Kantharyar Centre
×

ေယာက်္ားေလးေတြဟာ မိန္းကေလးေတြ ဘာလိုအပ္တယ္ဆိုတာကို သူတို႔ကိုယ္ပိုင္အျမင္၊ သူတို႔ကိုယ္ပိုင္ အေတြးနဲ႔ ဆံုးျဖတ္ၾကတဲ့အခါ မွန္တဲ့အခါလည္းရိွသလို မွားတဲ့အခါေတြလည္း ရိွနိုင္ပါတယ္။ တကယ္ေတာ့ ကြ်န္မတို႔ မိန္းကေလးေတြ အမွန္တကယ္လိုအပ္တာေတြကို ကြ်န္မတို႔ခ်စ္သူ ေကာင္ေလးေတြကို သိေစခ်င္ပါ တယ္။ ေျပာျပမယ္ေနာ္ …

စိတ္အာရံုဝင္စားမႈ
ကြ်န္မတို႔ မိန္းကေလးေတြဟာ ကိုယ့္ခ်စ္သူေကာင္ေလးေတြ ဆီကေနၾကင္နာတတ္တဲ့ အၾကည့္ေလးေတြ ခဏခဏ လိုခ်င္ပါတယ္။ ျပီးေတာ့ ကြ်န္မတို႔ကို တျခားေကာင္ေလးေတြ ေငးၾကည့္ေနရင္ သူခ်စ္သူရဲ႕ မနာလို ဝန္တို ျဖစ္သြားတတ္တဲ့ မ်က္ႏွာကေလး ကို အရမ္းျမင္ခ်င္ပါတယ္ရွင္။

ကိုယ္ရည္ကိုယ္ေသြး
ကြ်န္မတို႔ ေယာက္်ားေလးေတြကို သိေစခ်င္တာရိွေသးတယ္။ ကြ်န္မတို႔ ေယာက္်ားေလးခ်စ္သူ အေၾကာင္း မိန္းကေလးခ်င္းေျပာၾကတဲ့အခါမွာ ရုပ္ရည္၊ ခႏၶာကိုယ္အလွကို အမ်ားအားျဖင့္ ေျပာျဖစ္ၾကပါတယ္။ ဒါေပမဲ့ ကြ်န္မတို႔ရဲ႕ ဘဝတစ္ခုလံုးကို ပံုအပ္ဖုိ႔က သူ႔ရဲ႕ ဉာဏ္ရည္ဉာဏ္ေသြး၊ စဥ္းစားေတြး ေခၚနိုင္စြမ္း၊ ရဲဝံ့ ျပတ္သားစြာ ဆံုးျဖတ္နိုင္စြမ္းေတြကို စစ္ေဆးေလ့လာျပီးမွ ေရြးခ်ယ္ၾကတာပါ။

သန္႔စင္ခန္းသြားတဲ့အခါ
ရွင္တို့သတိထားမိမလားမသိဘူး။ မိတ္ဆက္ပဲြေတြမွာ ကြ်န္မတုိ႔ သူငယ္ခ်င္းေတြစံုျပီး သန္႔စင္ခန္း သြားတဲ့အခါ (၂-၃)ေယာက္စုသြားတတ္တာကိုေလ။ တစ္ေယာက္တည္းသြားရင္ မလံုျခံဳဘူး လို႔မ်ားထင္လား။ မဟုတ္ပါ။ ရွင္ တို႔အတြက္ ၾကည့္ေကာင္းေအာင္ အလွဝင္ျပင္တယ္မ်ားထင္ေနလား။ လံုးဝပါပဲ။ ဒါ ကြ်န္မတို႔မိန္းကေလးေတြ လြတ္လပ္စြာ ေခတၱခဏ အတင္းေျပာၾကတဲ့အခိ်န္ေလးပဲေလ။ ရွင့္အေၾကာင္းေပါ့။

အိပ္မက္ကို မဖ်က္ဆီးပါနဲ့
ကြ်န္မတို႔မိန္းကေလးအမ်ားစု ေမွ်ာ္လင့္တဲ့အိပ္မက္ကေလးတစ္ခု ရိွတယ္။ အဲဒါ ကိုယ့္ခ်စ္သူနဲ႔ ဘဝ တစ္ခု ထူေထာင္ျပီးရင္ တစ္ခိ်န္ခိ်န္မွာ ခ်စ္စရာေကာင္းတဲ့ ရင္ေသြးေလးေတြေမြးဖို့ေပါ့။ အဲဒါေၾကာင့္ ကေလးယူဖို႔ ေျပာတဲ့အခါ စိတ္႐ႈပ္ သြားတဲ့ အျပဳအမူေတြ၊ အေျပာအဆိုေတြ မလုပ္ျပပါနဲ႔ေနာ္။

ျပေစခ်င္တယ္
ရွင္တို႔သူငယ္ခ်င္းေတြနဲ႔ခ်ိန္းတဲ့အခါ ကြ်န္မတို႔လိုက္ခ်င္တယ္ဆိုတာ အခိ်န္ေပါမ်ားေနလို႔၊ အားလပ္ေနတယ္ လို႔ေတာ့မထင္လိုက္ပါနဲ႔။ ရွင္ဘယ္လိုလူမိ်ဳးေတြနဲ႔ ေပါင္းသင္းေနတယ္ဆိုတာသိခ်င္႐ံုသက္သက္ပါ။

ႀကိဳတင္အသိေပးပါ
ကြ်န္မတို႔မိန္းကေလးေတြဟာ ကိုရီးယားကားေတြထဲကလို ခ်စ္သူေကာင္ေလးက အိမ္ ေရွ႕၊ ျခံ ေရွ႕ကို ရုတ္တရက္ေရာက္လာျပီး လာေခၚတဲ့အခါ အဲဒီလိုအံ့အားသင့္မႈမ်ိဳးကို နွစ္သက္ၾကတယ္ေလ။ ဒါေပမဲ့ ၾကိဳတင္ျပီး သတိေပးခ်င္တာက အၿမဲတမ္းေတာ့ မလုပ္ပါနဲ႔။ ကြ်န္မတုိ႔က ကိုရီးယားမင္းသမီးေတြလို အခိ်န္တိုင္း လွပေနနိုင္တာမွ မဟုတ္တာ။ ျပင္ဆင္ခိ်န္ေလး နည္းနည္းေတာ့ေပးပါဦး။

ခ်စ္စရာေကာင္းတဲ့ နာမည္ေလးေတြ
ကြ်န္မတို႔လည္း ရွင္တို႔လိုပါ ပဲ။ ”ကို” တို႔ ”ေမာင္” တို႔ေခၚရင္ ရွင္တို႔ႀကိဳက္သလို ကြ်န္မတို႔နာမည္ေလးေတြကို ခ်စ္စႏိုးနဲ႔ အဖ်ားဆြတ္ေခၚတာမိ်ဳးေလးေတြ ကို ႀကိဳက္ပါတယ္ရွင္။ ”ပူတူတူးေလး” တို႔ ”မီးမီး” တို့ ကေလးေတြ ကိုေခၚတဲ့ နာမည္ေတြေတာ့ မဟုတ္ဘူးေပါ့။

ရွင္ထင္တာလဲြေနျပီ
ရွင္တို႔ကေတာ့ ကိုယ့္အေတြး နဲ႔ကိုယ္ေပါ့။ ေခြ်းသံတရဲႊရဲႊ၊ ေခြ်းနံ႔သင္းသင္း၊ ဗလေတာင့္ေတာင့္၊ မုတ္ဆိတ္ေမြး ပါးသိုင္းေမြးေရးေရး၊ ဆီေျပာင္ေျပာင္မ်က္နွာျပင္က မိန္းကေလးတစ္ေယာက္ကို ဆဲြေဆာင္နိုင္တယ္ဆိုတာ မွားပါတယ္ရွင္။ ကြ်န္မတို႔ေမွ်ာ္လင့္တာက သပ္ရပ္သန္႔ရွွင္းျပီး ေယာက္်ား ပီသတဲ့ဆပ္ျပာနံ႔၊ ေရေမြးရနံ႔ နဲ႔ ေယာက်ာ္းေလးေတြကိုပါ။

မင္းကိုကိုယ္ခ်စ္တယ္
ရွင့္အတြက္ေတာ့ ”ခ်စ္တယ္”ဆိုတာ စကားေလး (၂) လံုးတည္းေပါ့။ ၾကားရတဲ့ ကြ်န္မ တို႔အတြက္ကေတာ့ အမ်ားႀကီး အဓိပၸာယ္သက္ေရာက္ပါတယ္။ အဲ ဒါေၾကာင့္ ထမင္းစား၊ ေရေသာက္၊ မုန္႔စားသလို အလကား ေနရင္းမေျပာပါနဲ႔။ ကြ်န္မတို႔ကိုေျပာတဲ့ အခါ Romantic ဆန္ဆန္ေလး ေျပာေစခ်င္တာေပါ့။

ေက်းဇူးတင္ပါတယ္
ရွင္တို႔ပိုက္ဆံတတ္ႏိုင္လို႔ေကြ်းေမြးတာ၊ ေလွ်ာက္လည္ပတ္တာေတြကို ကြ်န္မတို႔ေပ်ာ္ရႊင္ရပါတယ္။ ဒါေပမဲ့ အဲဒီပိုက္ဆံနဲ႔ မိန္းကေလးတစ္ေယာက္ရဲ႕ဘဝကို သိမ္းပိုက္နိုင္မယ္လို႔ေတာ့ မေမွ်ာ္လင့္လိုက္နဲ႔။

တိတ္တခိုးငိုမိပါတယ္
ရွင္တို႔လိုပဲ ကြ်န္မတို႔လည္း မ်က္ရည္ကို ထိန္းခ်ဳပ္နိုင္ပါတယ္။ အားေပးနွစ္သိမ့္မႈ၊ ေႏြးေထြးၾကင္နာမႈ၊ နားလည္စာနာေပးမႈ လိုအပ္လာရင္ေတာ့ ရွင္တို႔ေရွ႕မွာ ကြ်န္မတို႔ ငိုမိတာေပါ့။ ဒါေပမဲ့ ရွင္မသိ ခဲ့တဲ့ ကြ်န္မတို႔ နွစ္ေယာက္ရဲ့ အထူး အခိ်န္အခါေလးေတြအတြက္ ကြ်န္မတို႔ ငိုေႂကြးခဲ့ရဖူးပါတယ္။
ငိုေႂကြးေနရဆဲပါ။

မိ်ဳသိပ္ထားရပါတယ္
ေယာက္်ားေလး (၂)မိ်ဳးပဲရိွတယ္။ တစ္မ်ဳိးက မိန္းကေလးဘက္ကစျပီး လိင္မႈကိစၥေျပာတဲ့အခါ အားတက္ သေရာျပန္ေျပာတတ္တဲ့လူ။ ေနာက္တစ္မ်ဳိးက မ်က္နွာႀကီးနီျမန္းသြားျပီး ရွက္သြားတဲ့လူ။ ရွင္တို႔ ဘာႀကိဳက္ တယ္ဆိုတာသိခ်င္ပါတယ္။ ကြ်န္မတို႔ မိန္းကေလးေတြ ဘယ္လိုႀကိဳက္တယ္ဆိုတာလည္း ေျပာျပခ်င္ပါတယ္။

နားလည္ေပးေစခ်င္ပါတယ္
ကြ်န္မတို့မိန္းကေလးသူငယ္ ခ်င္းအခ်င္းခ်င္း မစမႈေၾကာင့္ ခပ္ေခ်ာေခ်ာ၊ ခပ္မိုက္မိုက္ ေကာင္ေလးေတြနဲ႔ Date လုပ္မိတဲ့အခါေတြရိွပါတယ္။ ရွင္တို႔အေပၚ သစၥာမဲ့တယ္လို႔ေတာ့ မထင္ပါနဲ႔။ ကြ်န္မတို႔လည္းလူပဲ။ ေပ်ာ္ခ်င္ တဲ့အခိ်န္ေလးေတြရိွပါတယ္။ ကြ်န္မတို႔ ကိုယ့္ကိုယ္ကိုယ္ ထိန္းသိမ္းတတ္ပါတယ္။

တစ္ခါတေလေတာ့လည္း
တစ္ခါတေလ ရွင္တို႔လိုပဲ ကြ်န္မတို႔လည္း စိတ္ညစ္ရတဲ့အခိ်န္ေတြရိွတာေပါ့။ အဲဒါကို ရွင္တို႔ေမးျမန္းႏုိင္ပါတယ္။ ဒါေပမဲ့ ကြ်န္မတို႔ေျပာလာတဲ့အခါမွာေတာ့ ရွင္တို႔ရဲ႕ အၾကံဉာဏ္ေတြအစား တိတ္တဆိတ္နားေထာင္ေပးတာကို ပိုလိုလားေတာင့္တပါတယ္။

တိုက္ရိုက္မေျပာပါ
ရွင္ပါးနပ္ဖို႔ေတာ့ လိုလိမ့္မယ္။ ကြ်န္မတို႔က လိုခ်င္တာေလးေတြ၊ သြားခ်င္တဲ့ေနရာေလးေတြရိွရင္ တိုက္ရိုက္ႀကီး မေတာင္းဆိုတတ္ပါဘူး။ သဲလြန္စေလးေတြပဲ ေပးတတ္ပါတယ္။ ရွင္တို႔လုပ္ရမွာက ကြ်န္မတို႔ေျပာတဲ့ သဲလြန္စေလးေတြကို ေသခ်ာပံုေဖာ္ဖို႔ပါပဲ။

အတူတူပါပဲ
ကြ်န္မ ေနာက္ဆံုးသိေစခ်င္တာကေတာ့ ရွင္တို႔ခ်စ္သလို ကြ်န္မတို႔လည္း ရွင့္တို႔ကို ခ်စ္ပါတယ္၊ ျမတ္နိုးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Shape Entertainment Journal

#Unicode Version
ယောကျ်ားလေးတွေဟာ မိန်းကလေးတွေ ဘာလိုအပ်တယ်ဆိုတာကို သူတို့ကိုယ်ပိုင်အမြင်၊ သူတို့ကိုယ်ပိုင် အတွေးနဲ့ ဆုံးဖြတ်ကြတဲ့အခါ မှန်တဲ့အခါလည်းရှိသလို မှားတဲ့အခါတွေလည်း ရှိနိုင်ပါတယ်။ တကယ်တော့ ကျွန်မတို့ မိန်းကလေးတွေ အမှန်တကယ်လိုအပ်တာတွေကို ကျွန်မတို့ချစ်သူ ကောင်လေးတွေကို သိစေချင်ပါ တယ်။ ပြောပြမယ်နော် …

စိတ်အာရုံဝင်စားမှု
ကျွန်မတို့ မိန်းကလေးတွေဟာ ကိုယ့်ချစ်သူကောင်လေးတွေ ဆီကနေကြင်နာတတ်တဲ့ အကြည့်လေးတွေ ခဏခဏ လိုချင်ပါတယ်။ ပြီးတော့ ကျွန်မတို့ကို တခြားကောင်လေးတွေ ငေးကြည့်နေရင် သူချစ်သူရဲ့ မနာလို ဝန်တို ဖြစ်သွားတတ်တဲ့ မျက်နှာကလေး ကို အရမ်းမြင်ချင်ပါတယ်ရှင်။

ကိုယ်ရည်ကိုယ်သွေး
ကျွန်မတို့ ယောက်ျားလေးတွေကို သိစေချင်တာရှိသေးတယ်။ ကျွန်မတို့ ယောက်ျားလေးချစ်သူ အကြောင်း မိန်းကလေးချင်းပြောကြတဲ့အခါမှာ ရုပ်ရည်၊ ခန္ဓာကိုယ်အလှကို အများအားဖြင့် ပြောဖြစ်ကြပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဘဝတစ်ခုလုံးကို ပုံအပ်ဖို့က သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ စဉ်းစားတွေး ခေါ်နိုင်စွမ်း၊ ရဲဝံ့ ပြတ်သားစွာ ဆုံးဖြတ်နိုင်စွမ်းတွေကို စစ်ဆေးလေ့လာပြီးမှ ရွေးချယ်ကြတာပါ။

သန့်စင်ခန်းသွားတဲ့အခါ
ရှင်တို့သတိထားမိမလားမသိဘူး။ မိတ်ဆက်ပွဲတွေမှာ ကျွန်မတို့ သူငယ်ချင်းတွေစုံပြီး သန့်စင်ခန်း သွားတဲ့အခါ (၂-၃)ယောက်စုသွားတတ်တာကိုလေ။ တစ်ယောက်တည်းသွားရင် မလုံခြုံဘူး လို့များထင်လား။ မဟုတ်ပါ။ ရှင် တို့အတွက် ကြည့်ကောင်းအောင် အလှဝင်ပြင်တယ်များထင်နေလား။ လုံးဝပါပဲ။ ဒါ ကျွန်မတို့မိန်းကလေးတွေ လွတ်လပ်စွာ ခေတ္တခဏ အတင်းပြောကြတဲ့အချိန်လေးပဲလေ။ ရှင့်အကြောင်းပေါ့။

အိပ်မက်ကို မဖျက်ဆီးပါနဲ့
ကျွန်မတို့မိန်းကလေးအများစု မျှော်လင့်တဲ့အိပ်မက်ကလေးတစ်ခု ရှိတယ်။ အဲဒါ ကိုယ့်ချစ်သူနဲ့ ဘဝ တစ်ခု ထူထောင်ပြီးရင် တစ်ချိန်ချိန်မှာ ချစ်စရာကောင်းတဲ့ ရင်သွေးလေးတွေမွေးဖို့ပေါ့။ အဲဒါကြောင့် ကလေးယူဖို့ ပြောတဲ့အခါ စိတ်ရှုပ် သွားတဲ့ အပြုအမူတွေ၊ အပြောအဆိုတွေ မလုပ်ပြပါနဲ့နော်။

ပြစေချင်တယ်
ရှင်တို့သူငယ်ချင်းတွေနဲ့ချိန်းတဲ့အခါ ကျွန်မတို့လိုက်ချင်တယ်ဆိုတာ အချိန်ပေါများနေလို့၊ အားလပ်နေတယ် လို့တော့မထင်လိုက်ပါနဲ့။ ရှင်ဘယ်လိုလူမျိုးတွေနဲ့ ပေါင်းသင်းနေတယ်ဆိုတာသိချင်ရုံသက်သက်ပါ။]

ကြိုတင်အသိပေးပါ
ကျွန်မတို့မိန်းကလေးတွေဟာ ကိုရီးယားကားတွေထဲကလို ချစ်သူကောင်လေးက အိမ်ရှေ့၊ ခြံရှေ့ကို ရုတ်တရက်ရောက်လာပြီး လာခေါ်တဲ့အခါ အဲဒီလိုအံ့အားသင့်မှုမျိုးကို နှစ်သက်ကြတယ်လေ။ ဒါပေမဲ့ ကြိုတင်ပြီး သတိပေးချင်တာက အမြဲတမ်းတော့ မလုပ်ပါနဲ့။ ကျွန်မတို့က ကိုရီးယားမင်းသမီးတွေလို အချိန်တိုင်း လှပနေနိုင်တာမှ မဟုတ်တာ။ ပြင်ဆင်ချိန်လေး နည်းနည်းတော့ပေးပါဦး။

ချစ်စရာကောင်းတဲ့ နာမည်လေးတွေ
ကျွန်မတို့လည်း ရှင်တို့လိုပါ ပဲ။ ”ကို” တို့ ”မောင်” တို့ခေါ်ရင် ရှင်တို့ကြိုက်သလို ကျွန်မတို့နာမည်လေးတွေကို ချစ်စနိုးနဲ့ အဖျားဆွတ်ခေါ်တာမျိုးလေးတွေ ကို ကြိုက်ပါတယ်ရှင်။ ”ပူတူတူးလေး” တို့ ”မီးမီး” တို့ ကလေးတွေ ကိုခေါ်တဲ့ နာမည်တွေတော့ မဟုတ်ဘူးပေါ့။

ရှင်ထင်တာလွဲနေပြီ
ရှင်တို့ကတော့ ကိုယ့်အတွေး နဲ့ကိုယ်ပေါ့။ ချွေးသံတရွဲှရွဲှ၊ ချွေးနံ့သင်းသင်း၊ ဗလတောင့်တောင့်၊ မုတ်ဆိတ်မွေး ပါးသိုင်းမွေးရေးရေး၊ ဆီပြောင်ပြောင်မျက်နှာပြင်က မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်နိုင်တယ်ဆိုတာ မှားပါတယ်ရှင်။ ကျွန်မတို့မျှော်လင့်တာက သပ်ရပ်သန့်ရှှင်းပြီး ယောက်ျား ပီသတဲ့ဆပ်ပြာနံ့၊ ရေမွေးရနံ့ နဲ့ ယောကျာ်းလေးတွေကိုပါ။

မင်းကိုကိုယ်ချစ်တယ်
ရှင့်အတွက်တော့ ”ချစ်တယ်”ဆိုတာ စကားလေး (၂) လုံးတည်းပေါ့။ ကြားရတဲ့ ကျွန်မ တို့အတွက်ကတော့ အများကြီး အဓိပ္ပာယ်သက်ရောက်ပါတယ်။ အဲ ဒါကြောင့် ထမင်းစား၊ ရေသောက်၊ မုန့်စားသလို အလကား နေရင်းမပြောပါနဲ့။ ကျွန်မတို့ကိုပြောတဲ့ အခါ Romantic ဆန်ဆန်လေး ပြောစေချင်တာပေါ့။

ကျေးဇူးတင်ပါတယ်
ရှင်တို့ပိုက်ဆံတတ်နိုင်လို့ကျွေးမွေးတာ၊ လျှောက်လည်ပတ်တာတွေကို ကျွန်မတို့ပျော်ရွှင်ရပါတယ်။ ဒါပေမဲ့ အဲဒီပိုက်ဆံနဲ့ မိန်းကလေးတစ်ယောက်ရဲ့ဘဝကို သိမ်းပိုက်နိုင်မယ်လို့တော့ မမျှော်လင့်လိုက်နဲ့။

တိတ်တခိုးငိုမိပါတယ်
ရှင်တို့လိုပဲ ကျွန်မတို့လည်း မျက်ရည်ကို ထိန်းချုပ်နိုင်ပါတယ်။ အားပေးနှစ်သိမ့်မှု၊ နွေးထွေးကြင်နာမှု၊ နားလည်စာနာပေးမှု လိုအပ်လာရင်တော့ ရှင်တို့ရှေ့မှာ ကျွန်မတို့ ငိုမိတာပေါ့။ ဒါပေမဲ့ ရှင်မသိ ခဲ့တဲ့ ကျွန်မတို့ နှစ်ယောက်ရဲ့ အထူး အချိန်အခါလေးတွေအတွက် ကျွန်မတို့ ငိုကြွေးခဲ့ရဖူးပါတယ်။
ငိုကြွေးနေရဆဲပါ။

မျိုသိပ်ထားရပါတယ်
ယောက်ျားလေး (၂)မျိုးပဲရှိတယ်။ တစ်မျိုးက မိန်းကလေးဘက်ကစပြီး လိင်မှုကိစ္စပြောတဲ့အခါ အားတက် သရောပြန်ပြောတတ်တဲ့လူ။ နောက်တစ်မျိုးက မျက်နှာကြီးနီမြန်းသွားပြီး ရှက်သွားတဲ့လူ။ ရှင်တို့ ဘာကြိုက် တယ်ဆိုတာသိချင်ပါတယ်။ ကျွန်မတို့ မိန်းကလေးတွေ ဘယ်လိုကြိုက်တယ်ဆိုတာလည်း ပြောပြချင်ပါတယ်။

နားလည်ပေးစေချင်ပါတယ်
ကျွန်မတို့မိန်းကလေးသူငယ် ချင်းအချင်းချင်း မစမှုကြောင့် ခပ်ချောချော၊ ခပ်မိုက်မိုက် ကောင်လေးတွေနဲ့ Date လုပ်မိတဲ့အခါတွေရှိပါတယ်။ ရှင်တို့အပေါ် သစ္စာမဲ့တယ်လို့တော့ မထင်ပါနဲ့။ ကျွန်မတို့လည်းလူပဲ။ ပျော်ချင် တဲ့အချိန်လေးတွေရှိပါတယ်။ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါတယ်။

တစ်ခါတလေတော့လည်း
တစ်ခါတလေ ရှင်တို့လိုပဲ ကျွန်မတို့လည်း စိတ်ညစ်ရတဲ့အချိန်တွေရှိတာပေါ့။ အဲဒါကို ရှင်တို့မေးမြန်းနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ပြောလာတဲ့အခါမှာတော့ ရှင်တို့ရဲ့ အကြံဉာဏ်တွေအစား တိတ်တဆိတ်နားထောင်ပေးတာကို ပိုလိုလားတောင့်တပါတယ်။

တိုက်ရိုက်မပြောပါ
ရှင်ပါးနပ်ဖို့တော့ လိုလိမ့်မယ်။ ကျွန်မတို့က လိုချင်တာလေးတွေ၊ သွားချင်တဲ့နေရာလေးတွေရှိရင် တိုက်ရိုက်ကြီး မတောင်းဆိုတတ်ပါဘူး။ သဲလွန်စလေးတွေပဲ ပေးတတ်ပါတယ်။ ရှင်တို့လုပ်ရမှာက ကျွန်မတို့ပြောတဲ့ သဲလွန်စလေးတွေကို သေချာပုံဖော်ဖို့ပါပဲ။

အတူတူပါပဲ
ကျွန်မ နောက်ဆုံးသိစေချင်တာကတော့ ရှင်တို့ချစ်သလို ကျွန်မတို့လည်း ရှင့်တို့ကို ချစ်ပါတယ်၊ မြတ်နိုးပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Shape Entertainment Journal
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top