Property Expo
×

တ႐ုတ္ႏုိင္ငံရွိ အမ်ဳိးသမီးတစ္ဦးသည္ ကုိယ့္အားကုိယ္ကုိးၿပီး အခ်မ္းသာဆုံး ျဖစ္ေအာင္ ျပဳလုပ္ခဲ့သည္။ အသက္(၄၅)ႏွစ္သာ ရွိေသးၿပီး စြန္႔ဦးတီထြင္သည့္ လုပ္ငန္းရွင္တစ္ဦး ျဖစ္ေသာေၾကာင့္ တ႐ုတ္ႏုိင္ငံတြင္ သာမက ကမၻာတြင္ပါ အခ်မ္းသာဆုံး အမ်ဳိးသမီးအျဖစ္ သတ္မွတ္ခံခဲ့ရသည္။ အဆုိပါ အမ်ဳိးသမီးအမည္မွာ Zhou Qunfei ျဖစ္ၿပီး ယင္းကုိ Touched Queen ဟု အမည္ေျပာင္ ေပးထားသည္။ Zhou Qunfei သည္ မွန္လုပ္ငန္းကုိ လုပ္ကုိင္ေနသူျဖစ္ၿပီး ယေန႔နည္းပညာေခတ္တြင္ သုံးစဲြေနသည့္ လက္ေတာ့ပ္၊ တက္ဘလက္၊ မုိဘုိင္ဖုန္း စသည့္မွန္မ်ားကုိ ထုတ္လုပ္ေပးေနျခင္း ျဖစ္သည္။ ကမၻာ့တြင္ အေအာင္ျမင္ဆုံး Apple သည္ Zhou Qunfei ကုမၸဏီမွ ထုတ္လုပ္သည့္ မွန္ကုိ သုံးစဲြေနရျခင္း ျဖစ္သည္။ ၿပီးခဲ့သည့္ ရက္ပုိင္းက ထုတ္ျပန္ခဲ့ေသာ စစ္တမ္းတြင္ ကမၻာ့အခ်မ္းသာဆုံး အမ်ဳိးသမီး ျဖစ္လာခဲ့ျခင္း ျဖစ္သည္။

Zhou Qunfei သည္ ေဟာင္ေကာင္တြင္ ေဒၚလာ (၂၇) သန္းတန္ အိမ္ ၿခံ  ေျမကုိ ပုိင္ဆုိင္ထားသည္။ Zhou Qunfei ၏ ခ်မ္းသာႂကြယ္၀မႈသည္ ေဒၚလာ ( ၇ ဒသမ ၈) ဘီလီယံအထိ ရွိသည္။ Zhou Qunfei သည္ ကုမၸဏီ၏ ရွယ္ယာမ်ားကုိ စေတာ့ေစ်းကြက္ တင္ရွိၿပီးေနာက္ ေက်ာ္ၾကားသူ ျဖစ္ခဲ့ေသာ္လည္း မထင္မရွားသာ ေနထုိင္ခဲ့သည္။ Zhou Qunfei သည္ တ႐ုတ္ႏုိင္ငံ အလယ္ပုိင္း ဟူနန္ေဒသရွိ ေက်းရြာတစ္ရြာတြင္ ေနထုိင္ခဲ့ျခင္း ျဖစ္သည္။ အသက္ (၅) ႏွစ္ အရြယ္တြင္ မိခင္ျဖစ္သူ ေသဆုံးခဲ့ၿပီး ဖခင္ျဖစ္သူမွာလည္း မေတာ္တဆ ျဖစ္စဥ္ေၾကာင့္ လက္တြင္ဒဏ္ရာ ရရွိေနသျဖင့္ Zhou Qunfei က ျပဳစုေစာင့္ေရွာက္ ခဲ့ရသည္။ အသက္ ( ၁၆) ႏွစ္ အရြယ္တြင္ ရွန္ဇန္းၿမိဳ႕ရွိ မွန္စက္႐ုံတြင္ အလုပ္လုပ္ခဲ့သည္။ သံုးလလုပ္ၿပီးေနာက္ ထြက္စာတင္ၿပီး အလုပ္ထြက္ခဲ့ေသာ္လည္း ပုိင္ရွင္ျဖစ္သူက လုပ္ရည္ကုိင္ရည္ သေဘာက်ခဲ့ေသာေၾကာင့္ ရာထူးတုိးေပးၿပီး ဆက္လက္ ခန္႔ထားခဲ့သည္။ (၃) ႏွစ္အၾကာတြင္ ကုိယ္ပုိင္ကုမၸဏီတစ္ခုကုိ ပုိင္ဆုိင္ခဲ့သည္။

ငယ္စဥ္ဘ၀တြင္ ေလ့လာမႈမ်ား ျပဳလုပ္ခဲ့သည္။ တုိက္ခန္းငယ္ေလးထဲတြင္ ႐ုံးခန္းဖြင့္ၿပီး ေန႔၊ ည အလုပ္လုပ္ခဲ့သည္။ ၂၀၀၇ တြင္ ဟူနန္ေဒသတြင္ ႐ုံခန္းေျပာင္းဖြင့္ခဲ့သည္။ Zhou Qunfei သည္ လုပ္ငန္းခြင္တြင္ လုိအပ္ခ်က္ရွိပါက သူကုိယ္တုိင္ဆင္းၿပီး ၀င္ေရာက္ လုပ္ကုိင္ေလ့ရွိသည္။ Zhou Qunfei သည္ ကုိယ့္အားကုိယ္ကုိးၿပီး ခ်မ္းသာလာျခင္းေၾကာင့္ တ႐ုတ္ အမ်ဳိးသမီးမ်ား၏ ေလးစားအားက်သူ ျဖစ္လာခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Messenger News Journal

#Unicode Version
တရုတ်နိုင်ငံရှိ အမျိုးသမီးတစ်ဦးသည် ကိုယ့်အားကိုယ်ကိုးပြီး အချမ်းသာဆုံး ဖြစ်အောင် ပြုလုပ်ခဲ့သည်။ အသက်(၄၅)နှစ်သာ ရှိသေးပြီး စွန့်ဦးတီထွင်သည့် လုပ်ငန်းရှင်တစ်ဦး ဖြစ်သောကြောင့် တရုတ်နိုင်ငံတွင် သာမက ကမ္ဘာတွင်ပါ အချမ်းသာဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ အဆိုပါ အမျိုးသမီးအမည်မှာ Zhou Qunfei ဖြစ်ပြီး ယင်းကို Touched Queen ဟု အမည်ပြောင် ပေးထားသည်။ Zhou Qunfei သည် မှန်လုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်ပြီး ယနေ့နည်းပညာခေတ်တွင် သုံးစွဲနေသည့် လက်တော့ပ်၊ တက်ဘလက်၊ မိုဘိုင်ဖုန်း စသည့်မှန်များကို ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။ ကမ္ဘာ့တွင် အအောင်မြင်ဆုံး Apple သည် Zhou Qunfei ကုမ္ပဏီမှ ထုတ်လုပ်သည့် မှန်ကို သုံးစွဲနေရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ခဲ့သော စစ်တမ်းတွင် ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

Zhou Qunfei သည် ဟောင်ကောင်တွင် ဒေါ်လာ (၂၇) သန်းတန် အိမ်ခြံမြေကို ပိုင်ဆိုင်ထားသည်။ Zhou Qunfei ၏ ချမ်းသာကြွယ်ဝမှုသည် ဒေါ်လာ ( ၇ ဒသမ ၈) ဘီလီယံအထိ ရှိသည်။ Zhou Qunfei သည် ကုမ္ပဏီ၏ ရှယ်ယာများကို စတော့ဈေးကွက် တင်ရှိပြီးနောက် ကျော်ကြားသူ ဖြစ်ခဲ့သော်လည်း မထင်မရှားသာ နေထိုင်ခဲ့သည်။ Zhou Qunfei သည် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ဒေသရှိ ကျေးရွာတစ်ရွာတွင် နေထိုင်ခဲ့ခြင်း ဖြစ်သည်။ အသက် (၅) နှစ် အရွယ်တွင် မိခင်ဖြစ်သူ သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း မတော်တဆ ဖြစ်စဉ်ကြောင့် လက်တွင်ဒဏ်ရာ ရရှိနေသဖြင့် Zhou Qunfei က ပြုစုစောင့်ရှောက် ခဲ့ရသည်။ အသက် ( ၁၆) နှစ် အရွယ်တွင် ရှန်ဇန်းမြို့ရှိ မှန်စက်ရုံတွင် အလုပ်လုပ်ခဲ့သည်။ သုံးလလုပ်ပြီးနောက် ထွက်စာတင်ပြီး အလုပ်ထွက်ခဲ့သော်လည်း ပိုင်ရှင်ဖြစ်သူက လုပ်ရည်ကိုင်ရည် သဘောကျခဲ့သောကြောင့် ရာထူးတိုးပေးပြီး ဆက်လက် ခန့်ထားခဲ့သည်။ (၃) နှစ်အကြာတွင် ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ခဲ့သည်။

ငယ်စဉ်ဘဝတွင် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ တိုက်ခန်းငယ်လေးထဲတွင် ရုံးခန်းဖွင့်ပြီး နေ့၊ ည အလုပ်လုပ်ခဲ့သည်။ ၂၀၀၇ တွင် ဟူနန်ဒေသတွင် ရုံခန်းပြောင်းဖွင့်ခဲ့သည်။ Zhou Qunfei သည် လုပ်ငန်းခွင်တွင် လိုအပ်ချက်ရှိပါက သူကိုယ်တိုင်ဆင်းပြီး ဝင်ရောက် လုပ်ကိုင်လေ့ရှိသည်။ Zhou Qunfei သည် ကိုယ့်အားကိုယ်ကိုးပြီး ချမ်းသာလာခြင်းကြောင့် တရုတ် အမျိုးသမီးများ၏ လေးစားအားကျသူ ဖြစ်လာခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Messenger News Journal
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top