Property Expo
×






Credit : 7Day Daily

#Unicode Version

 စကော့တလန် သည် လွတ်လပ်သောနိုင်ငံ ဖြစ် လာလိမ့်မည်ဟု မိမိယုံကြည်မှု ပိုမိုခိုင်မာလာကြောင်း စကော့တ လန် ခွဲထွက်ရေးခေါင်းဆောင် မစ္စစ်နီကိုလာစတာဂျီယွန်ကပြောကြားပြီး ဗြိတိန်မှ ခွဲထွက်ရေး ဒုတိယ လူထုဆန္ဒခံယူပွဲအတွက် ပြင်ဆင်နေကြောင်းကို ၎င်းက အတည်ပြုပြောကြားသည်။

တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စကော့တလန်အစိုး ရ၏ ခေါင်းဆောင်နှင့် စကော့တ လန်အမျိုးသားပါတီ ခေါင်းဆောင် မစ္စစ်စတာဂျီယွန်က စကော့တ လန်အား ဥရောပသမဂ္ဂမှ ၎င်းတို့ ၏ ဆန္ဒမပါဘဲ ဆွဲထုတ်ခံရခြင်းကို ကာကွယ်ရန် နည်းလမ်းအားလုံး ရှာဖွေမည်ဟု ကတိပြုထားသည်။

သို့သော် ရွေးချယ်မှုအများ အပြားကို ဗြိတိန်အစိုးရက ပယ်ချ ထားပြီးဖြစ်ရာ လွတ်လပ်ရေးအ တွက် ဒုတိယအကြိမ် လူထုဆန္ဒ ခံယူပွဲသည် အလွန်ဖြစ်နိုင်ခြေရှိ သည်ဟု စတာဂျီယွန်က ပြော သည်။

‘‘တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ စကော့တလန်နိုင်ငံ လွတ်လပ် ရေးရမယ်ဆိုတာ ကျွန်မ ဘယ် တုန်းကမှ သံသယမရှိခဲ့ပါဘူး’’ ဟု ဂလက်ဆောမြို့၌ ကျင်းပနေ သော စကော့တလန်အမျိုးသား ပါတီ ညီလာခံနောက်ဆုံးနေ့တွင် ၎င်းကပြောကြားသည်။

ဒုတိယအကြိမ် လူထုဆန္ဒခံယူပွဲ ဥပဒေမူကြမ်းတစ်ရပ်ကို SNP ပါတီက စကော့တလန်ပါလီ မန်သို့ လာမည့်သီတင်းပတ်အ တွင်း တင်သွင်းမည်ဖြစ်ပြီး စကော့တလန်နိုင်ငံအား အီးယူအဖွဲ့တွင် ဆက်လက်ပါဝင်နေစေရေး အခြားနည်းလမ်းအားလုံး ကျရှုံးခဲ့ပါက ဗြိတိန်ထံမှ လွတ်လပ်ရေးရယူရန် လူထုဆန္ဒခံယူပွဲ ကျင်းပ သွားမည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top