Property Expo
×

ဟူးေကာင္းခ်ဳိင့္၀ွမ္းတစ္ေနရာတြင္ေတြ႕ရသည့္ ျမန္မာ့က်ားတစ္ေကာင္ (ဓာတ္ပံု-forevertop.asia)

က်ားမ်ားသတ္ျဖတ္ခံ ေနရျခင္းႏွင့္အစိတ္အပုိင္းမ်ားတ ရားမ၀င္ေမွာင္ခုိေရာင္း၀ယ္မႈျပ ႆနာမ်ားကို အဓိကထားေျဖရွင္း ရမည့္ႏုိင္ငံမ်ားတြင္ ျမန္မာႏုိင္ငံ ပါ၀င္ေနသည္ဟု ေတာ႐ုိင္း တိရစၧာန္ႏွင့္ သဘာ၀သစ္ေတာ ထြက္အရင္းအျမစ္မ်ားကူးသန္း ေရာင္း၀ယ္မႈေစာင့္ၾကည့္ေရးအ ဖြဲ႕အစည္း(TRAFFIC)က သတင္း ထုတ္ျပန္သည္။

ေတာင္အာဖရိကတြင္က်င္း ပေနေသာ ကမၻာ့အႀကီးဆုံးသား ငွက္ႏွင့္အပင္မ်ားကုန္သြယ္မႈ ဆုိင္ရာအစည္းအေ၀း၌   က်ား မ်ားတရားမ၀င္ကုန္သြယ္မႈႏွင့္ ပတ္သက္၍ အေရးတႀကီးမေဆြး ေႏြးမီ TRAFFICအဖြဲ႕က ထုတ္ျပန္ လုိက္္သည့္အေရခြံႏွင့္ အ႐ုိးမ်ား ေလ်ာ့နည္းသြားမႈကို ျပန္လည္ ဆန္းစစ္ျခင္းအစီရင္ခံစာတြင္ ၂၀၀၀ျပည့္ႏွစ္မွ ယခုအခ်ိန္အထိ အာရွတစ္လႊား၌ က်ားႏွင့္က်ားမွထုတ္လုပ္သည့္အစိတ္အပုိင္း ပစၥည္းမ်ားသိမ္းဆည္းရမိမႈမွာ ၈၀၁ခုရွိေၾကာင္းေဖာ္ျပထား သည္။

ယင္းစာရင္းတြင္ ျမန္မာႏုိင္ ငံအတြင္း ဖမ္းဆီးရမိမႈမွတ္တမ္း မွာ သုံးႀကိမ္သာရွိေသာ္လည္းဥပ ေဒစုိးမုိးမႈအားနည္းျခင္းႏွင့္ အစုိး ရထိန္းခ်ဳပ္မႈဧရိယာျပင္ပတြင္အ မ်ားဆုံးရွိေနသည့္ အထိန္းအကြပ္ မဲ့လြတ္လပ္ေနေသာေစ်းကြက္ မ်ားရွိေနျခင္းတုိ႔ေၾကာင့္ အဓိကထားေျဖရွင္းရမည့္ႏုိင္ငံအျဖစ္ထည့္သြင္းေဖာ္ျပထားျခင္းျဖစ္သည္။ ကမၻာလုံးဆုိင္ရာသဘာ၀ ပတ္၀န္းက်င္ရန္ပုံေငြအဖြဲ႕(WWF)ႏွင့္ TRAFFIC၏ ေလ့လာ မႈအမ်ားအရ ထုိင္း-ျမန္မာနယ္ စပ္ရွိ တာခ်ီလိတ္ၿမိဳ႕ႏွင့္ တ႐ုတ္- ျမန္မာနယ္စပ္ရွိ မုိင္းလားၿမိဳ႕တို႔ တြင္ က်ားႏွင့္က်ားသစ္ထြက္အ စိတ္အပုိင္းမ်ားသည္ ျမန္မာႏုိင္ငံ ျပည္တြင္းႏွင့္အိမ္နီးခ်င္းႏုိင္ငံတုိ႔မွ ရရွိျခင္းျဖစ္သည္ဟု ဆုိသည္။

‘‘မုိင္းလားေစ်းကြက္မွာ က်ားနဲ႔ပတ္သက္တဲ့ေရာင္း၀ယ္မႈ က ၂၀၀၆နဲ႔ ၂၀၁၄အတြင္းမွာသုံး ဆျမင့္တက္ခဲ့ပါတယ္။ ဒီအေရး ပါတဲ့ မ်ဳိးစိတ္ေတြကို ထိန္းသိမ္း ခ်င္တယ္ဆုိရင္ေတာ့ ဥပေဒစုိးမုိး ေရးကို အားျဖည့္ၿပီး ဒီေစ်းကြက္ ေတြကို ပိတ္သိမ္းႏုိင္ဖုိ႔အေရးႀကီး ပါတယ္’’ဟု WWFျမန္မာ၏ထိန္း သိမ္းေစာင့္ေရွာက္ေရးၫႊန္ၾကား ေရးမွဴးနစ္ေကာ့စ္ကဆုိသည္။

TRAFFICႏွင့္ WWFတုိ႔ထုတ္ ျပန္သည့္အစီရင္ခံစာသစ္တြင္ လည္း  ၂၀၀၀ႏွင့္  ၂၀၁၅ၾကား ကာလ၌ အနည္းဆုံးက်ား ၁,၇၇၅ေကာင္ႏွင့္ညီမွ်သည့္ အစိတ္အပုိင္းမ်ားသိမ္းဆည္းရမိခဲ့ျခင္း ေၾကာင့္ အာရွတစ္လႊားတြင္ က်ားမ်ားတရားမ၀င္ကုန္သြယ္မႈက်ဆင္းျခင္းမရွိေၾကာင္း  အစီရင္ခံစာ၌ ေဖာ္ျပထားသည္။

ကမၻာ့ေတာမ်ားတြင္ခန္႔မွန္း က်ားေကာင္ေရ ၃,၉၀၀သာက်န္ရွိ ေတာ့ခ်ိန္၌ သိမ္းဆည္းရမိေသာ တိရစၧာန္အစိတ္အပုိင္းမ်ား  မ်ားသည္ ဖမ္းဆီးေမြးျမဴထား ေသာ လုပ္ငန္းမ်ားမွထြက္ရွိလာ ျခင္းျဖစ္ၿပီး ၂၀၁၂-၁၅ကာလအ တြင္း သိမ္းဆည္းရမိခဲ့သည့္က်ား  ႏွင့္ က်ားအစိတ္အပုိင္းမ်ား၏ အ နည္းဆုံး ၃၀ရာခုိင္ႏႈန္းသည္ ဖမ္း ဆီးေမြးျမဴထားသည့္က်ားမ်ားျဖစ္ သည္ဟုဆုိသည္။

က်ားႏွင့္ က်ားအစိတ္အပုိင္း မ်ားကုိ ႏုိင္ငံတကာတြင္ကုန္သြယ္မႈပိတ္ပင္ထားသည္မွာဆယ္စုႏွစ္မ်ားစြာ ၾကာျမင့္ေနၿပီျဖစ္ေသာ္လည္း တရားမ၀င္ေရာင္းခ်ရန္ဖမ္းဆီးမႈမ်ားကပင္ ယင္းသုိ႔အသက္ရွင္ရပ္တည္မႈကို တုိက္႐ုိက္ ၿခိမ္းေျခာက္ေနဆဲျဖစ္ေၾကာင္း သားငွက္ထိန္းသိမ္းေရး   လုပ္ ေဆာင္ေနသူမ်ားကဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဟူးကောင်းချိုင့်ဝှမ်းတစ်နေရာတွင်တွေ့ရသည့် မြန်မာ့ကျားတစ်ကောင် (ဓာတ်ပုံ-forevertop.asia)

ကျားများသတ်ဖြတ်ခံ နေရခြင်းနှင့်အစိတ်အပိုင်းများတ ရားမဝင်မှောင်ခိုရောင်းဝယ်မှုပြ ဿနာများကို အဓိကထားဖြေရှင်း ရမည့်နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်နေသည်ဟု တောရိုင်း တိရစ္ဆာန်နှင့် သဘာဝသစ်တော ထွက်အရင်းအမြစ်များကူးသန်း ရောင်းဝယ်မှုစောင့်ကြည့်ရေးအ ဖွဲ့အစည်း(TRAFFIC)က သတင်း ထုတ်ပြန်သည်။

တောင်အာဖရိကတွင်ကျင်း ပနေသော ကမ္ဘာ့အကြီးဆုံးသား ငှက်နှင့်အပင်များကုန်သွယ်မှု ဆိုင်ရာအစည်းအဝေး၌   ကျား များတရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ အရေးတကြီးမဆွေး နွေးမီ TRAFFICအဖွဲ့က ထုတ်ပြန် လိုက်သည့်အရေခွံနှင့် အရိုးများ လျော့နည်းသွားမှုကို ပြန်လည် ဆန်းစစ်ခြင်းအစီရင်ခံစာတွင် ၂၀၀၀ပြည့်နှစ်မှ ယခုအချိန်အထိ အာရှတစ်လွှား၌ ကျားနှင့်ကျားမှထုတ်လုပ်သည့်အစိတ်အပိုင်း ပစ္စည်းများသိမ်းဆည်းရမိမှုမှာ ၈၀၁ခုရှိကြောင်းဖော်ပြထား သည်။

ယင်းစာရင်းတွင် မြန်မာနိုင် ငံအတွင်း ဖမ်းဆီးရမိမှုမှတ်တမ်း မှာ သုံးကြိမ်သာရှိသော်လည်းဥပ ဒေစိုးမိုးမှုအားနည်းခြင်းနှင့် အစိုး ရထိန်းချုပ်မှုဧရိယာပြင်ပတွင်အ များဆုံးရှိနေသည့် အထိန်းအကွပ် မဲ့လွတ်လပ်နေသောဈေးကွက် များရှိနေခြင်းတို့ကြောင့် အဓိကထားဖြေရှင်းရမည့်နိုင်ငံအဖြစ်ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာသဘာ၀ ပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့(WWF)နှင့် TRAFFIC၏ လေ့လာ မှုအများအရ ထိုင်း-မြန်မာနယ် စပ်ရှိ တာချီလိတ်မြို့နှင့် တရုတ်- မြန်မာနယ်စပ်ရှိ မိုင်းလားမြို့တို့ တွင် ကျားနှင့်ကျားသစ်ထွက်အ စိတ်အပိုင်းများသည် မြန်မာနိုင်ငံ ပြည်တွင်းနှင့်အိမ်နီးချင်းနိုင်ငံတို့မှ ရရှိခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘မိုင်းလားဈေးကွက်မှာ ကျားနဲ့ပတ်သက်တဲ့ရောင်းဝယ်မှု က ၂၀၀၆နဲ့ ၂၀၁၄အတွင်းမှာသုံး ဆမြင့်တက်ခဲ့ပါတယ်။ ဒီအရေး ပါတဲ့ မျိုးစိတ်တွေကို ထိန်းသိမ်း ချင်တယ်ဆိုရင်တော့ ဥပဒေစိုးမိုး ရေးကို အားဖြည့်ပြီး ဒီဈေးကွက် တွေကို ပိတ်သိမ်းနိုင်ဖို့အရေးကြီး ပါတယ်’’ဟု WWFမြန်မာ၏ထိန်း သိမ်းစောင့်ရှောက်ရေးညွှန်ကြား ရေးမှူးနစ်ကော့စ်ကဆိုသည်။

TRAFFICနှင့် WWFတို့ထုတ် ပြန်သည့်အစီရင်ခံစာသစ်တွင် လည်း  ၂၀၀၀နှင့်  ၂၀၁၅ကြား ကာလ၌ အနည်းဆုံးကျား ၁,၇၇၅ကောင်နှင့်ညီမျှသည့် အစိတ်အပိုင်းများသိမ်းဆည်းရမိခဲ့ခြင်း ကြောင့် အာရှတစ်လွှားတွင် ကျားများတရားမဝင်ကုန်သွယ်မှုကျဆင်းခြင်းမရှိကြောင်း  အစီရင်ခံစာ၌ ဖော်ပြထားသည်။

ကမ္ဘာ့တောများတွင်ခန့်မှန်း ကျားကောင်ရေ ၃,၉၀၀သာကျန်ရှိ တော့ချိန်၌ သိမ်းဆည်းရမိသော တိရစ္ဆာန်အစိတ်အပိုင်းများ  များသည် ဖမ်းဆီးမွေးမြူထား သော လုပ်ငန်းများမှထွက်ရှိလာ ခြင်းဖြစ်ပြီး ၂၀၁၂-၁၅ကာလအ တွင်း သိမ်းဆည်းရမိခဲ့သည့်ကျား  နှင့် ကျားအစိတ်အပိုင်းများ၏ အ နည်းဆုံး ၃၀ရာခိုင်နှုန်းသည် ဖမ်း ဆီးမွေးမြူထားသည့်ကျားများဖြစ် သည်ဟုဆိုသည်။

ကျားနှင့် ကျားအစိတ်အပိုင်း များကို နိုင်ငံတကာတွင်ကုန်သွယ်မှုပိတ်ပင်ထားသည်မှာဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သော်လည်း တရားမဝင်ရောင်းချရန်ဖမ်းဆီးမှုများကပင် ယင်းသို့အသက်ရှင်ရပ်တည်မှုကို တိုက်ရိုက် ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေး   လုပ် ဆောင်နေသူများကဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top