Property Expo
×

အသင္းတိုက္စစ္မွဴး ဆြာရက္ဇ္ကို ဘာစီလိုနာအသင္းက လစာတိုးျမႇင့္ၿပီးစာခ်ဳပ္သစ္ ထပ္မံခ်ဳပ္ဆိုဖို႔ သေဘာတူညီလိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။ လက္ရွိလစာထက္ ေပါင္တစ္သိန္းအပိုထပ္ရမယ့္ စာခ်ဳပ္သစ္ေၾကာင့္ ဆြာရက္ဇ္ရဲ႕ လစာဟာ ေနမာရဲ႕ လစာနဲ႔တူညီသြားမွာ ျဖစ္ပါတယ္။

၂၀၁၄ ခုႏွစ္မွာ ဘာစီလိုနာကို ေရာက္ရွိလာတဲ့ ဆြာရက္ဇ္ဟာ တစ္ပတ္လုပ္ခလစာ ေပါင္ ၁၇၀၀၀၀ နဲ႔ ၂၀၁၁၉ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားတာ ျဖစ္ပါတယ္။ ဒါေပမဲ့ အခု အသစ္ခ်ဳပ္ဆိုမယ့္ စာခ်ဳပ္သစ္အရ တုိက္စစ္မွဴး ဆြာရက္ဇ္ဟာ တစ္ပတ္လုပ္ခလစာ ၂၇၂၀၀၀ ရရွိမွာျဖစ္ပါတယ္။ ဆြာရက္ဇ္ရဲ႕ စာခ်ဳပ္သက္တမ္းကို ေနာက္ထပ္ ၂ ႏွစ္ထပ္တိုးမွာျဖစ္လို႔ ၂၀၂၁ ခုႏွစ္အထိ ဘာစီလိုနာအသင္းမွာ ရွိေနမွာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းမွာ လုပ္ခလစာအမ်ားဆံုး ကစားသမားကေတာ့ မက္ဆီျဖစ္ေနဆဲ ျဖစ္ၿပီး တစ္ပတ္ကို လစာေငြ ေပါင္ သံုးသိန္းေျခာက္ေသာင္းေလာက္ ရရွိေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အသင်းတိုက်စစ်မှူး ဆွာရက်ဇ်ကို ဘာစီလိုနာအသင်းက လစာတိုးမြှင့်ပြီးစာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ သဘောတူညီလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ လက်ရှိလစာထက် ပေါင်တစ်သိန်းအပိုထပ်ရမယ့် စာချုပ်သစ်ကြောင့် ဆွာရက်ဇ်ရဲ့ လစာဟာ နေမာရဲ့ လစာနဲ့တူညီသွားမှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ဘာစီလိုနာကို ရောက်ရှိလာတဲ့ ဆွာရက်ဇ်ဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၁၇၀၀၀၀ နဲ့ ၂၀၁၁၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု အသစ်ချုပ်ဆိုမယ့် စာချုပ်သစ်အရ တိုက်စစ်မှူး ဆွာရက်ဇ်ဟာ တစ်ပတ်လုပ်ခလစာ ၂၇၂၀၀၀ ရရှိမှာဖြစ်ပါတယ်။ ဆွာရက်ဇ်ရဲ့ စာချုပ်သက်တမ်းကို နောက်ထပ် ၂ နှစ်ထပ်တိုးမှာဖြစ်လို့ ၂၀၂၁ ခုနှစ်အထိ ဘာစီလိုနာအသင်းမှာ ရှိနေမှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းမှာ လုပ်ခလစာအများဆုံး ကစားသမားကတော့ မက်ဆီဖြစ်နေဆဲ ဖြစ်ပြီး တစ်ပတ်ကို လစာငွေ ပေါင် သုံးသိန်းခြောက်သောင်းလောက် ရရှိနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top