Kantharyar Centre
×

 ပါကစၥတန္ ႏိုင္ငံတြင္ စစ္ေသြးႂကြမ်ားက ရဲေကာလိပ္ တစ္ခုကို ဝင္ေရာက္စီးနင္း တိုက္ခုိက္ရာ လံုၿခံဳေရး အေစာင့္ႏွင့္ သင္တန္းသား ၅၈ ဦးထက္မနည္း ေသဆံုးသြားေၾကာင္း သိရသည္။

ကြက္တားၿမိဳ႕ရွိ ရဲေကာလိပ္တြင္ ေအာက္တိုဘာ ၂၄ ရက္ ညပိုင္းက အေသခံ ဗံုးခြဲဝတ္စံုမ်ား ဝတ္ဆင္လာသည့္ စစ္ေသြးႂကြ သံုးဦးက ဝင္ေရာက္ တိုက္ခုိက္ခဲ့သလို သင္တန္းသား အခ်ိဳ႕ကိုလည္း ဓားစာခံမ်ား အေနျဖင့္ ထိန္းသိမ္းထားခဲ့သည္။

ထို႔ေနာက္တြင္ အႀကီးစား စစ္ဆင္ေရးတစ္ရပ္ ဆင္ႏႊဲကာ လံုၿခံဳေရး တပ္ဖြဲ႕မ်ားက ေကာလိပ္ဝင္းထဲ ဝင္ေရာက္ခဲ့ၾကရၿပီး စစ္ေသြးႂကြ သံုးဦးစလံုးကို သုတ္သင္ႏုိင္ခဲ့သည္။ အဆိုပါ တိုက္ခုိက္မႈအတြက္ မည္သည့္ အဖြဲ႕အစည္းကမွ် ၎တို႔၏ လက္ခ်က္ဟု ေၾကညာျခင္း မရွိေသးေခ်။ ကြက္တားတြင္ ခြဲထြက္ေရး ဝါဒီမ်ားႏွင့္ အစၥလာမ္မစ္ အစြန္းေရာက္ စစ္ေသြးႂကြမ်ားက အလားတူ တိုက္ခိုက္မႈမ်ိဳး ယခင္ကတည္းက က်ဴးလြန္ခဲ့ဖူးသည္။

လံုၿခံဳေရး တပ္ဖြဲ႕မ်ားက ဘာလိုခ်ီစတန္ ရဲေကာလိပ္မွ သင္တန္းသား ရာေပါင္း အေတာ္မ်ားမ်ားကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းေပးခဲ့ရသည္။ ေဒသခံ မီဒီယာမ်ားက လံုၿခံဳေရးတပ္ဖြဲ႕၏ စီးနင္းဝင္ေရာက္မႈ အေတာအတြင္း ေကာလိပ္ဝင္းထဲတြင္ ေပါက္ကြဲသံ သံုးခု ၾကားခဲ့ရေၾကာင္း ေဖာ္ျပခဲ့သည္။

“ဝင္တုိက္တဲ့ လူေတြကို ေတြ႕လုိက္ပါတယ္။ သံုးေယာက္ပါ။ ေျပာက္က်ားဝတ္စံုေတြ ဝတ္ထားတယ္။ ကာလက္ရွ္နီေကာ့ဗ္ ႐ိုင္ဖယ္ေတြကို ကိုင္လာတယ္။ မ်က္ႏွာေတြကိုေတာ့ ဖံုးကြယ္ထားတယ္”ဟု သင္တန္းသား တစ္ေယာက္က AFPသို႔ ေျပာၾကားခဲ့သည္။ “အေဆာင္ေတြထဲ ဝင္လာၿပီးတာနဲ႔ သူတို႔က ပစ္ေတာ့တာပဲ။ ဒါေပမဲ့ ကၽြန္ေတာ္က နံရံကို ေက်ာ္တက္ၿပီး လြတ္ေအာင္ ေျပးႏိုင္ခဲ့ပါတယ္”ဟုလည္း ၎က ဆိုသည္။

ေကာလိပ္ဝင္းထဲတြင္ ေနာက္ပိုင္း၌ မည္သို႔မည္ပံု ျဖစ္ပ်က္ေၾကာင္း မေသခ်ာခဲ့ေသာ္လည္း အျပန္အလွန္ တိုက္ခုိက္မႈမွာ နာရီအတန္ၾကာမွ် အခ်ိန္ၾကာေနခဲ့ေၾကာင္း သိရသည္။ ရဲေကာလိပ္ကို စီးနင္းမႈေၾကာင့္ သင္တန္းသား အမ်ားစု အပါအဝင္ လူေပါင္း ၁၀၀ မွ် ဒဏ္ရာမ်ား ရခဲ့သည္။ စစ္ေသြးႂကြမ်ားကို ၿဖိဳခြင္းသည့္ စစ္ဆင္ေရးတြင္ ပါကစၥတန္ အထူးတပ္ဖြဲ႕မ်ားႏွင့္ အၾကမ္းဖက္မႈ ႏွိမ္နင္းေရး တပ္ဖြဲ႕မ်ားပါ ပါဝင္ခဲ့ၾကသည္။

ျပည္ထဲေရးဝန္ႀကီး မာဆာဖာရက္ဇ္ အာမက္ ဘြတ္ဂ္တီးက စစ္ေသြးႂကြ ႏွစ္ဦးမွာ အေသခံ ဗံုးေဖာက္ခြဲသြားၿပီး က်န္တစ္ဦးကိုမူ လံုၿခံဳေရး တပ္ဖြဲ႕မ်ားက ပစ္သတ္ခဲ့ေၾကာင္း ေၾကညာသည္။ အာဏာပိုင္မ်ားက ယခုအၾကမ္းဖက္မႈအတြက္ အာဖဂန္ နစၥတန္တြင္ပါ ျဖန္႔က်က္ လႈပ္ရွားေနသည့္ လက္ရွ္ကာအီး ဂ်န္ဗီး စစ္ေသြးႂကြ အဖြဲ႕ကို စြပ္စြဲထားသည္။

ကြက္တားသည္ ဘာလိုခ်ီစတန္ ျပည္နယ္၏ ၿမိဳ႕ေတာ္ျဖစ္ၿပီး အၾကမ္းဖက္မႈမ်ားႏွင့္ မၾကာခဏ ႀကံဳေတြ႕ေနရသည္။ ယခုတိုက္ခုိက္မႈ မျဖစ္မီ မနက္ပိုင္းကလည္း ကြက္တား ေတာင္ပိုင္းရွိ ဆူရက္ဘ္ ရပ္ကြက္တြင္ အေကာက္ခြန္ ဝန္ထမ္းႏွစ္ဦး ပစ္သတ္ခံရၿပီး အျခားတစ္ဦး ျပင္းထန္စြာ ဒဏ္ရာရသြားခဲ့သည္။

ဩဂုတ္လ အတြင္းကလည္း ကြက္တားရွိ ေဆး႐ံုတစ္႐ံုႏွင့္ ေ႐ွ႕ေနမ်ားကို ရည္ရြယ္ၿပီး ဗံုးခြဲတိုက္ခုိက္မႈမ်ား ျပဳလုပ္ခဲ့ရာ ၈၈ ဦးထက္မနည္း အေသအေပ်ာက္ ျဖစ္ေပၚခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ပါကစ္စတန် နိုင်ငံတွင် စစ်သွေးကြွများက ရဲကောလိပ် တစ်ခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ လုံခြုံရေး အစောင့်နှင့် သင်တန်းသား ၅၈ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။

ကွက်တားမြို့ရှိ ရဲကောလိပ်တွင် အောက်တိုဘာ ၂၄ ရက် ညပိုင်းက အသေခံ ဗုံးခွဲဝတ်စုံများ ဝတ်ဆင်လာသည့် စစ်သွေးကြွ သုံးဦးက ဝင်ရောက် တိုက်ခိုက်ခဲ့သလို သင်တန်းသား အချို့ကိုလည်း ဓားစာခံများ အနေဖြင့် ထိန်းသိမ်းထားခဲ့သည်။

ထို့နောက်တွင် အကြီးစား စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲကာ လုံခြုံရေး တပ်ဖွဲ့များက ကောလိပ်ဝင်းထဲ ဝင်ရောက်ခဲ့ကြရပြီး စစ်သွေးကြွ သုံးဦးစလုံးကို သုတ်သင်နိုင်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွက် မည်သည့် အဖွဲ့အစည်းကမျှ ၎င်းတို့၏ လက်ချက်ဟု ကြေညာခြင်း မရှိသေးချေ။ ကွက်တားတွင် ခွဲထွက်ရေး ဝါဒီများနှင့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွများက အလားတူ တိုက်ခိုက်မှုမျိုး ယခင်ကတည်းက ကျူးလွန်ခဲ့ဖူးသည်။

လုံခြုံရေး တပ်ဖွဲ့များက ဘာလိုချီစတန် ရဲကောလိပ်မှ သင်တန်းသား ရာပေါင်း အတော်များများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသည်။ ဒေသခံ မီဒီယာများက လုံခြုံရေးတပ်ဖွဲ့၏ စီးနင်းဝင်ရောက်မှု အတောအတွင်း ကောလိပ်ဝင်းထဲတွင် ပေါက်ကွဲသံ သုံးခု ကြားခဲ့ရကြောင်း ဖော်ပြခဲ့သည်။

“ဝင်တိုက်တဲ့ လူတွေကို တွေ့လိုက်ပါတယ်။ သုံးယောက်ပါ။ ပြောက်ကျားဝတ်စုံတွေ ဝတ်ထားတယ်။ ကာလက်ရှ်နီကော့ဗ် ရိုင်ဖယ်တွေကို ကိုင်လာတယ်။ မျက်နှာတွေကိုတော့ ဖုံးကွယ်ထားတယ်”ဟု သင်တန်းသား တစ်ယောက်က AFPသို့ ပြောကြားခဲ့သည်။ “အဆောင်တွေထဲ ဝင်လာပြီးတာနဲ့ သူတို့က ပစ်တော့တာပဲ။ ဒါပေမဲ့ ကျွန်တော်က နံရံကို ကျော်တက်ပြီး လွတ်အောင် ပြေးနိုင်ခဲ့ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

ကောလိပ်ဝင်းထဲတွင် နောက်ပိုင်း၌ မည်သို့မည်ပုံ ဖြစ်ပျက်ကြောင်း မသေချာခဲ့သော်လည်း အပြန်အလှန် တိုက်ခိုက်မှုမှာ နာရီအတန်ကြာမျှ အချိန်ကြာနေခဲ့ကြောင်း သိရသည်။ ရဲကောလိပ်ကို စီးနင်းမှုကြောင့် သင်တန်းသား အများစု အပါအဝင် လူပေါင်း ၁၀၀ မျှ ဒဏ်ရာများ ရခဲ့သည်။ စစ်သွေးကြွများကို ဖြိုခွင်းသည့် စစ်ဆင်ရေးတွင် ပါကစ္စတန် အထူးတပ်ဖွဲ့များနှင့် အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့များပါ ပါဝင်ခဲ့ကြသည်။

ပြည်ထဲရေးဝန်ကြီး မာဆာဖာရက်ဇ် အာမက် ဘွတ်ဂ်တီးက စစ်သွေးကြွ နှစ်ဦးမှာ အသေခံ ဗုံးဖောက်ခွဲသွားပြီး ကျန်တစ်ဦးကိုမူ လုံခြုံရေး တပ်ဖွဲ့များက ပစ်သတ်ခဲ့ကြောင်း ကြေညာသည်။ အာဏာပိုင်များက ယခုအကြမ်းဖက်မှုအတွက် အာဖဂန် နစ္စတန်တွင်ပါ ဖြန့်ကျက် လှုပ်ရှားနေသည့် လက်ရှ်ကာအီး ဂျန်ဗီး စစ်သွေးကြွ အဖွဲ့ကို စွပ်စွဲထားသည်။

ကွက်တားသည် ဘာလိုချီစတန် ပြည်နယ်၏ မြို့တော်ဖြစ်ပြီး အကြမ်းဖက်မှုများနှင့် မကြာခဏ ကြုံတွေ့နေရသည်။ ယခုတိုက်ခိုက်မှု မဖြစ်မီ မနက်ပိုင်းကလည်း ကွက်တား တောင်ပိုင်းရှိ ဆူရက်ဘ် ရပ်ကွက်တွင် အကောက်ခွန် ဝန်ထမ်းနှစ်ဦး ပစ်သတ်ခံရပြီး အခြားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

ဩဂုတ်လ အတွင်းကလည်း ကွက်တားရှိ ဆေးရုံတစ်ရုံနှင့် ရှေ့နေများကို ရည်ရွယ်ပြီး ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ၈၈ ဦးထက်မနည်း အသေအပျောက် ဖြစ်ပေါ်ခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top