည် သယ်ဆောင်ရာမှာ ထောင်သောင်းချီတဲ့ ဂါရဝပြုသူတွေ ဘန်ကောက်မြို့က လမ်းတွေပေါ်မှာ ပြည့်နှက် နေခဲ့ပါတယ်။

ဒီကနေ့ သောကြာနေ့ ညနေပိုင်းမှာ ဘုရင့် ရုပ်ကလာပ်ကို အိမ်ရှေ့မင်းသားက ရေသန့်စင်ပေးမယ့် အစီအစဉ်ကို အစဉ်အလာအတိုင်း ပြုလုပ်မှာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top