Kantharyar Centre
×

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္အတြင္း နယ္ ေျမလံုၿခံဳေရးေဆာင္ရြက္ေနေသာ တပ္မေတာ္စစ္ေၾကာင္းသည္ ေအာက္တိုဘာ ၂၆ ရက္က ငါး စာၾကဴးေက်းရြာအတြင္း ဝင္ ေရာက္ရွင္းလင္းရာ ေျပာင္ပိုက္ ေက်းရြာအနီး တပ္မေတာ္စစ္ ေၾကာင္းႏွင့္ ျဖစ္ပြားေသာ ျဖစ္ စဥ္တြင္ ပါဝင္ခဲ့သူ၁၀ ဦးကို ဖမ္းဆီးရမိၿပီး နတ္ျမစ္အတြင္းမွ မသကၤာသူငါးဦး စုစုေပါင္း ၁၅ ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း အစိုးရက သတင္းထုတ္ျပန္သည္။

ငါးစားၾကဴးေက်းရြာအတြင္း မွ ဖမ္းဆီးရမိသူမ်ားသည္အာကူ ဟာေလာင္၊ ခါမားဟူေဆး၊ အာဘူအာေလာင္၊ ဇာရြတ္အာ ေလာင္၊ ႏူ႐ူကာမိုင္၊ ဟာဘူအူး ေဆာင္း၊ ဂ်ဴရာေလာင္ႏွင့္ အာဘူ ေဘာ္ေရွာတို႔ျဖစ္ၿပီး ဖမ္းဆီးရမိသူ ရွစ္ဦးကို အမွတ္(၁) နယ္ျခား ေစာင့္ ကြပ္ကြဲမႈဌာနခ်ဳပ္ (က်ီး ကန္းျပင္)သို႔ စနစ္တက် လႊဲ ေျပာင္းအပ္ႏွံခဲ့ေၾကာင္း သိရ သည္။

ထို႔အျပင္ တပ္မေတာ္စစ္ ေၾကာင္းႏွင့္ နယ္ျခားေစာင့္ရဲတပ္ ဖြဲ႕ဝင္မ်ားက အၾကမ္းဖက္စီးနင္း တိုက္ခိုက္မႈတြင္ ပါဝင္သူမ်ားကို လိုက္လံေဖာ္ထုတ္ရွင္းလင္းရာ ေက်ာင္းေတာင္ေက်းရြာရွိ အဒူလာအား ၎၏ ေနအိမ္၌လည္း ေကာင္း၊ ၾကက္ေမာက္ေတာင္ အေနာက္ရြာေန ေဆြတာေမာက္ ကို ၎၏ေနအိမ္၌လည္းေကာင္း အသီးသီး ဖမ္းဆီးရမိၿပီး သက္ဆုိင္ရာရဲစခန္းမ်ားသို႔ စနစ္တက် လႊဲေျပာင္းအပ္ႏွံခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက သတင္း ထုတ္ျပန္ထားသည္။

ထို႔အျပင္ နတ္ျမစ္အတြင္း NAVYSEALs အဖြဲ႕က တိုက္ေရ ယာဥ္ျဖင့္ တိုက္ကင္းတာဝန္ထမ္း ေဆာင္စဥ္ ဦးရွဥ့္က်ေခ်ာင္း၏ ေတာင္ဘက္ကိုက္ ၃၀၀ ခန္႔ အကြာ ေခ်ာင္းေပါက္ငယ္အတြင္း မွ နတ္ျမစ္ဘက္သို႔ ေလွာ္ခတ္ လာေသာ ေလွႏွစ္စီးကို ေတြ႕ရွိ သျဖင့္ မီးျဖင့္အခ်က္ျပေခၚယူရာ ျပန္လွည့္ထြက္ေျပး၍ လိုက္လံ ဖမ္းဆီးရာ ဒီေရေတာအတြင္း ပုန္းေအာင္းေနသည့္ ဘဂၤါလီလူ မ်ဳိး အဒူဇူဝိုင္းႏွင့္ ၎၏ဇနီး ႏူကနိ၊ သမီး႐ုဂ်ီးနားႏွင့္ သားႏွစ္ ဦးျဖစ္သည့္ ဝါဟဲမူတိုဖာ၊ မူဟာ မက္ဟူပိုက္တို႔ငါးဦးအား ဖမ္းဆီးရမိခဲ့သည္ဟု ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။  ဖမ္းဆီးရမိသည့္ မသကၤာဖြယ္ရာ ဘဂၤါလီလူမ်ဳိးငါးဦးကို အေရးယူေဆာင္ရြက္ႏိုင္ေရး ေမာင္ေတာၿမိဳ႕မရဲစခန္းသို႔ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သတင္း ရရွိသည္။

ေမာင္ေတာအေျခစိုက္ နယ္ျခားေစာင့္ ရဲစခန္းသံုးခုအၾကမ္း ဖက္တိုက္ခိုက္ခံရၿပီးေနာက္ ရက္ ေပါင္း ၂၀အၾကာ ေမာင္ေတာ နယ္စပ္ေဒသတြင္ နယ္ေျမရွင္း လင္းေရးလုပ္ငန္းမ်ားကို တပ္ မေတာ္ႏွင့္ နယ္ျခားေစာင့္ရဲမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕က နယ္ ေျမရွင္းလင္းေရး   ဆက္လက္ ေဆာင္ရြက္ေနၿပီး အၾကမ္းဖက္ တိုက္ခိုက္မႈ၌   ပါဝင္သူမ်ားႏွင့္ ဆက္စပ္သူမ်ားကို ဖမ္းဆီးျခင္း မ်ား ျပဳလုပ္ေနသည္။

နယ္ေျမရွင္းလင္းေရးကိစၥ မ်ား ဆက္လက္ေဆာင္ရြက္ေန ၍ ေက်းလက္ေဒသမွ ေဒသခံမ်ားမွာ ၿမိဳ႕ေပၚသို႔ လာေရာက္မႈ နည္းပါးေနဆဲျဖစ္ၿပီး လူနည္းပါးမႈ ေၾကာင့္ ၿမိဳ႕ေပၚေစ်းဆုိင္ အမ်ားစုမွာလည္း ေန႔တစ္ဝက္သာ ဖြင့္လွစ္ေနေၾကာင္း ေတြ႕ရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း နယ် မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် အောက်တိုဘာ ၂၆ ရက်က ငါး စာကြူးကျေးရွာအတွင်း ဝင် ရောက်ရှင်းလင်းရာ ပြောင်ပိုက် ကျေးရွာအနီး တပ်မတော်စစ် ကြောင်းနှင့် ဖြစ်ပွားသော ဖြစ် စဉ်တွင် ပါဝင်ခဲ့သူ၁၀ ဦးကို ဖမ်းဆီးရမိပြီး နတ်မြစ်အတွင်းမှ မသင်္ကာသူငါးဦး စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

ငါးစားကြူးကျေးရွာအတွင်း မှ ဖမ်းဆီးရမိသူများသည်အာကူ ဟာလောင်၊ ခါမားဟူဆေး၊ အာဘူအာလောင်၊ ဇာရွတ်အာ လောင်၊ နူရူကာမိုင်၊ ဟာဘူအူး ဆောင်း၊ ဂျူရာလောင်နှင့် အာဘူ ဘော်ရှောတို့ဖြစ်ပြီး ဖမ်းဆီးရမိသူ ရှစ်ဦးကို အမှတ်(၁) နယ်ခြား စောင့် ကွပ်ကွဲမှုဌာနချုပ် (ကျီး ကန်းပြင်)သို့ စနစ်တကျ လွှဲ ပြောင်းအပ်နှံခဲ့ကြောင်း သိရ သည်။

ထို့အပြင် တပ်မတော်စစ် ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ် ဖွဲ့ဝင်များက အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုတွင် ပါဝင်သူများကို လိုက်လံဖော်ထုတ်ရှင်းလင်းရာ ကျောင်းတောင်ကျေးရွာရှိ အဒူလာအား ၎င်း၏ နေအိမ်၌လည်း ကောင်း၊ ကြက်မောက်တောင် အနောက်ရွာနေ ဆွေတာမောက် ကို ၎င်း၏နေအိမ်၌လည်းကောင်း အသီးသီး ဖမ်းဆီးရမိပြီး သက်ဆိုင်ရာရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

ထို့အပြင် နတ်မြစ်အတွင်း NAVYSEALs အဖွဲ့က တိုက်ရေ ယာဉ်ဖြင့် တိုက်ကင်းတာဝန်ထမ်း ဆောင်စဉ် ဦးရှဥ့်ကျချောင်း၏ တောင်ဘက်ကိုက် ၃၀၀ ခန့် အကွာ ချောင်းပေါက်ငယ်အတွင်း မှ နတ်မြစ်ဘက်သို့ လှော်ခတ် လာသော လှေနှစ်စီးကို တွေ့ရှိ သဖြင့် မီးဖြင့်အချက်ပြခေါ်ယူရာ ပြန်လှည့်ထွက်ပြေး၍ လိုက်လံ ဖမ်းဆီးရာ ဒီရေတောအတွင်း ပုန်းအောင်းနေသည့် ဘင်္ဂါလီလူ မျိုး အဒူဇူဝိုင်းနှင့် ၎င်း၏ဇနီး နူကနိ၊ သမီးရုဂျီးနားနှင့် သားနှစ် ဦးဖြစ်သည့် ဝါဟဲမူတိုဖာ၊ မူဟာ မက်ဟူပိုက်တို့ငါးဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။  ဖမ်းဆီးရမိသည့် မသင်္ကာဖွယ်ရာ ဘင်္ဂါလီလူမျိုးငါးဦးကို အရေးယူဆောင်ရွက်နိုင်ရေး မောင်တောမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

မောင်တောအခြေစိုက် နယ်ခြားစောင့် ရဲစခန်းသုံးခုအကြမ်း ဖက်တိုက်ခိုက်ခံရပြီးနောက် ရက် ပေါင်း ၂၀အကြာ မောင်တော နယ်စပ်ဒေသတွင် နယ်မြေရှင်း လင်းရေးလုပ်ငန်းများကို တပ် မတော်နှင့် နယ်ခြားစောင့်ရဲများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က နယ် မြေရှင်းလင်းရေး   ဆက်လက် ဆောင်ရွက်နေပြီး အကြမ်းဖက် တိုက်ခိုက်မှု၌   ပါဝင်သူများနှင့် ဆက်စပ်သူများကို ဖမ်းဆီးခြင်း များ ပြုလုပ်နေသည်။

နယ်မြေရှင်းလင်းရေးကိစ္စ များ ဆက်လက်ဆောင်ရွက်နေ ၍ ကျေးလက်ဒေသမှ ဒေသခံများမှာ မြို့ပေါ်သို့ လာရောက်မှု နည်းပါးနေဆဲဖြစ်ပြီး လူနည်းပါးမှု ကြောင့် မြို့ပေါ်ဈေးဆိုင် အများစုမှာလည်း နေ့တစ်ဝက်သာ ဖွင့်လှစ်နေကြောင်း တွေ့ရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top