Property Expo
×

စစ္ကိုင္းတိုင္းေဒသၾကီး နႏၵ၀န္ နယ္ေျမ(၄) ရပ္ကြက္၊ သီရိမဂၤလာလမ္းမၾကီးေပၚတြင္ လိင္ေဖ်ာ္ေျဖရန္အတြက္ ေရာက္ေနသည္႔ ဘုန္းၾကီးေက်ာင္း အမည္တံဆိပ္ပါ ကားတစ္စီးအား ေအာက္တိုဘာ ၈ ရက္ည ၁၁ နာရီခြဲအခ်ိန္က မံုရြာနယ္ေျမရဲစခန္း လွည္႔ကင္းအဖြဲ႔မွ ေတြ႔ရွိရသျဖင္႔ ဖမ္းဆီးအေရးယူလိုက္ေၾကာင္း ၎ရဲစခန္း၏ မႈခင္းမွတ္တမ္းမ်ားတြင္ေဖာ္ျပထားသည္။
‘’ .. .. ကားက ယာဥ္လိုင္စင္နဲ႔ပတ္သက္ျပီး အေထာက္အထား တစံုတရာမွ ျပသနိုင္ျခင္းမရွိပါဘူး ..။ ဘုန္းၾကီးေက်ာင္းတံဆိပ္ တပ္ဆင္ထားျပီး ညအခ်ိန္မေတာ္မွာ ကားထဲမွာ ေကာင္မေလးတစ္ေယာက္နဲ႔ ေတြ႔ရွိခဲ႔တာပါ … “ ဟု မံုရြာနယ္ေျမရဲစခန္းမွဴး ရဲအုပ္ ရဲေအာင္က ေျပာသည္။



အဆိုပါကားသည္ ျပည္႔တန္ဆာလုပ္ငန္းမ်ား လုပ္ကိုင္၍ အသက္၀မ္းေမြးလုပ္ကိုင္ေနေၾကာင္း ရဲတပ္ဖြဲ႔မွ သတင္းရရွိထားသည္႔ေနရာတြင္ ေတြ႔ရွိခဲ႔ရျခင္းျဖစ္သည္ဟု လွည္႔ကင္းရဲအဖြဲ႔က ဆိုသည္။


ထို႔ေၾကာင္႔ ၎ယာဥ္အား မံုရြာနယ္ေျမရဲစခန္းက စစ္ေဆးေဆာင္ရြက္သည္႔အခါတြင္ ကားအတြင္းရွိ အိတ္တစ္လံုးအတြင္းမွ လိင္မႈဆိုင္ရာ အားတိုးေဆးျပားမ်ားေတြ႔ရွိခဲ႔ရျပီး လိင္ေဖ်ာ္ေျဖေရးအတြက္ ယင္းေနရာသို႔ ညအခ်ိန္မေတာ္ ေရာက္ရွိေနျခင္းျဖစ္သည္။ ထို႔ေၾကာင္႔ လွည္႔ကင္းရဲအဖြဲ႔က ဖမ္းဆီးအေရးယူခဲ႔ျခင္းျဖစ္သည္။

မံုရြာနယ္ေျမရဲစခန္းက အဆိုပါ ျဖစ္စဥ္ႏွင္႔ပတ္သက္၍ အမႈဖြင္႔အေရးယူရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရွိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin


#Unicode Version
စစ်ကိုင်းတိုင်းဒေသကြီး နန္ဒဝန် နယ်မြေ(၄) ရပ်ကွက်၊ သီရိမင်္ဂလာလမ်းမကြီးပေါ်တွင် လိင်ဖျော်ဖြေရန်အတွက် ရောက်နေသည့် ဘုန်းကြီးကျောင်း အမည်တံဆိပ်ပါ ကားတစ်စီးအား အောက်တိုဘာ ၈ ရက်ည ၁၁ နာရီခွဲအချိန်က မုံရွာနယ်မြေရဲစခန်း လှည့်ကင်းအဖွဲ့မှ တွေ့ရှိရသဖြင့် ဖမ်းဆီးအရေးယူလိုက်ကြောင်း ၎င်းရဲစခန်း၏ မှုခင်းမှတ်တမ်းများတွင်ဖော်ပြထားသည်။
‘’ .. .. ကားက ယာဉ်လိုင်စင်နဲ့ပတ်သက်ပြီး အထောက်အထား တစုံတရာမှ ပြသနိုင်ခြင်းမရှိပါဘူး ..။ ဘုန်းကြီးကျောင်းတံဆိပ် တပ်ဆင်ထားပြီး ညအချိန်မတော်မှာ ကားထဲမှာ ကောင်မလေးတစ်ယောက်နဲ့ တွေ့ရှိခဲ့တာပါ … “ ဟု မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်က ပြောသည်။


အဆိုပါကားသည် ပြည့်တန်ဆာလုပ်ငန်းများ လုပ်ကိုင်၍ အသက်ဝမ်းမွေးလုပ်ကိုင်နေကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိထားသည့်နေရာတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု လှည့်ကင်းရဲအဖွဲ့က ဆိုသည်။


ထို့ကြောင့် ၎င်းယာဉ်အား မုံရွာနယ်မြေရဲစခန်းက စစ်ဆေးဆောင်ရွက်သည့်အခါတွင် ကားအတွင်းရှိ အိတ်တစ်လုံးအတွင်းမှ လိင်မှုဆိုင်ရာ အားတိုးဆေးပြားများတွေ့ရှိခဲ့ရပြီး လိင်ဖျော်ဖြေရေးအတွက် ယင်းနေရာသို့ ညအချိန်မတော် ရောက်ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် လှည့်ကင်းရဲအဖွဲ့က ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။


မုံရွာနယ်မြေရဲစခန်းက အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။



 ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top