Property Expo
×

သစ္ေဖာင္လိုက္သည္႔ရဲစက္ေလွတိမ္းေမွာက္သျဖင္႔ရဲအရာရွိတစ္ဦးႏွင္႔ ေသနတ္တစ္လက္ ေရထဲက်၍
 ေပ်ာက္ဆံုးေန


စစ္ကိုင္းတိုင္းေဒသၾကီး ကသာခရိုင္ အင္ေတာ္ျမိဳ႕နယ္၊ မဲဇာျမစ္အတြင္း ေအာက္တိုဘာ ၁၁ ရက္ မနက္ ၁ နာရီခြဲအခ်ိန္ခန္႔က ရဲစက္ေလွတစ္စီးသည္ တရားမ၀င္သစ္ခိုးထုတ္သည္႔ သစ္ေဖာင္တစ္စင္းအား လိုက္လံဖမ္းဆီးခဲ႔ရာတြင္ စက္ေလွတိမ္းေမွာက္ခဲ႔ျပီး ဒုရဲအုပ္ ရာထူးအဆင္႔ရွိ ရဲအရာရွိတစ္ဦးမွာ ေသနတ္တစ္လက္ႏွင္႔အတူ ေရထဲက်၍ ေပ်ာက္ဆံုးလ်က္ရွိေၾကာင္း သိရသည္။

ေပ်ာက္ဆံုးေနေသာ ရဲအရာရွိမွာ ယခင္ စစ္ကိုင္းတိုင္းေဒသၾကီး အစိုးရလက္ထက္ ၀န္ၾကီးခ်ဳပ္ ဦးသာေအး၏ သက္ေတာ္ေစာင္႔ အဖြဲ႔ေခါင္းေဆာင္ ဒုရဲအုပ္ ၀ဏၰေဆြ ဆိုသူျဖစ္ေၾကာင္း သိရသည္။

၎ ရဲအရာရွိသည္ မဲဇာျမစ္ကူးတံတား လံုျခံဳေရး ရဲကင္းစခန္း (ေဖာ္ျပပါ ဓာတ္ပံု) တြင္ တာ၀န္ထမ္းေဆာင္လ်က္ရွိျပီး သဘာ၀သစ္ေတာသယံဇာတ ထိန္းသိမ္းကာကြယ္ေရးအတြက္ လွည္႔ကင္းေဆာင္ရြက္ေနစဥ္ သစ္ေဖာင္တစ္စင္းအား လိုက္လံဖမ္းဆီးသည္႔အခါ စက္ေလွေမွာက္ခဲ႔ျပီး ၁၂ဗို႔ ေခ်မႈန္ေရး ေသနတ္တစ္လက္ႏွင္႔အတူ မဲဇာျမစ္အတြင္း နစ္ျမဳတ္ေပ်ာက္ဆံုးေနျခင္းျဖစ္သည္။




ဖိုးသူေတာ္ (www.phothutaw.com)
Credit:KoToe ChinDween

#Unicode Version
သစ်ဖောင်လိုက်သည့်ရဲစက်လှေတိမ်းမှောက်သဖြင့်ရဲအရာရှိတစ်ဦးနှင့် သေနတ်တစ်လက် ရေထဲကျ၍

 ပျောက်ဆုံးနေ


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်တော်မြို့နယ်၊ မဲဇာမြစ်အတွင်း အောက်တိုဘာ ၁၁ ရက် မနက် ၁ နာရီခွဲအချိန်ခန့်က ရဲစက်လှေတစ်စီးသည် တရားမဝင်သစ်ခိုးထုတ်သည့် သစ်ဖောင်တစ်စင်းအား လိုက်လံဖမ်းဆီးခဲ့ရာတွင် စက်လှေတိမ်းမှောက်ခဲ့ပြီး ဒုရဲအုပ် ရာထူးအဆင့်ရှိ ရဲအရာရှိတစ်ဦးမှာ သေနတ်တစ်လက်နှင့်အတူ ရေထဲကျ၍ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ပျောက်ဆုံးနေသော ရဲအရာရှိမှာ ယခင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရလက်ထက် ဝန်ကြီးချုပ် ဦးသာအေး၏ သက်တော်စောင့် အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ဝဏ္ဏဆွေ ဆိုသူဖြစ်ကြောင်း သိရသည်။

၎င်း ရဲအရာရှိသည် မဲဇာမြစ်ကူးတံတား လုံခြုံရေး ရဲကင်းစခန်း (ဖော်ပြပါ ဓာတ်ပုံ) တွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး သဘာဝသစ်တောသယံဇာတ ထိန်းသိမ်းကာကွယ်ရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် သစ်ဖောင်တစ်စင်းအား လိုက်လံဖမ်းဆီးသည့်အခါ စက်လှေမှောက်ခဲ့ပြီး ၁၂ဗို့ ချေမှုန်ရေး သေနတ်တစ်လက်နှင့်အတူ မဲဇာမြစ်အတွင်း နစ်မြုတ်ပျောက်ဆုံးနေခြင်းဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:KoToe ChinDween
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top