စင်္ကာပူတွင်ကျင်းပမည့် ကိုယ်ပိုင်ကမ်းခြေအသစ် Kangyi Paradise ရှိ မြေကွက် နှင့် Service Apartment အရောင်းပြပွဲ
×











Credit:7Day Daily

Unicode Version

 ချန်ပီယံလိဂ်ရလဒ်များ ကို ကြည့်လျှင် လက်စတာအသင်း သည် အားလုံးအဆင်ပြေနေသည် ဟု ထင်မှတ်ရသည်။ သုံးပွဲကစား၊ သုံးပွဲနိုင်ပြီး ပေးဂိုးလည်း မရှိပေ။


သို့သော်ပရီးမီးယားလိဂ် ချန်ပီယံဆုကာကွယ်ရာတွင်မူ လက် စတာအတွက် အခြေအနေမဟန် သေးပေ။

ယမန်နှစ်က လူမသိ၊ သူ မသိအခြေအနေမှ ချန်ပီယံဖြစ် လာသောအသင်းသည် ယင်းပုံစံပြန်ရမည်ဟု မမျှော်လင့်ခဲ့သော် လည်း  ယခုကဲ့သို့ ယိမ်းယိုင်သွားမည်ဟု မမျှော်လင့်ကြပေ။

‘‘ပရီးမီးယားလိဂ်အကြောင်း တွေးမိရင် ကျွန်တော်အရမ်းဒေါ သထွက်တယ်’’ဟု သာမန်အား ဖြင့် နှစ်လိုဖွယ်ရာရှိသော ရာနီရေ ရီက ပြောကြားသည်။

လက်စတာသည် ပရီးမီး ယားလိဂ်ဇယားနံပါတ် (၁၃) နေ ရာ၌ ရောက်နေပြီး ယခုစနေနေ့ ခရစ္စတယ်ပဲလေ့စ်နှင့် ရင်ဆိုင်ရ မည်ဖြစ်သည်။

ချန်ပီယံလိဂ်အပြောင်းအ လဲမှာ အာရုံစိုက်မှုပြောင်းလဲခြင်း ဖြစ်နိုင်သည်ဟု ရာနီရေရီက ယုံ ကြည်နေသည်။ လက်စတာသည် ချန်ပီယံလိဂ်တွင် ပထမဆုံးအ ကြိမ် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

‘‘ဒါဟာ စိတ်ပိုင်းဆိုင်ရာ ပါပဲ။ ချန်ပီယံလိဂ်မှာ ကစားတဲ့ အခါ အာရုံစူးစိုက်မှုအပြည့်နဲ့ ကျွန်တော်တို့ အရမ်းကို စမတ် ကျတယ်’’ဟု ရာနီရေရီက ပြော ကြားပြီး ပရီးမီးယားလိဂ်ပွဲစဉ် များတွင်လည်း အာရုံစိုက်ရန် ၎င်း က အသင်းအား တိုက်တွန်းလိုက် သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top