Property Expo
×

စစ္ကုိင္းတုိင္းေဒသၾကီး ၊တမူးျမဳိ႕နယ္ ၊နန္းဖာလုံေစ်းအနီး၌ ယေန႔ (ေအာက္တိုဘာလ ၂ရက္) မြန္းလြဲ ၁နာရီအခ်ိန္ခန္႔တြင္ လူေလးဦးက လူတစ္ဦးကုိေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း တမူးလူငယ္ကြန္ရက္ နယ္စပ္ေစာင့္ၾကည့္ေရး အဖြဲ႔ထံမွ သိရသည္။

“က်ြန္ေတာ္တုိ႔ ျမန္မာျပည္ဘက္ထဲမွာပဲ နန္႔ဖာလုံေစ်းသြားတဲ့ လမ္းဆုံနားမွာပဲ လူတစ္ဦးကုိ လက္နက္နဲ႕ပစ္သြားတာ။ ခါးကုိ တစ္ခ်က္ထိသြားတယ္။ ကၽြန္ေတာ္ အခုပဲ သူ႔ကုိ ေသြးလွဴျပီး ျပန္လာတာ။”ဟု တမူးလူငယ္ကြန္ရက္ နယ္စပ္ေစာင့္ၾကည့္ေရးအဖြဲ႔မွ ကုိယဥ္ကုိဦးက ေျပာသည္။

ေသနတ္ႏွင့္အပစ္ခံရသူမွာ တမူးျမဳိ႕နယ္(၈)ရပ္ကြက္ေန ဦးသန္းေထြးျဖစ္ျပီး နန္းဖာလုံေစ်း သုံးဘီးဂိတ္အနီးတြင္ ႏွစ္ခ်က္ပစ္ခတ္ခံရျခင္းျဖစ္သည္။ ပထမတစ္ခ်က္မွာ ၄င္း၏ဆုိင္ကယ္သုိ႔ ထိမွန္ျပီး ဒုတိယတစ္ခ်က္မွာ ၄င္း၏ခါးသုိ႔ ထိမွန္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ပစ္တဲ့သူေတြက ဟုိဘက္ကမ္းကုိ ေျပးသြားတယ္။ မဖမ္းမိလုိက္ဘူး။ အပစ္ခံရတဲ့သူကုိေတာ့ တမူးျမဳိ႕ ျပည္သူ႕ေဆးရုံကုိ တင္ပုိ႔ထားတယ္။”ဟု တမူးျမိဳ႕နယ္ရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ေဒသခံမ်ား၏ ေျပာဆုိခ်က္မ်ားအရ ေသနတ္ျဖင့္ပစ္ခတ္သြားသူ ေလးဦးလုံး၏ လက္ထဲတြင္ ေသနတ္မ်ားပါရွိျပီး အခင္းျဖစ္ပြားရာေနရာတြင္ ၾကဳိတင္ေစာင့္ဆုိင္းေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:SKY Land News & Entertainment Media

#Unicode Version
စစ်ကိုင်းတိုင်းဒေသကြီး ၊တမူးမြို့နယ် ၊နန်းဖာလုံဈေးအနီး၌ ယနေ့ (အောက်တိုဘာလ ၂ရက်) မွန်းလွဲ ၁နာရီအချိန်ခန့်တွင် လူလေးဦးက လူတစ်ဦးကိုသေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တမူးလူငယ်ကွန်ရက် နယ်စပ်စောင့်ကြည့်ရေး အဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ မြန်မာပြည်ဘက်ထဲမှာပဲ နန့်ဖာလုံဈေးသွားတဲ့ လမ်းဆုံနားမှာပဲ လူတစ်ဦးကို လက်နက်နဲ့ပစ်သွားတာ။ ခါးကို တစ်ချက်ထိသွားတယ်။ ကျွန်တော် အခုပဲ သူ့ကို သွေးလှူပြီး ပြန်လာတာ။”ဟု တမူးလူငယ်ကွန်ရက် နယ်စပ်စောင့်ကြည့်ရေးအဖွဲ့မှ ကိုယဉ်ကိုဦးက ပြောသည်။

သေနတ်နှင့်အပစ်ခံရသူမှာ တမူးမြို့နယ်(၈)ရပ်ကွက်နေ ဦးသန်းထွေးဖြစ်ပြီး နန်းဖာလုံဈေး သုံးဘီးဂိတ်အနီးတွင် နှစ်ချက်ပစ်ခတ်ခံရခြင်းဖြစ်သည်။ ပထမတစ်ချက်မှာ ၎င်း၏ဆိုင်ကယ်သို့ ထိမှန်ပြီး ဒုတိယတစ်ချက်မှာ ၎င်း၏ခါးသို့ ထိမှန်ခြင်းဖြစ်ကြောင်း သိရသည်။

“ပစ်တဲ့သူတွေက ဟိုဘက်ကမ်းကို ပြေးသွားတယ်။ မဖမ်းမိလိုက်ဘူး။ အပစ်ခံရတဲ့သူကိုတော့ တမူးမြို့ ပြည်သူ့ဆေးရုံကို တင်ပို့ထားတယ်။”ဟု တမူးမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်များအရ သေနတ်ဖြင့်ပစ်ခတ်သွားသူ လေးဦးလုံး၏ လက်ထဲတွင် သေနတ်များပါရှိပြီး အခင်းဖြစ်ပွားရာနေရာတွင် ကြိုတင်စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:SKY Land News & Entertainment Media
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top