Kantharyar Centre
×

စံုတြဲ ေတာ္ေတာ္မ်ားမ်ားမွာ တစ္ေယာက္က လိမ္ညာလို႕ အျခားတစ္ေယာက္က သည္းမခံႏိုင္ေတာ့တာေၾကာင့္ ယံုၾကည္မႈပ်က္သုဥ္းကာ လမ္းခြဲလိုက္ရတဲ့ အေၾကာင္းေတြ ၾကားဖူးမွာပါ။ တစ္ခ်ိဳ႕ကိစၥေတြက ဒီေလာက္ထိ မျဖစ္သင့္ပါပဲနဲ႕ လမ္းခြဲလုိက္ရတဲ့အထိ ျဖစ္ကုန္ၾကတာေတြလည္း ရွိပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႕ ကိုယ့္ခ်စ္သူကို လိမ္ညာရေတာ့မယ့္ အျဖစ္မ်ိဳး ၾကံဳလာခဲ့မယ္ဆုိရင္ေတာင္ သူ႕ကုိ လိမ္ညာမယ့္အစား ဒီအခ်က္ (၅) ခ်က္ကိုသာ လုပ္ေဆာင္ဖုိ႕ တိုက္တြန္းပါရေစ။

၁။ သင့္ခ်စ္သူနဲ႕ မ်က္ႏွာခ်င္းဆုိင္ေတြ႕ျပီး စကားေသခ်ာေျပာၾကည့္ပါ။
ဒီအခ်ိန္က ႏွစ္ဦးစလံုး ရိုးသားရမယ့္အခ်ိန္ပါပဲ။ တစ္ခုခုကို လိမ္ညာလုပ္ေဆာင္မယ့္အစား သူ႕ကို တုိက္ရိုက္ရိုးသားစြာ ေျပာဆုိတာ ပိုေကာင္းပါတယ္။ ေမးစရာရွိရင္လည္း ေမးလိုက္ပါ။ သင္သူနဲ႕ပတ္သက္ျပီး ေတာင္းဆိုစရာရွိတာမ်ိဳး ဆုိရင္လည္း သူ႕ကိုဖြင့္ဟေတာင္းဆိုလိုက္ပါ။ တစ္ခါတစ္ေလ တစ္ဖက္လူက ကိုယ္ပြင့္ပြင့္လင္းလင္း မေျပာဆိုတာေၾကာင့္ သေဘာမေပါက္ပဲ နားလည္မႈလြဲေနတာမ်ိဳးေတြလည္း ရွိတတ္ပါတယ္။

၂။ႏွစ္ဦးသား ရိုမန္တစ္ဆန္ဆန္ေလး ျပန္ေနဖုိ႕ သင့္ပါတယ္။
ခ်စ္သူျဖစ္ခါစက နွစ္ဦးသား ရိုမန္တစ္ဆန္ဆန္ ေနခဲ့၊ လုပ္ေဆာင္ျပဳမူခဲ့သမ်ွ ခုေနာက္ပိုင္း ဒါမ်ိဳးေတြ မလုပ္ျဖစ္ေတာ့ဘူး ဆိုတာက တကယ္ေတာ့ လြဲပါတယ္။ ႏွစ္ဦးသားၾကား ရင္ခုန္ၾကည္ႏူးစရာအခ်ိန္ေလးေတြ ေပ်ာက္ပ်က္မသြားေအာင္ အခ်ိန္ၾကာေလ သင့္ဘက္က ပိုအားစိုက္ လုပ္ေဆာင္သင့္တာပါ။ ဒီေတာ့ သင္တုိ႕အခ်စ္ေရး ျပန္လည္ လန္းဆန္းသြားေစဖုိ႕ ဒိတ္လုပ္တဲ့ေနရာသစ္ေလးေတြ စဥ္းစား၊ ကုိယ့္ခ်စ္သူကို အံ့ၾသသြားေစမယ့္ အရာမ်ိဳးေတြ လုပ္ေဆာင္ေပးျပီး ရိုမန္တစ္ဆန္ဆန္ေလး ျပန္လည္ ျဖတ္သန္းၾကည့္လိုက္ပါ။

၃။ သင္တုိ႕ႏွစ္ဦးစလံုးကို ခ်စ္ခင္သေဘာက်တဲ့ လူေတြနဲ႕မၾကာခဏေတြ႕ဆံုပါ။
သင္တုိ႕စံုတြဲကို ဘာေတြျဖစ္ေနျဖစ္ေန အျမဲစိတ္ဓာတ္ခြန္အားေတြေပးျပီး ခ်စ္ခင္ၾကတဲ့ လူေတြရွိကိုရွိမွာပါ။ အဲ့ဒီလူေတြနဲ႕ မၾကာခဏေတြ႕ေပးပါ။ သူတုိ႕ဟာ သင္တုိ႕ႏွစ္ဦးရဲ႕ ေဆြမ်ိဳး ေတြလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ငယ္သူငယ္ခ်င္း၊ လုပ္ေဖာ္ကိုင္ဖက္ေတြလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ သူတုိ႕ေတြနဲ႕ သင္တုိ႕စံုတြဲအတူရွိတဲ့အခ်ိန္ ႏွစ္ဦးစလံုး စိတ္သက္ေတာင့္သက္သာရွိျပီး ေပ်ာ္ရႊင္မႈခံစားရတယ္ဆုိရင္ ဒီလူေတြဟာ သင္တို႕စံုတြဲအတြက္ အျမဲေတြ႕ဆံုေပးသင့္တဲ့ လူေတြပါပဲ။

၄။ ဘာ့ေၾကာင့္ သူ႕ကို ခ်စ္ျမတ္ႏိုးရတယ္ဆုိတဲ့အေၾကာင္းေလးေတြ ေရးသားပါ။
အခ်ိန္ကုန္တယ္လို႕ မယူဆပဲ သင့္ခ်စ္သူနဲ႕ပတ္သက္ျပီး ဘယ္အရာေတြ သင္သေဘာက်ႏွစ္သက္ရတယ္ဆုိတဲ့ အေၾကာင္း ခ်ေရးပါ။ သူ႕ေၾကာင့္ သင္ဘာေတြ ေျပာင္းလဲသြားတယ္ဆုိတာမ်ိဳးေတြ၊ သူမဟာ သင့္အတြက္ ဘယ္လိုထူးျခားတယ္ဆုိတာမ်ိဳးေလးေတြ ေရးသားပါ။ ဒီလို လုပ္ျခင္းအားျဖင့္ သင္ဟာ အျခားအခ်စ္ေရးေတြထက္ ထူးျခားတဲ့ အခ်စ္ေရးတစ္ခု ပိုင္ဆုိင္ထားတယ္ဆုိတာ သင့္ကိုယ္သင္ သတိေပးသလို ျဖစ္သြားပါလိမ့္မယ္။

၅။ အလြယ္တကူ ေျဖရွင္းလုိ႕ရမယ့္နည္းအစား ေရရွည္အတြက္အဆင္ေျပမယ့္ နည္းကိုသာ ေရြးပါ။
သင္တုိ႕ႏွစ္ေယာက္ ျပသနာေတြတက္တိုင္း ဒီအခ်စ္ေရးက ေရွ႕ဆက္သြားဖုိ႕ေတာင္ ျဖစ္ႏိုင္ပါေတာ့မလားလို႕ အျမဲေတြးမိပါလိမ့္မယ္။ သင္ဟာ ဒီအခ်စ္ကို လက္မလႊတ္ႏိုင္ဘူး၊ ေရွ႔ဆက္သြားသင့္တဲ့ အခ်စ္ေရးတစ္ခု ဆုိရင္ေတာ့ ျပသနာကို ျပီးျပီးေရာ မရွင္းပါနဲ႕။ အလြယ္တကူ လိမ္ညာျပီး ရွင္းလိုက္တာမ်ိဳးလည္း မလုပ္ပါနဲ႕။ ေရရွည္အတြက္ အဆင္ေျပမယ့္ နည္းကိုသာ သံုးျပီး ႏွစ္ဦးသားသံေယာဇဥ္ပိုျမဲေအာင္ ၾကိဳးစားပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

စုံတွဲ တော်တော်များများမှာ တစ်ယောက်က လိမ်ညာလို့ အခြားတစ်ယောက်က သည်းမခံနိုင်တော့တာကြောင့် ယုံကြည်မှုပျက်သုဉ်းကာ လမ်းခွဲလိုက်ရတဲ့ အကြောင်းတွေ ကြားဖူးမှာပါ။ တစ်ချို့ကိစ္စတွေက ဒီလောက်ထိ မဖြစ်သင့်ပါပဲနဲ့ လမ်းခွဲလိုက်ရတဲ့အထိ ဖြစ်ကုန်ကြတာတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ကိုယ့်ချစ်သူကို လိမ်ညာရတော့မယ့် အဖြစ်မျိုး ကြုံလာခဲ့မယ်ဆိုရင်တောင် သူ့ကို လိမ်ညာမယ့်အစား ဒီအချက် (၅) ချက်ကိုသာ လုပ်ဆောင်ဖို့ တိုက်တွန်းပါရစေ။

၁။ သင့်ချစ်သူနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး စကားသေချာပြောကြည့်ပါ။
ဒီအချိန်က နှစ်ဦးစလုံး ရိုးသားရမယ့်အချိန်ပါပဲ။ တစ်ခုခုကို လိမ်ညာလုပ်ဆောင်မယ့်အစား သူ့ကို တိုက်ရိုက်ရိုးသားစွာ ပြောဆိုတာ ပိုကောင်းပါတယ်။ မေးစရာရှိရင်လည်း မေးလိုက်ပါ။ သင်သူနဲ့ပတ်သက်ပြီး တောင်းဆိုစရာရှိတာမျိုး ဆိုရင်လည်း သူ့ကိုဖွင့်ဟတောင်းဆိုလိုက်ပါ။ တစ်ခါတစ်လေ တစ်ဖက်လူက ကိုယ်ပွင့်ပွင့်လင်းလင်း မပြောဆိုတာကြောင့် သဘောမပေါက်ပဲ နားလည်မှုလွဲနေတာမျိုးတွေလည်း ရှိတတ်ပါတယ်။

၂။နှစ်ဦးသား ရိုမန်တစ်ဆန်ဆန်လေး ပြန်နေဖို့ သင့်ပါတယ်။
ချစ်သူဖြစ်ခါစက နှစ်ဦးသား ရိုမန်တစ်ဆန်ဆန် နေခဲ့၊ လုပ်ဆောင်ပြုမူခဲ့သမျှ ခုနောက်ပိုင်း ဒါမျိုးတွေ မလုပ်ဖြစ်တော့ဘူး ဆိုတာက တကယ်တော့ လွဲပါတယ်။ နှစ်ဦးသားကြား ရင်ခုန်ကြည်နူးစရာအချိန်လေးတွေ ပျောက်ပျက်မသွားအောင် အချိန်ကြာလေ သင့်ဘက်က ပိုအားစိုက် လုပ်ဆောင်သင့်တာပါ။ ဒီတော့ သင်တို့အချစ်ရေး ပြန်လည် လန်းဆန်းသွားစေဖို့ ဒိတ်လုပ်တဲ့နေရာသစ်လေးတွေ စဉ်းစား၊ ကိုယ့်ချစ်သူကို အံ့သြသွားစေမယ့် အရာမျိုးတွေ လုပ်ဆောင်ပေးပြီး ရိုမန်တစ်ဆန်ဆန်လေး ပြန်လည် ဖြတ်သန်းကြည့်လိုက်ပါ။

၃။ သင်တို့နှစ်ဦးစလုံးကို ချစ်ခင်သဘောကျတဲ့ လူတွေနဲ့မကြာခဏတွေ့ဆုံပါ။
သင်တို့စုံတွဲကို ဘာတွေဖြစ်နေဖြစ်နေ အမြဲစိတ်ဓာတ်ခွန်အားတွေပေးပြီး ချစ်ခင်ကြတဲ့ လူတွေရှိကိုရှိမှာပါ။ အဲ့ဒီလူတွေနဲ့ မကြာခဏတွေ့ပေးပါ။ သူတို့ဟာ သင်တို့နှစ်ဦးရဲ့ ဆွေမျိုး တွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ငယ်သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့တွေနဲ့ သင်တို့စုံတွဲအတူရှိတဲ့အချိန် နှစ်ဦးစလုံး စိတ်သက်တောင့်သက်သာရှိပြီး ပျော်ရွှင်မှုခံစားရတယ်ဆိုရင် ဒီလူတွေဟာ သင်တို့စုံတွဲအတွက် အမြဲတွေ့ဆုံပေးသင့်တဲ့ လူတွေပါပဲ။

၄။ ဘာ့ကြောင့် သူ့ကို ချစ်မြတ်နိုးရတယ်ဆိုတဲ့အကြောင်းလေးတွေ ရေးသားပါ။
အချိန်ကုန်တယ်လို့ မယူဆပဲ သင့်ချစ်သူနဲ့ပတ်သက်ပြီး ဘယ်အရာတွေ သင်သဘောကျနှစ်သက်ရတယ်ဆိုတဲ့ အကြောင်း ချရေးပါ။ သူ့ကြောင့် သင်ဘာတွေ ပြောင်းလဲသွားတယ်ဆိုတာမျိုးတွေ၊ သူမဟာ သင့်အတွက် ဘယ်လိုထူးခြားတယ်ဆိုတာမျိုးလေးတွေ ရေးသားပါ။ ဒီလို လုပ်ခြင်းအားဖြင့် သင်ဟာ အခြားအချစ်ရေးတွေထက် ထူးခြားတဲ့ အချစ်ရေးတစ်ခု ပိုင်ဆိုင်ထားတယ်ဆိုတာ သင့်ကိုယ်သင် သတိပေးသလို ဖြစ်သွားပါလိမ့်မယ်။

၅။ အလွယ်တကူ ဖြေရှင်းလို့ရမယ့်နည်းအစား ရေရှည်အတွက်အဆင်ပြေမယ့် နည်းကိုသာ ရွေးပါ။
သင်တို့နှစ်ယောက် ပြသနာတွေတက်တိုင်း ဒီအချစ်ရေးက ရှေ့ဆက်သွားဖို့တောင် ဖြစ်နိုင်ပါတော့မလားလို့ အမြဲတွေးမိပါလိမ့်မယ်။ သင်ဟာ ဒီအချစ်ကို လက်မလွှတ်နိုင်ဘူး၊ ရှေ့ဆက်သွားသင့်တဲ့ အချစ်ရေးတစ်ခု ဆိုရင်တော့ ပြသနာကို ပြီးပြီးရော မရှင်းပါနဲ့။ အလွယ်တကူ လိမ်ညာပြီး ရှင်းလိုက်တာမျိုးလည်း မလုပ်ပါနဲ့။ ရေရှည်အတွက် အဆင်ပြေမယ့် နည်းကိုသာ သုံးပြီး နှစ်ဦးသားသံယောဇဉ်ပိုမြဲအောင် ကြိုးစားပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top