Property Expo
×

အတိတ္မွာ ရင္ဆိုင္ခဲ့ရတဲ့ ျဖစ္ရပ္ဆိုးေတြကို ေမ့ပစ္ခ်င္တာမ်ိဳး အားလံုးျဖစ္ဖူးၾကမွာပါ။

ျပန္မလိုခ်င္ေတာ့တဲ့ ဦးေႏွာက္မွတ္ဥာဏ္အခ်ိဳ႕ကို အၿပီးတိုင္ ဖ်က္ဆီးလိုက္တယ္ဆိုိတာ နည္းပညာအေျချပဳ သိပၸံဇာတ္ကားေတြထဲမွာပဲ ေတြ႔ရေလ့ရွိပါတယ္။ အခုေတာ့ အျပင္မွာလည္း တကယ္ျဖစ္ႏုိင္ေၾကာင္း သိပၸံပညာရွင္ေတြက သက္ေသျပလိုက္ပါၿပီ။
အထူးသျဖင့္ အတိတ္မွာ ကိုယ့္အတြက္ဆိုး႐ြားတဲ့၊ နာက်င္္ခဲ့ရတဲ့ မွတ္ဥာဏ္မ်ိဳးဆိုရင္ ဘယ္သူမွ ျပန္သတိမရခ်င္ၾကပါဘူး။ အၿပီးတိုင္ေမ့ပစ္ဖို႔ဆိုတာလည္း မလြယ္လွပါဘူး။ ဒီနည္းလမ္းကို သိပၸံပညာရွင္ေတြ ရွာေတြ႔ခဲ့ၿပီဆိုတာ အေမရိကမွာ မွတ္တမ္း႐ုပ္ရွင္တစ္ခုထဲမွာ ထည့္သြင္းျပသလုိုက္ပါတယ္။ မွတ္တမ္း႐ုပ္ရွင္နာမည္က Memory Hackers လို႔ ေခၚပါတယ္။

လူသားေတြရဲ႕ ဦးေႏွာက္မွတ္ဥာဏ္ဟာ မွတ္တမ္းတင္ထားတဲ့ ဗီဒီယိုတိပ္ေခြတစ္ခုနဲ႔ တူတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ တိပ္ေခြနဲ႔တူတဲ့ ဦးေႏွာက္ႀကီးကို ျပန္ရစ္ၾကည့္ႏိုင္သလို အေပၚက ေနာက္ထပ္မွတ္ဥာဏ္တစ္ခုနဲ႔လည္း အစားထိုးႏုိင္တယ္လို႔ မွတ္တမ္း႐ုပ္ရွင္ ႐ိုက္ကူးခဲ့ၾကသူေတြက ေျပာပါတယ္။ PBS အဖြဲ႔က သိပၸံပညာနဲ႔ပတ္သတ္တဲ့ ေလ့လာေတြ႔ရွိခ်က္ေတြကို မွတ္တမ္း႐ုပ္ရွင္အေနနဲ႔ ျပသေလ့ရွိပါတယ္။
ေအာက္ပါလင့္ခ္မွာ နမူနာ ၾကည့္ႏုိင္ပါတယ္။
https://www.youtube.com/watch?v=MZXmWOju1V8
႐ိုက္ကူးထားတဲ့ မွတ္တမ္း႐ုပ္ရွင္ထဲမွာေတာ့ ၁၂ ႏွစ္သားအ႐ြယ္ လူငယ္တစ္ဦးနဲ႔ စမ္းသပ္ခဲ့တာပါ။ အဆိုပါ လူငယ္ေလးမွာ ငယ္စဥ္က ျဖစ္ရပ္အခ်ိဳ႕ကို အေသးစိတ္ျပန္မွတ္မိေနတဲ့ ေရာဂါရွိေနၿပီး အဲဒါေတြဟာဆိုး႐ြားလြန္းတာေၾကာင့္ သူသတိမရခ်င္ခဲ့ပါဘူး။ သိပၸံပညာရွင္ေတြ ေတြ႔ရွိတဲ့ နည္းလမ္းနဲ႔ သူ႔ရဲ႕ မွတ္ဥာဏ္ဆိုးအခ်ိဳ႕ကို ေခ်ဖ်က္ႏိုင္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version
အတိတ်မှာ ရင်ဆိုင်ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေကို မေ့ပစ်ချင်တာမျိုး အားလုံးဖြစ်ဖူးကြမှာပါ။

ပြန်မလိုချင်တော့တဲ့ ဦးနှောက်မှတ်ဉာဏ်အချို့ကို အပြီးတိုင် ဖျက်ဆီးလိုက်တယ်ဆိုတာ နည်းပညာအခြေပြု သိပ္ပံဇာတ်ကားတွေထဲမှာပဲ တွေ့ရလေ့ရှိပါတယ်။ အခုတော့ အပြင်မှာလည်း တကယ်ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက သက်သေပြလိုက်ပါပြီ။
အထူးသဖြင့် အတိတ်မှာ ကိုယ့်အတွက်ဆိုးရွားတဲ့၊ နာကျင်ခဲ့ရတဲ့ မှတ်ဉာဏ်မျိုးဆိုရင် ဘယ်သူမှ ပြန်သတိမရချင်ကြပါဘူး။ အပြီးတိုင်မေ့ပစ်ဖို့ဆိုတာလည်း မလွယ်လှပါဘူး။ ဒီနည်းလမ်းကို သိပ္ပံပညာရှင်တွေ ရှာတွေ့ခဲ့ပြီဆိုတာ အမေရိကမှာ မှတ်တမ်းရုပ်ရှင်တစ်ခုထဲမှာ ထည့်သွင်းပြသလိုက်ပါတယ်။ မှတ်တမ်းရုပ်ရှင်နာမည်က Memory Hackers လို့ ခေါ်ပါတယ်။

လူသားတွေရဲ့ ဦးနှောက်မှတ်ဉာဏ်ဟာ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတိပ်ခွေတစ်ခုနဲ့ တူတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တိပ်ခွေနဲ့တူတဲ့ ဦးနှောက်ကြီးကို ပြန်ရစ်ကြည့်နိုင်သလို အပေါ်က နောက်ထပ်မှတ်ဉာဏ်တစ်ခုနဲ့လည်း အစားထိုးနိုင်တယ်လို့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့ကြသူတွေက ပြောပါတယ်။ PBS အဖွဲ့က သိပ္ပံပညာနဲ့ပတ်သတ်တဲ့ လေ့လာတွေ့ရှိချက်တွေကို မှတ်တမ်းရုပ်ရှင်အနေနဲ့ ပြသလေ့ရှိပါတယ်။
အောက်ပါလင့်ခ်မှာ နမူနာ ကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=MZXmWOju1V8
ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာတော့ ၁၂ နှစ်သားအရွယ် လူငယ်တစ်ဦးနဲ့ စမ်းသပ်ခဲ့တာပါ။ အဆိုပါ လူငယ်လေးမှာ ငယ်စဉ်က ဖြစ်ရပ်အချို့ကို အသေးစိတ်ပြန်မှတ်မိနေတဲ့ ရောဂါရှိနေပြီး အဲဒါတွေဟာဆိုးရွားလွန်းတာကြောင့် သူသတိမရချင်ခဲ့ပါဘူး။ သိပ္ပံပညာရှင်တွေ တွေ့ရှိတဲ့ နည်းလမ်းနဲ့ သူ့ရဲ့ မှတ်ဉာဏ်ဆိုးအချို့ကို ချေဖျက်နိုင်ခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top