Property Expo
×

ဖန္သားျဖင့္ အေဆာက္အဦမ်ား ေဆာက္လုပ္ရန္ အာသီသျပင္းထန္လြန္းသည့္ တ႐ုတ္သည္ ယခုအခ်ိန္တြင္လည္း ဖန္သားျဖင့္ျပဳလုပ္ထားၿပီး ေဖာက္ထြင္းျမင္ရသည့္ အမ်ားျပည္သူသံုးသန္႔စင္ခန္းမ်ားကို ေဆာက္လုပ္လိုက္ၿပီျဖစ္သည္။

တ႐ုတ္ႏုိင္ငံေတာင္ပိုင္း ဟူနန္ခ႐ိုင္ရွိ ရွီယန္းကန္နားတြင္ ေဖာက္ထြင္းျမင္ သန္႔စင္ခန္းမ်ားကို ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။ သန္႔စင္ခန္းမ်ားမွာ သစ္ပင္မ်ားေပၚတြင္ ရွိၿပီး ေအာက္ရွိ သစ္ေတာႏွင့္ အျခားအေဆာက္အဦမ်ားကို စီးျမင္ေနရသည္။ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးသံုး သန္႔စင္ခန္းမ်ားအၾကား နံရံကိုပင္ ဖန္သားျဖင့္ ကာရံထားသည္။ သန္႔စင္ခန္းမ်ား စတင္ဖြင့္လွစ္သည့္ေန႔မွာပင္ အသံုးျပဳရဲသူ မရွိသေလာက္ ရွားပါးခဲ့ေၾကာင္း ႏိုင္ငံပိုင္မီဒီယာက ေဖာ္ျပခဲ့သည္။


သို႔ေသာ္ တ႐ုတ္ရွိ အြန္လိုင္းအသံုးျပဳသူအခ်ိဳ႕ကမူ ဖန္သားသန္႔စင္ခန္းမ်ားႏွင့္ ပတ္သက္ၿပီး အေကာင္းေျပာဆုိခဲ့ၾကသည္။ မေအာင့္ႏိုင္ေတာ့ပါက အရွက္ကို မငဲ့ဘဲ ဖန္သားသန္႔စင္ခန္းထဲသို႔ ဝင္ရေတာ့မည္ျဖစ္ေၾကာင္း တ႐ုတ္ရွိ လူမႈမီဒီယာဆိုင္နာေဝပို အသံုးျပဳသူတစ္ဦးက ေရးသားခဲ့သည္။ အင္တာနက္ကြန္နက္ရွင္ေကာင္းပါက ဖန္သားသန္႔စင္ခန္းထဲတြင္ ဘတ္ထရီအားကုန္သည္အထိ ေနရဲပါေၾကာင္း အျခားတစ္ဦးက ေရးသားခဲ့သည္။ သုိ႔ေသာ္ အျခားတစ္ဦးကမူ ေငြျဖဳန္းျခင္းသာ ျဖစ္ေၾကာင္း ေဝဖန္ေရးသားခဲ့သည္။


မရွက္တတ္ဘူးဟု ကိုယ့္ကုိယ္ကိုယ္ ေျပာဆိုေနသူမ်ားအတြက္ ယခုသန္႔စင္ခန္းမ်ားသည္ စိန္ေခၚမႈတစ္ခုျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံပိုင္ ႐ုပ္သံဌာန CCTV က ေျပာဆိုခဲ့သည္။

Source:BBC

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:SKY Land News & Entertainment Media

#Unicode Version
ဖန်သားဖြင့် အဆောက်အဦများ ဆောက်လုပ်ရန် အာသီသပြင်းထန်လွန်းသည့် တရုတ်သည် ယခုအချိန်တွင်လည်း ဖန်သားဖြင့်ပြုလုပ်ထားပြီး ဖောက်ထွင်းမြင်ရသည့် အများပြည်သူသုံးသန့်စင်ခန်းများကို ဆောက်လုပ်လိုက်ပြီဖြစ်သည်။

တရုတ်နိုင်ငံတောင်ပိုင်း ဟူနန်ခရိုင်ရှိ ရှီယန်းကန်နားတွင် ဖောက်ထွင်းမြင် သန့်စင်ခန်းများကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ သန့်စင်ခန်းများမှာ သစ်ပင်များပေါ်တွင် ရှိပြီး အောက်ရှိ သစ်တောနှင့် အခြားအဆောက်အဦများကို စီးမြင်နေရသည်။ အမျိုးသားနှင့် အမျိုးသမီးသုံး သန့်စင်ခန်းများအကြား နံရံကိုပင် ဖန်သားဖြင့် ကာရံထားသည်။ သန့်စင်ခန်းများ စတင်ဖွင့်လှစ်သည့်နေ့မှာပင် အသုံးပြုရဲသူ မရှိသလောက် ရှားပါးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။


သို့သော် တရုတ်ရှိ အွန်လိုင်းအသုံးပြုသူအချို့ကမူ ဖန်သားသန့်စင်ခန်းများနှင့် ပတ်သက်ပြီး အကောင်းပြောဆိုခဲ့ကြသည်။ မအောင့်နိုင်တော့ပါက အရှက်ကို မငဲ့ဘဲ ဖန်သားသန့်စင်ခန်းထဲသို့ ဝင်ရတော့မည်ဖြစ်ကြောင်း တရုတ်ရှိ လူမှုမီဒီယာဆိုင်နာဝေပို အသုံးပြုသူတစ်ဦးက ရေးသားခဲ့သည်။ အင်တာနက်ကွန်နက်ရှင်ကောင်းပါက ဖန်သားသန့်စင်ခန်းထဲတွင် ဘတ်ထရီအားကုန်သည်အထိ နေရဲပါကြောင်း အခြားတစ်ဦးက ရေးသားခဲ့သည်။ သို့သော် အခြားတစ်ဦးကမူ ငွေဖြုန်းခြင်းသာ ဖြစ်ကြောင်း ဝေဖန်ရေးသားခဲ့သည်။


မရှက်တတ်ဘူးဟု ကိုယ့်ကိုယ်ကိုယ် ပြောဆိုနေသူများအတွက် ယခုသန့်စင်ခန်းများသည် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ရုပ်သံဌာန CCTV က ပြောဆိုခဲ့သည်။

Source:BBC



 ဖိုးသူတော် (www.phothutaw.com)
Credit:SKY Land News & Entertainment Media
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top