Property Expo
×

၆၈ ႏွစ္အရြယ္ ဖေလာ္ရီဒါသန္းၾကြယ္သူေဌးတစ္ဦးဟာ ေသြးရင္းသားရင္းေတာ္စပ္တဲ့ ေျမးကို မွားလက္ထပ္မိမွန္းသိျပီးေနာက္ တအံ့တၾသျဖစ္သြားခဲ့ရပါတယ္။ ဒီအမ်ဳိးသားနဲ႔ ၂၄ ႏွစ္အရြယ္ သတုိ႔သမီးတုိ႔ဟာ ဓာတ္ပုံအယ္လ္ဘမ္ေဟာင္းတစ္ခုကို အတူလွန္ေလွာၾကည့္မိိလိုက္ခ်ိန္က်မွ အေၾကာင္းမလွတဲ့ တုိက္ဆုိင္မႈကို ေတြ႔ရိွသြားခဲ့တာလုိ႔ Florida Sun Post က ေဖာ္ျပခဲ့ပါတယ္။

အဲဒီဓာတ္ပုံအယ္လ္ဘမ္ထဲမွာ သူေဌးရဲ႕ ပထမ အိမ္ထာင္နဲ႔ ကေလးေတြ ပါဝင္ပါတယ္။ အဲ့ဒီမွာ ဘာကိုေတြ႕သြားသလဲဆုိေတာ့ ခုလက္ထပ္ယူထားတဲ့ ခင္ပြန္းရဲ႕ သားအၾကီးဆုံးဟာ သူမအေဖ ကိုယ္တုိင္ျဖစ္ေနတယ္ဆိုတာပါပဲ။ အဲဒီဓာတ္ပုံအယ္လ္ဘမ္ထဲ အေဖ့ကိုျမင္ေတာ့ စိတ္ပ်က္လက္ပ်က္ျဖစ္သြားတယ္လုိ႔ သူမက သတင္းဌာနကို ေျပာျပခဲ့ပါတယ္။

၂၀၀၉ ခုႏွစ္မွာ ဒုတိယအိမ္ထာင္ကြဲျပီး ေငြေရးေၾကးေရး အခက္အခဲရင္ဆုိင္ခဲ့တဲ့ အဲဒီအမ်ဳိးသားက ၂ ႏွစ္အၾကာ ေလာင္းကစားပြဲတစ္ခုကေန ေလာင္းေၾကး ေဒၚလာသန္းခ်ီ ရရိွခဲ့ပါတယ္။ ဆယ္ေက်ာ္သက္ဘဝနဲ႔ ကိုယ္ဝန္ရျပီးေနာက္ မိဘေတြနဲ႔ ဆက္ဆံမႈ ခပ္တန္းတန္းျဖစ္သြားတဲ့ အဲဒီအမ်ဳိးသမီးက Jacksonville ျမဳိ႕မွာ ကေခ်သည္တစ္ဦးအျဖစ္ လုပ္ကိုင္ေနခဲ့ပါတယ္။

က်ေနာ္ သူမပုံေတြ ေတြ႔အခ်ိန္မွာ အေနက်ပ္သြားတယ္လုိ႔ အဲဒီအမ်ဳိးသားက ေျပာပါတယ္။ ေတြ႔ဖူး၊ ျမင္ဖူးေနသလုိ ျဖစ္ေနခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီခ်ိန္မွာ ဘာေၾကာင့္ သူမနဲ႔ ခပ္ဆင္ဆင္ျဖစ္ေနသလဲဆိုတာကို စဥ္းစားလုိ႔ မရခဲ့ဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီစုံတြဲအေနနဲ႔ ကေတာ့ ကြာရွင္းဖုိ႔ အစီအစဥ္မရိွဘူးလုိ႔ အခုိင္အမာေျပာဆိုၾကပါတယ္။ တကယ္လုိ႔ မသိခဲ့ရင္လည္း ဘဝကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းၾကသြားမွာပါပဲ။ ေသြးသားေတာ္စပ္မႈက ေျပာင္းလဲေစမွာ မဟုတ္ပါဘူးလုိ႔ သူက ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

၆၈ နှစ်အရွယ် ဖလော်ရီဒါသန်းကြွယ်သူဌေးတစ်ဦးဟာ သွေးရင်းသားရင်းတော်စပ်တဲ့ မြေးကို မှားလက်ထပ်မိမှန်းသိပြီးနောက် တအံ့တသြဖြစ်သွားခဲ့ရပါတယ်။ ဒီအမျိုးသားနဲ့ ၂၄ နှစ်အရွယ် သတို့သမီးတို့ဟာ ဓာတ်ပုံအယ်လ်ဘမ်ဟောင်းတစ်ခုကို အတူလှန်လှောကြည့်မိလိုက်ချိန်ကျမှ အကြောင်းမလှတဲ့ တိုက်ဆိုင်မှုကို တွေ့ရှိသွားခဲ့တာလို့ Florida Sun Post က ဖော်ပြခဲ့ပါတယ်။

အဲဒီဓာတ်ပုံအယ်လ်ဘမ်ထဲမှာ သူဌေးရဲ့ ပထမအိမ်ထောင်နဲ့ ကလေးတွေ ပါဝင်ပါတယ်။ အဲ့ဒီမှာ ဘာကိုတွေ့သွားသလဲဆိုတော့ ခုလက်ထပ်ယူထားတဲ့ ခင်ပွန်းရဲ့ သားအကြီးဆုံးဟာ သူမအဖေ ကိုယ်တိုင်ဖြစ်နေတယ်ဆိုတာပါပဲ။ အဲဒီဓာတ်ပုံအယ်လ်ဘမ်ထဲ အဖေ့ကိုမြင်တော့ စိတ်ပျက်လက်ပျက်ဖြစ်သွားတယ်လို့ သူမက သတင်းဌာနကို ပြောပြခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ ဒုတိယအိမ်ထောင်ကွဲပြီး ငွေရေးကြေးရေး အခက်အခဲရင်ဆိုင်ခဲ့တဲ့ အဲဒီအမျိုးသားက ၂ နှစ်အကြာ လောင်းကစားပွဲတစ်ခုကနေ လောင်းကြေး ဒေါ်လာသန်းချီ ရရှိခဲ့ပါတယ်။ ဆယ်ကျော်သက်ဘဝနဲ့ ကိုယ်ဝန်ရပြီးနောက် မိဘတွေနဲ့ ဆက်ဆံမှု ခပ်တန်းတန်းဖြစ်သွားတဲ့ အဲဒီအမျိုးသမီးက Jacksonville မြို့မှာ ကချေသည်တစ်ဦးအဖြစ် လုပ်ကိုင်နေခဲ့ပါတယ်။

ကျနော် သူမပုံတွေ တွေ့အချိန်မှာ အနေကျပ်သွားတယ်လို့ အဲဒီအမျိုးသားက ပြောပါတယ်။ တွေ့ဖူး၊ မြင်ဖူးနေသလို ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် အဲဒီချိန်မှာ ဘာကြောင့် သူမနဲ့ ခပ်ဆင်ဆင်ဖြစ်နေသလဲဆိုတာကို စဉ်းစားလို့ မရခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစုံတွဲအနေနဲ့ ကတော့ ကွာရှင်းဖို့ အစီအစဉ်မရှိဘူးလို့ အခိုင်အမာပြောဆိုကြပါတယ်။ တကယ်လို့ မသိခဲ့ရင်လည်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းကြသွားမှာပါပဲ။ သွေးသားတော်စပ်မှုက ပြောင်းလဲစေမှာ မဟုတ်ပါဘူးလို့ သူက ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top