Property Expo
×
Credit: DUWUN
#Unicode Version
နာဇီခေါင်းဆောင် ဟစ်တလာ ငယ်ဘဝက နေထိုင်ခဲ့တဲ့ သြစတတြီးယားက အိမ်ကို ဖြိုဖျက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
နာဇီလမ်းစဉ်ကို အားကျတဲ့ ခေတ်သစ်နာဇီအဖွဲ့ဝင်တွေအတွက် သမိုင်းဝင်အဆောက်အဦအဖြစ် သဘောထားကြမှာကို စိုးရိမ်ရတဲ့ အတွက်ဖြစ်တယ်လို့ သိရပါတယ်။ ဒီအိမ်ရဲ့ အနာဂတ်နဲ့ပတ်သတ်ပြီး ငြင်းခုန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပြီးနောက် အာဏာပိုင်တွေက အိမ်ကို ဖြိုဖျက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ သြစတတြီးယား ပြည်ထဲရေးယန်ကြီး ဝုဖ်ဂန်းရဲ့ ပြောကြားချက်အရ ဒီအိမ်ကို ဖြိုဖျက်ဖို့ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအိမ်ကို ဖြိဖျက်ပြီး အဲဒီမြေနေရာပေါ်မှာ အစိုးရရုံးဌာန သို့မဟုတ် လူမှုရေးအသင်း အဖွဲ့အစည်းတစ်ခုခုရဲ့ ရုံးခန်းအဖြစ် ပြန်စိုက်ထူသွားမယ်လို့ ဆိုပါတယ်။ ဒီအိမ်ပိုင်ရှင်က အိမ်ကို ရောင်းချဖို့ ငြင်းဆန်ခဲ့ပြီးတဲ့နောက် အစိုးရနဲ့ အိမ်ရှင်အကြား အချေအတင် ဖြစ်ပွားခဲ့ပါသေးတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: DUWUN
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top