Kantharyar Centre
×

မိန္းကေလးေတြမွာ စိတ္ပ်က္စရာ စိတ္တုိစရာေတြ မဆုံးႏုိင္ပါလားလုိ႔ ေယာက်္ားေလးေတြ ယူဆၾကပါတယ္။ အမ်ဳိးသမီးေတြမွာလည္း သူတုိ႕သည္းမခံႏုိင္တဲ့ အမ်ဳိးသားေတြရဲ႕ အျပဳအမူေတြရွိေနျပန္ပါတယ္။ ဒီအခ်က္ေတြက ေယာက်္ားေလးေတြအတြက္ သူတို႔အခ်စ္ေရးဆက္ဆံမႈ ေသခ်ာေပါက္ အကြဲအျပဲျဖစ္ေစမယ့္ အမွားေတြပဲဆုိတာ သိရေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

ေယာက်္ားေလးေတြရဲ႕ စိတ္ပ်က္ဖြယ္ စရုိက္အျပဳအမူေတြကေတာ့…

၁။ ခ်ဳပ္ခ်ယ္မႈ 

မိန္းကေလးတစ္ေယာက္ဟာ ေယာက်္ားေလးေတြ သူမရဲ႕ အျပဳအမူကို ထိန္းခ်ဳပ္ဖုိ႔ ၾကိဳးစားရင္ မၾကိဳက္ၾကပါဘူး။ ဥပမာ - ခ်စ္သူစုံတြဲေတြျဖစ္ၾကျပီ၊ သူမစိတ္ေနသေဘာေတြ၊ သူမလုပ္ေဆာင္သမွ် ခ်ဳပ္ခ်ယ္ေနတယ္ဆုိရင္ အဲဒီအျပဳအမူ လုံးဝ ရပ္တန္႔ဖို႔ လုိပါတယ္။ ကိုယ္ခ်စ္တဲ့မိန္းကေလးကို ခ်ဳပ္ခ်ယ္မႈေတြ ဆက္တုိက္လုပ္မယ္ဆုိရင္ မိန္းကေလးဘက္က စိတ္ဝင္စားမႈ ေပ်ာက္သြားပါလိမ့္မယ္။

၂။ ညစ္ညစ္ပတ္ပတ္ေနျခင္း

အိမ္ကို ညစ္ပတ္ေပေရေအာင္ထားတာ ေယာက်္ားေလးအမ်ားစု ရင္းႏီွးေနျပီးသားဆုိတာ သိၾကပါတယ္။ ဒီအခ်က္က မိန္းကေလးတုိင္းကို စိတ္အေႏွာင့္အယွက္ျဖစ္ေစတာပါပဲ။ ဒ့ါေၾကာင့္ ေကာင္မေလးသေဘာက်မႈ လုိလားတဲ့ ေယာက်္ားတုိင္း အခန္းသန္႔ရွင္းေရး လုပ္ၾကဖုိ႕ လိုပါတယ္။

၃။ မနာလုိဝန္တိုေအာင္ လုပ္ျခင္း

ဒါကို မိန္းကေလးေတြပဲ လုပ္တတ္တာလုိ႔ ထင္ၾကပါတယ္။ ဒါေပမယ့္ သူမတူေအာင္ လုပ္တတ္တာ ေယာက်္ားေလး ေတြပါ။

၄။ မ်က္စိေအာက္ အေပ်ာက္မခံ တြယ္ကပ္ေနျခင္း

ဖုန္းေတြ အဆက္မျပတ္ဆက္ စြဲလမ္းျပေနတဲ့ ေယာက်္ားေလးတခ်ဳိ႕ရိွပါတယ္။ ဒီလုိမ်ဳိးလုပ္တာ စိတ္အေႏွာင့္အယွက္ေပးတဲ့ အဆင့္ေရာက္သြားပါျပီ။ အခ်စ္ေရးမွာ မိမိ သီးသန္႔အခ်ိန္ေလးဆိုတာ မရွိတဲ့အခါ မိန္းကေလးေတြ ဘဝင္မက်တတ္ၾကပါဘူး။

၅။ ဂရုစုိက္မႈမေပးတဲ့အခါ

ဒီအခ်က္က တကယ္စိတ္အေႏွာင့္ယွက္ျဖစ္စရာ ေကာင္းပါတယ္။ ေကာင္မေလးက သူ႔စိတ္ခံစားခ်က္ေတြ ေဝမွ်ေနတဲ့အခ်ိန္၊ စကားအျပန္အလွန္ေျပာဆိုေနခ်ိန္မွာ ဖုန္း သုိ႔မဟုတ္ တျခားကိစၥဆီပဲ အာရုံေရာက္ေနရင္ စိတ္ပ်က္စရာ အတိျဖစ္ေစပါတယ္။

၆။ အေပ်ာ္တြဲရည္းစားရႈပ္ျခင္း

မိန္းကေလးအမ်ားစု အေပ်ာ္ရည္းစားထားတာ ဝန္ခံရပါမယ္။ ေယာက်္ားေလးေတြလည္း ဒီအတုိင္းပါပဲ။ ဒါေပမယ့္ အေပ်ာ္တြဲ ရည္းစားရႈပ္တဲ့အခါ အမ်ဳိးသားေတြ limit ေက်ာ္လြန္သြားၾကတာေတြ႔ရပါတယ္။ ဒါက စိတ္လႈပ္ရွားမႈအဆင့္ထိေရာက္သြားျပီး မိန္းကေလးေတြ စိတ္အေႏွာင့္အယွက္ျဖစ္ၾကရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

မိန်းကလေးတွေမှာ စိတ်ပျက်စရာ စိတ်တိုစရာတွေ မဆုံးနိုင်ပါလားလို့ ယောကျ်ားလေးတွေ ယူဆကြပါတယ်။ အမျိုးသမီးတွေမှာလည်း သူတို့သည်းမခံနိုင်တဲ့ အမျိုးသားတွေရဲ့ အပြုအမူတွေရှိနေပြန်ပါတယ်။ ဒီအချက်တွေက ယောကျ်ားလေးတွေအတွက် သူတို့အချစ်ရေးဆက်ဆံမှု သေချာပေါက် အကွဲအပြဲဖြစ်စေမယ့် အမှားတွေပဲဆိုတာ သိရအောင် ဖော်ပြပေးလိုက်ပါတယ်။

ယောကျ်ားလေးတွေရဲ့ စိတ်ပျက်ဖွယ် စရိုက်အပြုအမူတွေကတော့…

၁။ ချုပ်ချယ်မှု

မိန်းကလေးတစ်ယောက်ဟာ ယောကျ်ားလေးတွေ သူမရဲ့ အပြုအမူကို ထိန်းချုပ်ဖို့ ကြိုးစားရင် မကြိုက်ကြပါဘူး။ ဥပမာ - ချစ်သူစုံတွဲတွေဖြစ်ကြပြီ၊ သူမစိတ်နေသဘောတွေ၊ သူမလုပ်ဆောင်သမျှ ချုပ်ချယ်နေတယ်ဆိုရင် အဲဒီအပြုအမူ လုံးဝ ရပ်တန့်ဖို့ လိုပါတယ်။ ကိုယ်ချစ်တဲ့မိန်းကလေးကို ချုပ်ချယ်မှုတွေ ဆက်တိုက်လုပ်မယ်ဆိုရင် မိန်းကလေးဘက်က စိတ်ဝင်စားမှု ပျောက်သွားပါလိမ့်မယ်။

၂။ ညစ်ညစ်ပတ်ပတ်နေခြင်း

အိမ်ကို ညစ်ပတ်ပေရေအောင်ထားတာ ယောကျ်ားလေးအများစု ရင်းနှီးနေပြီးသားဆိုတာ သိကြပါတယ်။ ဒီအချက်က မိန်းကလေးတိုင်းကို စိတ်အနှောင့်အယှက်ဖြစ်စေတာပါပဲ။ ဒ့ါကြောင့် ကောင်မလေးသဘောကျမှု လိုလားတဲ့ ယောကျ်ားတိုင်း အခန်းသန့်ရှင်းရေး လုပ်ကြဖို့ လိုပါတယ်။

၃။ မနာလိုဝန်တိုအောင် လုပ်ခြင်း

ဒါကို မိန်းကလေးတွေပဲ လုပ်တတ်တာလို့ ထင်ကြပါတယ်။ ဒါပေမယ့် သူမတူအောင် လုပ်တတ်တာ ယောကျ်ားလေး တွေပါ။

၄။ မျက်စိအောက် အပျောက်မခံ တွယ်ကပ်နေခြင်း

ဖုန်းတွေ အဆက်မပြတ်ဆက် စွဲလမ်းပြနေတဲ့ ယောကျ်ားလေးတချို့ရှိပါတယ်။ ဒီလိုမျိုးလုပ်တာ စိတ်အနှောင့်အယှက်ပေးတဲ့ အဆင့်ရောက်သွားပါပြီ။ အချစ်ရေးမှာ မိမိ သီးသန့်အချိန်လေးဆိုတာ မရှိတဲ့အခါ မိန်းကလေးတွေ ဘဝင်မကျတတ်ကြပါဘူး။

၅။ ဂရုစိုက်မှုမပေးတဲ့အခါ

ဒီအချက်က တကယ်စိတ်အနှောင့်ယှက်ဖြစ်စရာ ကောင်းပါတယ်။ ကောင်မလေးက သူ့စိတ်ခံစားချက်တွေ ဝေမျှနေတဲ့အချိန်၊ စကားအပြန်အလှန်ပြောဆိုနေချိန်မှာ ဖုန်း သို့မဟုတ် တခြားကိစ္စဆီပဲ အာရုံရောက်နေရင် စိတ်ပျက်စရာ အတိဖြစ်စေပါတယ်။

၆။ အပျော်တွဲရည်းစားရှုပ်ခြင်း

မိန်းကလေးအများစု အပျော်ရည်းစားထားတာ ဝန်ခံရပါမယ်။ ယောကျ်ားလေးတွေလည်း ဒီအတိုင်းပါပဲ။ ဒါပေမယ့် အပျော်တွဲ ရည်းစားရှုပ်တဲ့အခါ အမျိုးသားတွေ limit ကျော်လွန်သွားကြတာတွေ့ရပါတယ်။ ဒါက စိတ်လှုပ်ရှားမှုအဆင့်ထိရောက်သွားပြီး မိန်းကလေးတွေ စိတ်အနှောင့်အယှက်ဖြစ်ကြရပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top