Property Expo
×

အခ်ိန္က ၁၉၉၀ ေက်ာ္ေလာက္အခ်ိန္က . . . ။ ေဆာင္းတြင္းဘက္လဲျဖစ္ ညဘက္လဲျဖစ္တာနဲ႔ သူလဲ ( သူဆုိတာ က်ေနာ္ေျပာတဲ့ မႈခင္းဓာတ္ပံုရုိက္တဲ့ က်ေနာ္.မိတ္ေဆြတစ္ေယာက္ ) ထံုးစံအတုိင္း လက္ဘက္ရည္ေလးေသာက္ ေဆးလိပ္ေလးဖြာလုိ႔ အိမ္ ေရွ႕ ဝရန္တာမွာ အန္မတန္ဇိမ္က်ေနတာေပါ႔ ။ ရာသီဥတုကေအးေပမယ္.ေလေလးကတျဖဴးျဖဴးဆုိေတာ့ ေရေႏြးၾကမ္းတစ္အုိးနဲ႔ ဟန္က်ပန္က်ျဖစ္ေနတုန္း ( .... ) ၿမိဳ႕နယ္ရဲစခန္းက ဖုန္းဝင္လာတယ္ ။

အေၾကာင္းအရာကေတာ့ သူ႔အလုပ္ေပၚလာတာ ။ သူ႔အလုပ္က မႈခင္းျဖစ္တဲ့ေနရာေတြမွာ ဓာတ္ပံုလုိက္ရုိက္ရတာ ။ ျဖစ္တာက မီးရထားလမ္းေပၚမွာ လူတစ္ေယာက္ ရထားတုိက္ခံထားရတယ္ဆုိတဲ့ ။ ဒီေတာ့ ကန္မရာေလးဆြဲ ထြက္ရေတာ့တာေပါ႔ ။ ဟုိေရာက္ေတာ့ ေတြ႕လုိက္ရတဲ့ ျမင္ကြင္းက သိပ္မဟန္ဘူး ။ ဘာလုိ႔ဆုိ လက္ေတြ ေခါင္းေတြ ေျခေထာက္ေတြက လုိက္ေကာက္ရမဲ့ပံုစံျဖစ္ေနၿပီ ။ လူေနအိမ္လည္းေဝးတဲ့ေနရာျဖစ္တာကတစ္ေၾကာင္း ... မႈခင္းဓာတ္ပံုဆရာဆုိတာမ်ဳိးကလဲ သူမ်ားမေရာက္ခင္ မစစ္ေဆးခင္မွာ အမႈျဖစ္ထားတဲ့ ပံုစံကုိ ဦးဆံုးရုိက္ယူရတဲ့တာဝန္ဆုိေတာ့ မ်က္ျမင္တစ္ေယာက္ရယ္ တာဝန္ရွိသူတစ္ေယာက္ရယ္ေပါ႔ ။ ဒါပဲေရာက္ေသးတယ္ ။

အဲဒါနဲ႔ သူလဲ အေလာင္းကုိ တစ္စစီဓာတ္ပံုလုိက္ရုိက္ရတာေပါ႔ ။ အဲဒီေဆာင္းညက အရမ္းေအးတယ္ ။ ဟုိးဘက္အေဝး ခပ္ျပျပေလာက္မွာေတာ့ ဘူတာရံုေလးက မီးမွိန္မွိန္နဲ႔ ငုတ္တုတ္ ။ ျမဴကလဲခပ္ဆုိင္းဆုိင္းနဲ႔ ညတစ္နာရီေလာက္ေတာ့ ရွိၿပီနဲ႔တူတယ္ ။ ခုနကေျပာတဲ့ မ်က္ျမင္သက္ေသ သတင္းေပးသူကုိေတာ့ ရဲတစ္ေယာက္လာၿပီး စစ္ခ်က္ေလးဘာေလးယူဖုိ႔ စခန္းကုိေခၚသြားေလရဲ႕ ။ က်န္ခဲ့တာ သူနဲ႔ မႈခင္းရဲတစ္ေယာက္ရယ္ေပါ႔ ။ သူ႔အလုပ္က လြယ္ေတာ့မလြယ္ဘူးရယ္ ။ အခ်ိန္ ေနရာ ေဒသမေရြး လုိက္ရတာ ။ မွားလုိ႔မျဖစ္ဘူး ။ ဒါနဲ႔ သူလဲ အာရံုစုိက္ၿပီး အေလာင္းရဲ႕ အပုိင္းအစေတြကုိ ဓာတ္ပံုတစ္ဖ်တ္ဖ်တ္နဲ႔ လုိက္ရုိက္ေနရတာေပါ႔ ။ ဟုိဘက္ရွာ ဒီဘက္ရွာနဲ႔ ေခါင္းကုိသြားရုိက္လုိက္ ခႏၶာကုိယ္ကုိသြားရုိက္လုိက္ ေျမျပင္အေနအထားကုိသြားရုိက္လုိက္ နဲ႔ ေဆးလိပ္ေလးဖြာလုိ႔ အလုပ္႐ႈပ္ေနတာ ။ အဲဒီအခ်ိန္မွာပဲ သူနဲ႔အတူရွိေနတဲ့ ရဲက ဘယ္ေပ်ာက္သြားတယ္မေျပာတက္ဘူး ။ အဲဒါနဲ႔ပဲ သူလဲ သူ႔အလုပ္ကုိဆက္လုပ္ရတာေပါ႔ ။

သူ႔မွာအက်င့္တစ္ခုရွိတယ္ ။ သူက အလုပ္လုပ္ရင္ပဲျဖစ္ျဖစ္ ... စာဖတ္ရင္ပဲ ျဖစ္ျဖစ္ ဥပမာ ထမင္းအုိးတည္တာကအစဆုိပါေတာ့ စိတ္တုိင္းမက်တာရွိရင္ အသံထြက္ ညည္းညဴတက္တဲ့ အက်င့္ ။ အဲမွာ ျဖစ္ပံုက သူရုိက္ေနတဲ့ အေလာင္းေကာင္ရဲ႕ လက္တစ္ဘက္က ရွာမရဘူးျဖစ္ေနတာ ။ သူလဲ ပထမေတာ့ စိတ္ရွည္ရွည္ရွာေသးတယ္ ။ ေနာက္ေတာ့ မေတြ႕တာနဲ႔ ဟုိးခပ္လွမ္းလွမ္းေတြသြား ျဖစ္ႏုိင္မယ္.ေနရာေတြကုိ ေလွ်ာက္ရွာရေတာ့တာေပါ႔ ။ ဒါေပမယ္. မေတြ႕ဘူး အဲဒီလက္က ။ ရထားသံလမ္းေပၚမယ္ဆုိေတာ့ ေအးကလဲေအး ေလေလးကလဲတုိက္ ဆုိေတာ့ သူလဲ ခပ္ေလးေလးပဲ ဓာတ္မီးေလးထုိးလုိ႔ ဟုိရွာဒီရွာ လုပ္ရင္း စိတ္ကလဲမရွည္တာနဲ႔ ထံုးစံအတုိင္း ညည္းေတာ့တာေပါ႔ ။ " ဒီလက္ကလဲကြာ ဘယ္ေခ်ာင္ေရာက္သြားပါလိမ့္ကြာ " ... "ေတာက္" စသျဖင့္ေပါ႔ တစ္ေယာက္ထဲေျပာဆုိေနေလရဲ႕ ။

အဲဒီအခ်ိန္မွာပဲ သူမေမွ်ာ္လင့္ထားတဲ့အျဖစ္အပ်က္ ....... သူ က်က္သီးေမႊးညင္းေတြတစ္ျဖန္းျဖန္းထကုန္ၿပီ ။ သူရဲ႕အလုပ္သက္တမ္းတစ္ေလွ်ာက္ ပထမဆံုးအႀကိမ္ အံ့ဩေၾကာက္ရံြ႕စရာအျဖစ္ႀကီး .... ။
" လက္က ဟုိမွာေလကြာ "
" ဒီေရေျမာင္းထဲမွာေလကြာ " တဲ့ ။
သူ႔ကုိျပေနတာက ဟုိးအေလာင္းနားက လက္တစ္ဘက္ ... ေျမာင္းေဘာင္ကုိတစ္ေျဖာင္းေျဖာင္းရုိက္ၿပီး လက္ညိဳးထုိးျပေနတာ ။
သူေတာ္ေတာ္ႀကီး တုန္လႈပ္သြားတယ္ ။ လက္ႀကီးပဲ ။ ေစာနက လက္ျပတ္ႀကီးတစ္ဘက္ထဲ ။ သူ႔တစ္ကုိယ္လံုး ေအးစက္ေတာင့္တင္းသြားတယ္ ။ ၿပီးေတာ့ သူခ်က္ခ်င္းေတြးတယ္ ။ ဒါ ေစာနက က်န္ခဲ့တဲ့ မႈခင္းရဲက သူ႔ကုိစတာျဖစ္မယ္ေပါ႔ ။ ဒါဆုိခုနက သူမသိတဲ့ အသံပုိင္ရွင္က ဘယ္သူလဲ ။ အသံကသူ႔အေနာက္ကလာတာ ။ ဒါနဲ႔ ေခါင္းနပန္းႀကီးၿပီး လွည့္ၾကည့္လုိက္ေတာ့ ... ။ ခုနက ရထားတုိက္ခံထားရတဲ့ ခႏၶာကုိယ္ႀကီးနဲ႔ ေခါင္းႀကီးက သူ႔အေနာက္ကေန ဒရြတ္ဆြဲႀကီးလုိက္လာတာ ။ ေျပာေနတာက အဲဒီေခါင္းႀကီးကေနေျပာေနတာ ။ သူ႔ကုိလဲၾကည့္လုိ႔ ။ ၿပီးေတာ့ ဆက္ေျပာေသးတယ္ ။ "ေဟ့ေကာင္ ဟုိမွာေလကြာ လက္ " ... " သြားယူေလကြာ " ဆုိၿပီး ပံုပ်က္ေနတဲ့ မ်က္ႏွာႀကီးကုိ ေမးေငါ႔ကာေငါ႔ကာနဲ႔ ေျမာင္းေဘးကလက္ကလဲ ေျမာင္းေဘာင္ေပၚမွာ တစ္ေျဖာင္းေျဖာင္းပုတ္ျပေနရဲ႕ ။ ဒါေပမယ္. သူ ေျပးလုိ႔မရေတာ့ဘူး ။ သူ႔ေျခေထာက္ေတြက လႈပ္လုိ႔မရေတာ့ဘူး ။ ေဆာင္းညရဲ႕ အေအးနဲ႔ သူ႔ရဲ႕ အေလာင္းေကာင္ေရွ႕ရင္ဆုိင္ေနရတဲ့အျဖစ္က သူ႔ကုိ ေအးစက္ ေတာင့္တင္းသြားေအာင္လုပ္လုိက္တာ ။ သူ သူ႔အေနာက္က အေလာင္းေကာင္ကုိ သူ ျပန္လွည့္ၾကည့္တယ္ ။ သူ႔ကုိ ဒရြတ္ဆြဲအတုိင္းႀကီးပဲ ၿဖီးၿဖီးႀကီးၾကည့္ၿပီး ေျမႀကီးေပၚကပဲ လဲေလွ်ာင္းႀကီးအတုိင္းကေန ထဖုိ႔ႀကိဳးစားေနတယ္ ။ အေလာင္းေကာင္ေရွ႕မွာ သူဘယ္လုိမွ ဆက္ေနလုိ႔ မရေတာ့ဘူးလုိ႔ သိလုိက္တဲ့အခ်ိန္မွာ သူ ရွိသမွ်အားေတြအကုန္စု ဝုန္းကနဲေျပးေတာ့တာေပါ႔ ။ ကန္မလဲက်က်န္ ။ ဒေရာေသာပါးေျပးလာတုန္း ရထားလမ္းေဘးဟုိမွာဘက္ ကားလမ္းေပၚက်မွ ဟုိသေကာင့္သားရဲကုိ သြားေတြ႕ေတာ့တာ ။ အူယားဖားယားေျပးလာတဲ့သူ႔ကုိ တအံ့တဩနဲ႔ ေဟ့လူဘာျဖစ္လာတာလဲ ဆီးတားၿပီးေမးေပမယ္. အဲဒီညက သူ ရဲစခန္းထိဘယ္လုိေရာက္သြားမွန္းမသိေအာင္ သုတ္ေခ်တင္ခဲ့တာ ။

အဲဒီအျဖစ္အပ်က္ေနာက္ပုိင္းမွာ သူ မႈခင္းဓာတ္ပံုဆရာအလုပ္ကုိ လံုးဝစြန္႔လႊတ္ပစ္လုိက္တယ္ ။ သူ႔ လုပ္ေဖာ္ကုိင္ဖတ္ေတြက ဘယ္လုိေျဖာင္းဖ်ေျဖာင္းဖ် သူလံုးဝျပန္မလုပ္ေတာ့ပဲနဲ႔ စုထား ေဆာင္းထားတာေလးေတြထုတ္လုိ႔ ႏုိင္းငံျခားကုိ အလုပ္လုပ္ဖုိ႔ထြက္လားၿပီး ေနာက္ ဟုိမွာပဲ အိမ္ေထာင္ေတြဘာေတြက်လုိ႔ အေျခတက်နီးပါးျဖစ္ေနၿပီ။ က်ေနာ္နဲ႔ ၿပီးခဲ့တဲ့ႏွစ္ေလာက္ကမွ စကားစပ္ျဖစ္ရင္းရဲ႕ က်ေနာ္က ဒီေပ့(ခ်)မွာ သရဲအေၾကာင္းေတြေရးတယ္ဆုိလုိ႔ သူ႔အေၾကာင္းကုိေျပာျပတာ။

ဒီအျဖစ္အပ်က္ကေတာ့ ကာယကံရွင္ က်ေနာ္.မိတ္ေဆြဦးေလးတစ္ေယာက္ေျပာျပတဲ့အတုိင္းကုိ က်ေနာ္ဖတ္ေကာင္းေအာင္ စာေလးစီလုိ႔ သူငယ္ခ်င္းတုိ႔ကုိျပန္ေျပာျပတာပါ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Casper

#Unicode Version
အချိန်က ၁၉၉၀ ကျော်လောက်အချိန်က . . . ။ ဆောင်းတွင်းဘက်လဲဖြစ် ညဘက်လဲဖြစ်တာနဲ့ သူလဲ ( သူဆိုတာ ကျနော်ပြောတဲ့ မှုခင်းဓာတ်ပုံရိုက်တဲ့ ကျနော်.မိတ်ဆွေတစ်ယောက် ) ထုံးစံအတိုင်း လက်ဘက်ရည်လေးသောက် ဆေးလိပ်လေးဖွာလို့ အိမ့်ရှေ့ ဝရန်တာမှာ အန်မတန်ဇိမ်ကျနေတာပေါ့ ။ ရာသီဥတုကအေးပေမယ်.လေလေးကတဖြူးဖြူးဆိုတော့ ရေနွေးကြမ်းတစ်အိုးနဲ့ ဟန်ကျပန်ကျဖြစ်နေတုန်း ( .... ) မြို့နယ်ရဲစခန်းက ဖုန်းဝင်လာတယ် ။

အကြောင်းအရာကတော့ သူ့အလုပ်ပေါ်လာတာ ။ သူ့အလုပ်က မှုခင်းဖြစ်တဲ့နေရာတွေမှာ ဓာတ်ပုံလိုက်ရိုက်ရတာ ။ ဖြစ်တာက မီးရထားလမ်းပေါ်မှာ လူတစ်ယောက် ရထားတိုက်ခံထားရတယ်ဆိုတဲ့ ။ ဒီတော့ ကန်မရာလေးဆွဲ ထွက်ရတော့တာပေါ့ ။ ဟိုရောက်တော့ တွေ့လိုက်ရတဲ့ မြင်ကွင်းက သိပ်မဟန်ဘူး ။ ဘာလို့ဆို လက်တွေ ခေါင်းတွေ ခြေထောက်တွေက လိုက်ကောက်ရမဲ့ပုံစံဖြစ်နေပြီ ။ လူနေအိမ်လည်းဝေးတဲ့နေရာဖြစ်တာကတစ်ကြောင်း ... မှုခင်းဓာတ်ပုံဆရာဆိုတာမျိုးကလဲ သူများမရောက်ခင် မစစ်ဆေးခင်မှာ အမှုဖြစ်ထားတဲ့ ပုံစံကို ဦးဆုံးရိုက်ယူရတဲ့တာဝန်ဆိုတော့ မျက်မြင်တစ်ယောက်ရယ် တာဝန်ရှိသူတစ်ယောက်ရယ်ပေါ့ ။ ဒါပဲရောက်သေးတယ် ။

အဲဒါနဲ့ သူလဲ အလောင်းကို တစ်စစီဓာတ်ပုံလိုက်ရိုက်ရတာပေါ့ ။ အဲဒီဆောင်းညက အရမ်းအေးတယ် ။ ဟိုးဘက်အဝေး ခပ်ပြပြလောက်မှာတော့ ဘူတာရုံလေးက မီးမှိန်မှိန်နဲ့ ငုတ်တုတ် ။ မြူကလဲခပ်ဆိုင်းဆိုင်းနဲ့ ညတစ်နာရီလောက်တော့ ရှိပြီနဲ့တူတယ် ။ ခုနကပြောတဲ့ မျက်မြင်သက်သေ သတင်းပေးသူကိုတော့ ရဲတစ်ယောက်လာပြီး စစ်ချက်လေးဘာလေးယူဖို့ စခန်းကိုခေါ်သွားလေရဲ့ ။ ကျန်ခဲ့တာ သူနဲ့ မှုခင်းရဲတစ်ယောက်ရယ်ပေါ့ ။ သူ့အလုပ်က လွယ်တော့မလွယ်ဘူးရယ် ။ အချိန် နေရာ ဒေသမရွေး လိုက်ရတာ ။ မှားလို့မဖြစ်ဘူး ။ ဒါနဲ့ သူလဲ အာရုံစိုက်ပြီး အလောင်းရဲ့ အပိုင်းအစတွေကို ဓာတ်ပုံတစ်ဖျတ်ဖျတ်နဲ့ လိုက်ရိုက်နေရတာပေါ့ ။ ဟိုဘက်ရှာ ဒီဘက်ရှာနဲ့ ခေါင်းကိုသွားရိုက်လိုက် ခန္ဓာကိုယ်ကိုသွားရိုက်လိုက် မြေပြင်အနေအထားကိုသွားရိုက်လိုက် နဲ့ ဆေးလိပ်လေးဖွာလို့ အလုပ်ရှုပ်နေတာ ။ အဲဒီအချိန်မှာပဲ သူနဲ့အတူရှိနေတဲ့ ရဲက ဘယ်ပျောက်သွားတယ်မပြောတက်ဘူး ။ အဲဒါနဲ့ပဲ သူလဲ သူ့အလုပ်ကိုဆက်လုပ်ရတာပေါ့ ။

သူ့မှာအကျင့်တစ်ခုရှိတယ် ။ သူက အလုပ်လုပ်ရင်ပဲဖြစ်ဖြစ် ... စာဖတ်ရင်ပဲ ဖြစ်ဖြစ် ဥပမာ ထမင်းအိုးတည်တာကအစဆိုပါတော့ စိတ်တိုင်းမကျတာရှိရင် အသံထွက် ညည်းညူတက်တဲ့ အကျင့် ။ အဲမှာ ဖြစ်ပုံက သူရိုက်နေတဲ့ အလောင်းကောင်ရဲ့ လက်တစ်ဘက်က ရှာမရဘူးဖြစ်နေတာ ။ သူလဲ ပထမတော့ စိတ်ရှည်ရှည်ရှာသေးတယ် ။ နောက်တော့ မတွေ့တာနဲ့ ဟိုးခပ်လှမ်းလှမ်းတွေသွား ဖြစ်နိုင်မယ်.နေရာတွေကို လျှောက်ရှာရတော့တာပေါ့ ။ ဒါပေမယ်. မတွေ့ဘူး အဲဒီလက်က ။ ရထားသံလမ်းပေါ်မယ်ဆိုတော့ အေးကလဲအေး လေလေးကလဲတိုက် ဆိုတော့ သူလဲ ခပ်လေးလေးပဲ ဓာတ်မီးလေးထိုးလို့ ဟိုရှာဒီရှာ လုပ်ရင်း စိတ်ကလဲမရှည်တာနဲ့ ထုံးစံအတိုင်း ညည်းတော့တာပေါ့ ။ " ဒီလက်ကလဲကွာ ဘယ်ချောင်ရောက်သွားပါလိမ့်ကွာ " ... "တောက်" စသဖြင့်ပေါ့ တစ်ယောက်ထဲပြောဆိုနေလေရဲ့ ။

အဲဒီအချိန်မှာပဲ သူမမျှော်လင့်ထားတဲ့အဖြစ်အပျက် ....... သူ ကျက်သီးမွှေးညင်းတွေတစ်ဖြန်းဖြန်းထကုန်ပြီ ။ သူရဲ့အလုပ်သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် အံ့ဩကြောက်ရွံ့စရာအဖြစ်ကြီး .... ။
" လက်က ဟိုမှာလေကွာ "
" ဒီရေမြောင်းထဲမှာလေကွာ " တဲ့ ။
သူ့ကိုပြနေတာက ဟိုးအလောင်းနားက လက်တစ်ဘက် ... မြောင်းဘောင်ကိုတစ်ဖြောင်းဖြောင်းရိုက်ပြီး လက်ညိုးထိုးပြနေတာ ။
သူတော်တော်ကြီး တုန်လှုပ်သွားတယ် ။ လက်ကြီးပဲ ။ စောနက လက်ပြတ်ကြီးတစ်ဘက်ထဲ ။ သူ့တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားတယ် ။ ပြီးတော့ သူချက်ချင်းတွေးတယ် ။ ဒါ စောနက ကျန်ခဲ့တဲ့ မှုခင်းရဲက သူ့ကိုစတာဖြစ်မယ်ပေါ့ ။ ဒါဆိုခုနက သူမသိတဲ့ အသံပိုင်ရှင်က ဘယ်သူလဲ ။ အသံကသူ့အနောက်ကလာတာ ။ ဒါနဲ့ ခေါင်းနပန်းကြီးပြီး လှည့်ကြည့်လိုက်တော့ ... ။ ခုနက ရထားတိုက်ခံထားရတဲ့ ခန္ဓာကိုယ်ကြီးနဲ့ ခေါင်းကြီးက သူ့အနောက်ကနေ ဒရွတ်ဆွဲကြီးလိုက်လာတာ ။ ပြောနေတာက အဲဒီခေါင်းကြီးကနေပြောနေတာ ။ သူ့ကိုလဲကြည့်လို့ ။ ပြီးတော့ ဆက်ပြောသေးတယ် ။ "ဟေ့ကောင် ဟိုမှာလေကွာ လက် " ... " သွားယူလေကွာ " ဆိုပြီး ပုံပျက်နေတဲ့ မျက်နှာကြီးကို မေးငေါ့ကာငေါ့ကာနဲ့ မြောင်းဘေးကလက်ကလဲ မြောင်းဘောင်ပေါ်မှာ တစ်ဖြောင်းဖြောင်းပုတ်ပြနေရဲ့ ။ ဒါပေမယ်. သူ ပြေးလို့မရတော့ဘူး ။ သူ့ခြေထောက်တွေက လှုပ်လို့မရတော့ဘူး ။ ဆောင်းညရဲ့ အအေးနဲ့ သူ့ရဲ့ အလောင်းကောင်ရှေ့ရင်ဆိုင်နေရတဲ့အဖြစ်က သူ့ကို အေးစက် တောင့်တင်းသွားအောင်လုပ်လိုက်တာ ။ သူ သူ့အနောက်က အလောင်းကောင်ကို သူ ပြန်လှည့်ကြည့်တယ် ။ သူ့ကို ဒရွတ်ဆွဲအတိုင်းကြီးပဲ ဖြီးဖြီးကြီးကြည့်ပြီး မြေကြီးပေါ်ကပဲ လဲလျှောင်းကြီးအတိုင်းကနေ ထဖို့ကြိုးစားနေတယ် ။ အလောင်းကောင်ရှေ့မှာ သူဘယ်လိုမှ ဆက်နေလို့ မရတော့ဘူးလို့ သိလိုက်တဲ့အချိန်မှာ သူ ရှိသမျှအားတွေအကုန်စု ဝုန်းကနဲပြေးတော့တာပေါ့ ။ ကန်မလဲကျကျန် ။ ဒရောသောပါးပြေးလာတုန်း ရထားလမ်းဘေးဟိုမှာဘက် ကားလမ်းပေါ်ကျမှ ဟိုသကောင့်သားရဲကို သွားတွေ့တော့တာ ။ အူယားဖားယားပြေးလာတဲ့သူ့ကို တအံ့တဩနဲ့ ဟေ့လူဘာဖြစ်လာတာလဲ ဆီးတားပြီးမေးပေမယ်. အဲဒီညက သူ ရဲစခန်းထိဘယ်လိုရောက်သွားမှန်းမသိအောင် သုတ်ချေတင်ခဲ့တာ ။

အဲဒီအဖြစ်အပျက်နောက်ပိုင်းမှာ သူ မှုခင်းဓာတ်ပုံဆရာအလုပ်ကို လုံးဝစွန့်လွှတ်ပစ်လိုက်တယ် ။ သူ့ လုပ်ဖော်ကိုင်ဖတ်တွေက ဘယ်လိုဖြောင်းဖျဖြောင်းဖျ သူလုံးဝပြန်မလုပ်တော့ပဲနဲ့ စုထား ဆောင်းထားတာလေးတွေထုတ်လို့ နိုင်းငံခြားကို အလုပ်လုပ်ဖို့ထွက်လားပြီး နောက် ဟိုမှာပဲ အိမ်ထောင်တွေဘာတွေကျလို့ အခြေတကျနီးပါးဖြစ်နေပြီ။ ကျနော်နဲ့ ပြီးခဲ့တဲ့နှစ်လောက်ကမှ စကားစပ်ဖြစ်ရင်းရဲ့ ကျနော်က ဒီပေ့(ချ)မှာ သရဲအကြောင်းတွေရေးတယ်ဆိုလို့ သူ့အကြောင်းကိုပြောပြတာ။

ဒီအဖြစ်အပျက်ကတော့ ကာယကံရှင် ကျနော်.မိတ်ဆွေဦးလေးတစ်ယောက်ပြောပြတဲ့အတိုင်းကို ကျနော်ဖတ်ကောင်းအောင် စာလေးစီလို့ သူငယ်ချင်းတို့ကိုပြန်ပြောပြတာပါ ။

ဖိုးသူတော် (www.phothutaw.com)
Credit: Casper 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top