Property Expo
×







Credit:Duwun

#Unicode Version
လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်မယ့် မက်ဒေါနားရဲ့ မီယာမီရှိုးပွဲဟာ လက်မှတ်တစ်စောင်ကို အများဆုံး ဒေါ်လာ တစ်သိန်းခွဲအထိ ကျသင့်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အသက် ၅၈ နှစ်အရွယ် ပေါ့ပ်ဘုရင်မက ရရှိတဲ့ ငွေအားလုံးကို လှူဒါန်းမယ်လို့ ဆိုပါတယ်။

မက်ဒေါနားဟာ ဒီဇင်ဘာလ ၂ ရက်နေ့မှာ Art Basel Miami မှာ ဖျော်ဖြေမှာ ဖြစ်ပြီး သူမရဲ့ Raising Malawi ပရဟိတအဖွဲ့အတွက် ပွဲပြုလုပ်တာ ဖြစ်ပါတယ်။

ဧည့်သည် ၄၀၀ သာ တက်ရောက်ခွင့်ရမယ့် ယင်းပွဲမှာ ဈေးအချိုဆုံး လက်မှတ်တစ်စောင်ဟာ ဒေါ်လာ ငါးထောင်ရှိပါတယ်။

အများဆုံး ဈေးနှုန်းဖြစ်တဲ့ ဒေါ်လာတစ်သိန်းခွဲတန်လက်မှတ်ဟာ ၁၀ ယောက်စားပွဲမှာ ထိုင်ရမှာဖြစ်ပြီး VIP ကော့တေးနဲ့ မက်ဒေါနားနဲ့ ဓာတ်ပုံရိုက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

Raising Malawi ပရဟိတအဖွဲ့ဟာ မာလာဝီနိုင်ငံရှိ မိဘမဲ့နဲ့ ဆင်းရဲချို့တဲ့တဲ့ ကလေးငယ်များရဲ့ ဆိုးရွားလှတဲ့ ဒုက္ခဆိုးတွေကနေ လွတ်မြောက်အောင် ပြုလုပ်ပေးဖို့ ရည်ရွယ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top