Kantharyar Centre
×

  ဓားကုိင္ေသာင္းက်န္းသူႏွစ္ဦး၊ ပစ္ခတ္ဖမ္းဆီးသျဖင့္ ရရွိထားသည့္ ဒဏ္ရာ (ဓာတ္ပံု − Yangon Police)

 မဂၤလာေတာင္ၫြန္႔ၿမိဳ႕ နယ္ ေဒၚသိန္းတင္လမ္းရွိ ထမင္း ဆုိင္ေရွ႕တြင္ မူးယစ္ေသာက္စား ၿပီး ဓားကိုင္ေသာင္းက်န္းေနသူ အမ်ိဳးသားႏွစ္ဦးကို ရဲတပ္ဖြဲ႕ကေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါ အမ်ိဳးသားႏွစ္ဦး သည္ မူးယစ္ေသာက္စားၿပီး ေနာက္ ဓားကိုင္ေဆာင္ကာ ရပ္ကြက္အတြင္း ေအာ္ဟစ္ေသာင္း က်န္းေန၍ ရပ္ကြက္ျပည္သူအခ်ိဳ႕က ဖုန္းဆက္တုိင္ၾကားခဲ့ျခင္း ေၾကာင့္ သြားေရာက္ဖမ္းဆီးခဲ့ ေၾကာင္း မဂၤလာေတာင္ၫြန္႔ၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာ သည္။

‘‘သူတို႔ႏွစ္ေယာက္က သူ ငယ္ခ်င္းေတြပါ။ အရက္အတူ ေသာက္ၿပီး ရန္ျဖစ္တယ္။ ၿပီး ေတာ့ ဓားေတြဆြဲၿပီး ရန္ျဖစ္တယ္။ ဒါကို ကြၽန္ေတာ္တုိ႔က ဝင္ဖ်န္ေျဖ ေပးတာကို မရဘူး။ ခဲနဲ႔ထုလုိ႔ ရဲ တစ္ေယာက္ ေခါင္းထိသြားတယ္။ ဒါေၾကာင့္ ေသနတ္နဲ႔ ေျခေထာက္ ကိုပစ္ၿပီး ဖမ္းရတာပါ’’ဟု ရဲအရာရွိကေျပာသည္။

ဓားကိုင္ေသာင္းက်န္းသူႏွစ္ ဦးသည္ ေဒၚသိန္းတင္လမ္းေန အသက္(၂၃)ႏွစ္အရြယ္ ေက်ာ္ဝင္းထြန္းႏွင့္ (၁၈)ႏွစ္အရြယ္ သန္းခ်ိဳတို႔ျဖစ္ၿပီး ေအာက္တုိဘာ ၅ ရက္ နံနက္ ၁ နာရီခန္႔တြင္ ေအာ္ ဟစ္ဆဲဆုိကာ ရန္ျဖစ္ခဲ့သည္။

ရဲတပ္ဖြဲ႕က ဝင္ေရာက္ဖ်န္ ေျဖရာတြင္ ခဲျဖင့္ ထုခဲ့ေသာ ေၾကာင့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးကသန္းခ်ိဳဆိုသူ၏ေပါင္ကို ေသနတ္ ျဖင့္ ပစ္ခတ္ၿပီးေနာက္ အဆုိပါ အမ်ိဳးသားႏွစ္ဦး အဖမ္းခံခဲ့ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးကေျပာသည္။

ဓားကိုင္ရမ္းကားၿပီး ဆဲဆုိ ေသာင္းက်န္းခဲ့သူႏွစ္ဦးကို မဂၤလာေတာင္ၫြန္႔ ၿမိဳ႕မရဲစခန္းက လက္နက္အက္ဥပေဒပုဒ္မ ၁၉(င)ျဖင့္လည္းေကာင္း၊ ရာဇသတ္ႀကီး ပုဒ္မ ၃၃၃ ျဖင့္လည္းေကာင္း အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဓားကိုင်သောင်းကျန်းသူနှစ်ဦး၊ ပစ်ခတ်ဖမ်းဆီးသဖြင့် ရရှိထားသည့် ဒဏ်ရာ (ဓာတ်ပုံ − Yangon Police)

 မင်္ဂလာတောင်ညွန့်မြို့ နယ် ဒေါ်သိန်းတင်လမ်းရှိ ထမင်း ဆိုင်ရှေ့တွင် မူးယစ်သောက်စား ပြီး ဓားကိုင်သောင်းကျန်းနေသူ အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့ကသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါ အမျိုးသားနှစ်ဦး သည် မူးယစ်သောက်စားပြီး နောက် ဓားကိုင်ဆောင်ကာ ရပ်ကွက်အတွင်း အော်ဟစ်သောင်း ကျန်းနေ၍ ရပ်ကွက်ပြည်သူအချို့က ဖုန်းဆက်တိုင်ကြားခဲ့ခြင်း ကြောင့် သွားရောက်ဖမ်းဆီးခဲ့ ကြောင်း မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။

‘‘သူတို့နှစ်ယောက်က သူ ငယ်ချင်းတွေပါ။ အရက်အတူ သောက်ပြီး ရန်ဖြစ်တယ်။ ပြီး တော့ ဓားတွေဆွဲပြီး ရန်ဖြစ်တယ်။ ဒါကို ကျွန်တော်တို့က ဝင်ဖျန်ဖြေ ပေးတာကို မရဘူး။ ခဲနဲ့ထုလို့ ရဲ တစ်ယောက် ခေါင်းထိသွားတယ်။ ဒါကြောင့် သေနတ်နဲ့ ခြေထောက် ကိုပစ်ပြီး ဖမ်းရတာပါ’’ဟု ရဲအရာရှိကပြောသည်။

ဓားကိုင်သောင်းကျန်းသူနှစ် ဦးသည် ဒေါ်သိန်းတင်လမ်းနေ အသက်(၂၃)နှစ်အရွယ် ကျော်ဝင်းထွန်းနှင့် (၁၈)နှစ်အရွယ် သန်းချိုတို့ဖြစ်ပြီး အောက်တိုဘာ ၅ ရက် နံနက် ၁ နာရီခန့်တွင် အော် ဟစ်ဆဲဆိုကာ ရန်ဖြစ်ခဲ့သည်။

ရဲတပ်ဖွဲ့က ဝင်ရောက်ဖျန် ဖြေရာတွင် ခဲဖြင့် ထုခဲ့သော ကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကသန်းချိုဆိုသူ၏ပေါင်ကို သေနတ် ဖြင့် ပစ်ခတ်ပြီးနောက် အဆိုပါ အမျိုးသားနှစ်ဦး အဖမ်းခံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

ဓားကိုင်ရမ်းကားပြီး ဆဲဆို သောင်းကျန်းခဲ့သူနှစ်ဦးကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)ဖြင့်လည်းကောင်း၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၃ ဖြင့်လည်းကောင်း အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top