Property Expo
×





#Unicode Version
အရက်မသောက်ရန်ဆုံးမသည့် အဘွားကို မြေးဖြစ်သူက ရိုက်သတ်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ဘန့်ပြင်ကျေးရွာနေ ဒေါ်စိန်အေး (၈၆ နှစ်)ကို မြေးဖြစ်သူ ကြည်မြင့် (၃၅ နှစ်)က အရက်မူးပြီး ရိုက်နှက်မှု အောက်တိုဘာ ၂၅ ရက် နံနက်က ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

 ဒေါ်စိန်အေးသည် အရက်မူးနေသည့် ကြည်မြင့်အား အရက် မသောက်ရန် ပြောဆိုဆုံးမစဉ် ကြည်မြင့် က ဒေါသထွက်ကာ အနီးရှိ ကျောက်ခဲဖြင့် ထုပြီး ဝါးတုတ်ဖြင့် ဆက်လက်ရိုက်နှက် ခဲ့သောကြောင့် ဒေါ်စိန်အေးသည် ဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:MOI Webportal Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top