Property Expo
×


ဆစ်တပ်လွမ်၊ ယောင်ဝေ ချင်းနှင့် အက်ဒ၀ပ်ယူတို့၏ ကျမ်း သစ္စာကျိန်ဆိုမှုသည် အတည်မ ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်ကက်နက်သ်ချန်ကပြောသည်။







Credit:7Day Daily

Unicode Version

ကျမ်းသစ္စာကျိန် ဆိုမှုကို တရုတ်ဆန့်ကျင်ရေး ကန့်ကွက်မှုများ ပြုလုပ်ရန် အသုံးချ ခဲ့ကြပြီးနောက် ဟောင်ကောင် ဥပဒေပြုအမတ်သုံးဦးသည် ကျမ်းသစ္စာကျိန်ဆိုကာ ဥပဒေပြုကောင်စီဝင်များ ဖြစ်လာသည်။

ဆစ်တပ်လွမ်၊ ယောင်ေ၀ ချင်းနှင့် အက်ဒဝပ်ယူတို့၏ ကျမ်း သစ္စာကျိန်ဆိုမှုသည် အတည်မ ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်ကက်နက်သ်ချန်ကပြောသည်။


 လွတ်လပ်ရေးထောက်ခံ သော Young spiration ပါတီဝင် လွမ်နှင့် ဝေချင်းတို့သည် ကျမ်းသစ္စာကျိန်ဆိုနေစဉ် မဖွယ်မရာ ပြောဆိုခဲ့ပြီး တရုတ်နိုင်ငံကို အသံထွက်ပြောင်းလဲရွတ်ဆိုခဲ့သည်။

၎င်းတို့နှစ်ဦးက ဟောင် ကောင်သည် တရုတ်နိုင်ငံမဟုတ်ဟု စာတန်းပါအလံကိုလည်း ပြသခဲ့သည်။

တစ်သီးပုဂ္ဂလ တစ်ဦးဖြစ် သော တတိယကန့်ကွက်သူ မစ္စ တာ ယူက ကျမ်းသစ္စာကျိန်ဆိုမှု တွင် ကိုယ်ပိုင်စာသားအချို့ ထည့်သွင်းခဲ့ပြီး စစ်မှန်သောနိုင်ငံတကာ မဲပေးခွင့်အတွက် တိုက်ပွဲဝင်သွား မည်ဟု ပြောကြားခဲ့သည်။

 ဟောင်ကောင်အတွက် ကိုယ်ပိုင်အုပ်ချုပ်ရေး ပိုပေးရန် (သို့မဟုတ်) အပြည့်အ၀ လွတ်လပ်ရေး တောင်းဆိုခဲ့ကြသော ကိုယ်စားလှယ်လောင်း အများအပြား ဥပဒေပြုအမတ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ပြီးခဲ့သောလ ရွေး ကောက်ပွဲပြီးနောက် ဥပဒေပြု ကောင်စီ၏ ပထမဆုံးစည်းဝေးပွဲ ၌ ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပ ခြင်းဖြစ်သည်။

ယင်းအမတ် အများအပြား သည် ၂၀၁၄ ဒီမိုကရေစီထောက်ခံ ဆန္ဒပြပွဲများတွင် အရေးပါသော ပုဂ္ဂိုလ်များဖြစ်ခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top