Property Expo
×
Credit:Duwun
#Unicode Version
ပုံမှန်အတိုင်းနေရင်ကို မျက်နှာက စူပုပ်နေသူတွေပါ။
လူတွေရဲ့စိတ်ခံစားချက်က မျက်နှာမှာပေါ်တယ် ဆိုပေမဲ့လည်း မျက်နှာကြောတင်းသူတွေကတော့ မျက်နှာမှာ ခံစားချက် သိပ်မပေါ်တဲ့သူတွေပဲ ဖြစ်ပါတယ်။ မျက်နှာကြောတင်းသူတွေကြုံရတဲ့ ဒုက္ခတချို့ရှိပါတယ်။
၁။ သင်မပြုံးတဲ့အချိန် တစ်ခုခု ဖြစ်နေပြီလို့ လူတွေက ယူဆကြတယ်။
၂။ ဘာဖြစ်လို့လဲ၊ စိတ်တိုနေတာလား၊ ငါ့ကို စိတ်ဆိုးတာလား စတဲ့ မေးခွန်းတွေ တရစပ် မေးခံရတယ်။
၃။ လူတွေက သင့်ကို ဇွတ်တင်းပြုံးခိုင်းပြီး ဓာတ်ပုံရိုက်ဖို့ ကြိုးစားတယ်။
၄။ သင် ဘယ်သူ့ကိုမှ စိတ်မဆိုးပါဘူးလို့ ရှင်းပြတောင်းပန်ရတာကို စိတ်ပျက်မိတယ်။
၅။ သင် ဟာသလုပ်လိုက်တာနဲ့ လူတွေက အံ့သြကုန်ပြီး ဟာသဉာဏ်ရှိသေးသားပဲလို့ တွေးကြတယ်။
၆။ အဆင်ပြေရဲ့လား လူတွေက သင့်ကို ၁၀ မိနစ် တစ်ကြိမ်လောက် မေးတယ်။
၇။ သင် ပျင်းနေပြီလို့ တစ်ချိန်လုံး လူတွေက ထင်ကြတယ်။
၈။ သင့်မှာ စိတ်ဆင်းရဲစရာ ပြဿနာတစ်ခုခုရှိနေတယ်လို့ အထင်မှားခံရတယ်။
၉။ အစပိုင်းမှာ လူတွေက သင့်ကို လန့်ကြတဲ့အတွက် အကြောင်းမသိသေးသရွေ့ ခင်ချင်တဲ့သူ ရှားတယ်။
၁၀။ ဒီနေ့ သင် စိတ်ညစ်နေတယ်လို့ တွေ့တဲ့လူတိုင်းက ထင်နေကြတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top