Property Expo
×

My Hero ႐ုပ္ရွင္ဇာတ္ ကားကို ျပင္ဦးလြင္ၿမိဳ႕၌ ႏိုဝင္ဘာ လဆန္းတြင္ သြားေရာက္႐ိုက္ကူး ရန္ အစီအစဥ္ရွိေၾကာင္းဒါ​႐ိုက္ တာဝင္းထြန္းထြန္းက ေျပာၾကား သည္။

‘‘ကြၽန္ေတာ္က အခုေနာက္ ပိုင္းမွာ တစ္ႏွစ္ကို ႏွစ္ကား ေလာက္ပဲ ႐ိုက္ျဖစ္တယ္။ တစ္ ကားနဲ႔ တစ္ကား မတူေအာင္ ေတာ့ ႀကိဳးစားတယ္။ ဒီကားက ေတာ့ Suspend ေလး။ ဇာတ္ လမ္းကလည္း ေတာ္ေတာ္ဆန္း တယ္။ အဓိကကေတာ့ ႐ိုက္ခ်က္ ေတြကို ဦးစားေပးရမယ္။ အဲဒါ ေၾကာင့္ သ႐ုပ္ေဆာင္ထက္ ဒါ​႐ိုက္တာရဲ႕ ဆြဲေခၚႏုိင္မႈက ပိုၿပီး အေရးႀကီးတဲ့အပိုင္းေတြပါတယ္။ သံုးလေလာက္ရွိၿပီ။ ဒီကားအ တြက္ ျပင္ဆင္ေနတာ’’ဟု ၎က ေျပာသည္။

အဆိုပါ႐ုပ္ရွင္ဇာတ္ကား သည္ သိုးေဆာင္း၏ ဝတၳဳကို အင္ၾကင္းဟန္က ဇာတ္ၫႊန္းေရး ေပးထားၿပီး ဟိန္းေဝယံ၊ ေအး ျမတ္သူႏွင့္ ဆုျမတ္ႏိုးဦးတို႔ ပါဝင္ သ႐ုပ္ေဆာင္မည္ျဖစ္ကာ ႏိုဝင္ ဘာ ၁ ရက္ကစ၍ ျပင္ဦးလြင္တြင္ ႐ိုက္ကူးမည္ျဖစ္သည္။

အဆုိပါ႐ုပ္ရွင္ဇာတ္ကားကို မာန္ထက္ခ်ီထုတ္လုပ္ေရးက ႐ိုက္ကူးျခင္းျဖစ္ၿပီး ဇာတ္ဝင္သီခ်င္း ကို ေတးေရးျမင့္မိုးေအာင္က ေရး သားေပးထားေၾကာင္း ဒါ႐ိုက္တာ ဝင္းထြန္းထြန္းက ေျပာၾကား သည္။

‘‘႐ုပ္ရွင္ကားႀကီးေတြဆုိရင္ ဘယ္ေတာ့မွ ဟာသမ႐ိုက္ပါဘူး လို႔ ပရိသတ္ကို ကတိေပးထားတဲ့ အတိုင္း ဟာသကားမ႐ိုက္ပါဘူး။ ေနာက္လည္း မ႐ိုက္ပါဘူး။ ဒါက ဟာသကို မေလးစားလို႔ မဟုတ္ ပါဘူး။ ဟာသက ခက္ခဲပါတယ္။ နက္နဲပါတယ္။ ကြၽန္ေတာ္ကိုယ္တုိင္လည္း ႀကိဳက္ပါတယ္။ ဒါေပမဲ့ကိုယ္ကိုယ္တိုင္ မ႐ိုက္ဘူးလို႔ ေျပာထားတဲ့အတြက္ အႏုပညာသမား ဆုိတာ ကိုယ္ေျပာထားတဲ့ စကား ကိုယ္တာဝန္ယူရတာေပါ့’’ဟု ဒါ ႐ိုက္တာဝင္းထြန္းထြန္းက ေျပာ ၾကားသည္။

လတ္တေလာတြင္ ‘ငယ္ ကြၽန္’ဇာတ္ကားႏွင့္ ‘ၿပံဳးရႊင္ေရ ေပ်ာ္ရဲ႕လား’႐ုပ္ရွင္ဇာတ္ကား မ်ားကို တည္းျဖတ္သည့္ လုပ္ငန္း မ်ား လုပ္ကိုင္ေနၿပီး My Hero ဇာတ္ကား႐ိုက္ကူးေရးအတြက္ ျပင္ဆင္မႈမ်ား ျပဳလုပ္ေနေၾကာင္း ၎က ဆုိသည္။

‘‘ေခတ္ကာလအေနအထား အရ လူေတြကလည္း နည္းနည္း ညစ္တဲ့အခ်ိိန္ဆုိေတာ့ ေပ်ာ္ခ်င္ ၾကမွာေပါ့။ အဲဒီေတာ့ ေပ်ာ္စရာ ကားေလးေတြပဲ အားေပးၾကမွာ ပါ။ ကြၽန္ေတာ္ကေတာ့ ျမန္မာ့႐ုပ္ရွင္မွာ မိဘေမတၱာဘြဲ႕ဇာတ္ကား ေတြရွိသင့္တယ္ထင္လို႔ ေခါင္းမာ မာနဲ႔ ဆက္ရပ္တည္ေနပါတယ္။ ကြၽန္ေတာ္တို႔ဒရာမာသမားေတြ က မ်က္ႏွာငယ္ေနရတဲ့အခ်ိန္ပါ။ ဒါေပမဲ့ ကိုယ္ဖန္တီးတဲ့ အႏုပညာကို အစြမ္းကုန္ႀကိဳးစားေနပါ တယ္’’ဟု ၎က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

My Hero ရုပ်ရှင်ဇာတ် ကားကို ပြင်ဦးလွင်မြို့၌ နိုဝင်ဘာ လဆန်းတွင် သွားရောက်ရိုက်ကူး ရန် အစီအစဉ်ရှိကြောင်းဒါရိုက် တာဝင်းထွန်းထွန်းက ပြောကြား သည်။

‘‘ကျွန်တော်က အခုနောက် ပိုင်းမှာ တစ်နှစ်ကို နှစ်ကား လောက်ပဲ ရိုက်ဖြစ်တယ်။ တစ် ကားနဲ့ တစ်ကား မတူအောင် တော့ ကြိုးစားတယ်။ ဒီကားက တော့ Suspend လေး။ ဇာတ် လမ်းကလည်း တော်တော်ဆန်း တယ်။ အဓိကကတော့ ရိုက်ချက် တွေကို ဦးစားပေးရမယ်။ အဲဒါ ကြောင့် သရုပ်ဆောင်ထက် ဒါရိုက်တာရဲ့ ဆွဲခေါ်နိုင်မှုက ပိုပြီး အရေးကြီးတဲ့အပိုင်းတွေပါတယ်။ သုံးလလောက်ရှိပြီ။ ဒီကားအ တွက် ပြင်ဆင်နေတာ’’ဟု ၎င်းက ပြောသည်။

အဆိုပါရုပ်ရှင်ဇာတ်ကား သည် သိုးဆောင်း၏ ဝတ္ထုကို အင်ကြင်းဟန်က ဇာတ်ညွှန်းရေး ပေးထားပြီး ဟိန်းဝေယံ၊ အေး မြတ်သူနှင့် ဆုမြတ်နိုးဦးတို့ ပါဝင် သရုပ်ဆောင်မည်ဖြစ်ကာ နိုဝင် ဘာ ၁ ရက်ကစ၍ ပြင်ဦးလွင်တွင် ရိုက်ကူးမည်ဖြစ်သည်။

အဆိုပါရုပ်ရှင်ဇာတ်ကားကို မာန်ထက်ချီထုတ်လုပ်ရေးက ရိုက်ကူးခြင်းဖြစ်ပြီး ဇာတ်ဝင်သီချင်း ကို တေးရေးမြင့်မိုးအောင်က ရေး သားပေးထားကြောင်း ဒါရိုက်တာ ဝင်းထွန်းထွန်းက ပြောကြား သည်။

‘‘ရုပ်ရှင်ကားကြီးတွေဆိုရင် ဘယ်တော့မှ ဟာသမရိုက်ပါဘူး လို့ ပရိသတ်ကို ကတိပေးထားတဲ့ အတိုင်း ဟာသကားမရိုက်ပါဘူး။ နောက်လည်း မရိုက်ပါဘူး။ ဒါက ဟာသကို မလေးစားလို့ မဟုတ် ပါဘူး။ ဟာသက ခက်ခဲပါတယ်။ နက်နဲပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကြိုက်ပါတယ်။ ဒါပေမဲ့ကိုယ်ကိုယ်တိုင် မရိုက်ဘူးလို့ ပြောထားတဲ့အတွက် အနုပညာသမား ဆိုတာ ကိုယ်ပြောထားတဲ့ စကား ကိုယ်တာဝန်ယူရတာပေါ့’’ဟု ဒါ ရိုက်တာဝင်းထွန်းထွန်းက ပြော ကြားသည်။

လတ်တလောတွင် ‘ငယ် ကျွန်’ဇာတ်ကားနှင့် ‘ပြုံးရွှင်ရေ ပျော်ရဲ့လား’ရုပ်ရှင်ဇာတ်ကား များကို တည်းဖြတ်သည့် လုပ်ငန်း များ လုပ်ကိုင်နေပြီး My Hero ဇာတ်ကားရိုက်ကူးရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။

‘‘ခေတ်ကာလအနေအထား အရ လူတွေကလည်း နည်းနည်း ညစ်တဲ့အချိန်ဆိုတော့ ပျော်ချင် ကြမှာပေါ့။ အဲဒီတော့ ပျော်စရာ ကားလေးတွေပဲ အားပေးကြမှာ ပါ။ ကျွန်တော်ကတော့ မြန်မာ့ရုပ်ရှင်မှာ မိဘမေတ္တာဘွဲ့ဇာတ်ကား တွေရှိသင့်တယ်ထင်လို့ ခေါင်းမာ မာနဲ့ ဆက်ရပ်တည်နေပါတယ်။ ကျွန်တော်တို့ဒရာမာသမားတွေ က မျက်နှာငယ်နေရတဲ့အချိန်ပါ။ ဒါပေမဲ့ ကိုယ်ဖန်တီးတဲ့ အနုပညာကို အစွမ်းကုန်ကြိုးစားနေပါ တယ်’’ဟု ၎င်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top