Kantharyar Centre
×

ေမ႔ေနေသာ အေၾကာင္းအရာမ်ားကို ျပန္စဥ္းစားသည့္ အခ်ိန္တြင္ မ်က္လံုးမွိတ္ၿပီး စဥ္းစားပါက ပိုမိုမွတ္မိ ေစႏိုင္ေၾကာင္း ဆာေရး တကၠသုိလ္မွ သုေတသန ပညာရွင္မ်ားက အႀကံေပးထားသည္။

သိပၸံပညာရွင္မ်ားသည္ လူအမ်ားကို ရာဇ၀တ္ အမႈအခင္း ရုပ္ရွင္မ်ားကို ျပသကာ ဘယ္ေလာက္ မွတ္မိႏုိင္သည္ကို စမ္းသပ္ ခ့ဲၾကသည္။ ထိုသုိ႔ စမ္းသပ္ျခင္းျဖင့္ ရာဇ၀တ္ မႈခင္းမ်ားကို ႀကံဳေတြ႕ခ့ဲရသူမ်ား အေနျဖင့္ ၎တုိ႔ ျမင္ေတြ႕ခ့ဲရသည္မ်ားကို ရဲမ်ားကို ျပန္လည္ ေျပာျပရာတြင္ အေထာက္အကူ ျပဳေစမည္ ျဖစ္ေၾကာင္း ေမွ်ာ္လင့္ထားသည္။

ရာဇ၀တ္မႈ ဆုိင္ရာ စိတ္ပညာရွင္မ်ားက လူေပါင္း (၁၇၈) ေယာက္အား အျဖစ္အပ်က္ ႏွစ္ခုကို ယွဥ္တြဲ ျပသကာ စမ္းသပ္ခဲ့ၾကသည္။ အျဖစ္အပ်က္မ်ားကို ျပန္လည္ ေျပာျပရာတြင္ မ်က္လံုးမွိတ္ၿပီး ေျပာျပေစျခင္းႏွင့္ မ်က္လံုးဖြင့္ၿပီး ေျပာျခင္းတို႔ကုိ ယွဥ္တြဲၿပီး စစ္ေဆးၾကည့္ရာ မ်က္လံုးမွိတ္ၿပီး ေျဖဆို သူမ်ားသည္ ေမးခြန္း (၁၇) ခု၏ သံုးပံု တစ္ပံုခန႔္ကို မွန္ကန္စြာ ေျဖဆိုႏိုင္ေၾကာင္း ေတြ႕ရသည္။

ထို႔ေၾကာင့္ ပညာရွင္မ်ားက မ်က္လံုး မွိတ္ထားျခင္းျဖင့္ အေၾကာင္းအရာမ်ားကို ရွင္းလင္း ျပတ္သားစြာ ပိုမိုအာ႐ံုခံႏုိင္စြမ္း ရွိေၾကာင္း ဆိုသည္။ မ်က္လံုးမ်ား မွိတ္ထားသျဖင့္ အျမင္ အာ႐ံုအတြက္ ဦးေႏွာက္က အလုပ္ နည္းသြားကာ စဥ္းစားျခင္းမွာ ပိုအာ႐ံုစိုက္ ႏုိင္လာျခင္း ျဖစ္သည္။ အဆိုပါ အခ်က္သည္ စာသင္ၾကား ရာတြင္လည္း အေထာက္အကူ ျပဳေစေၾကာင္း စမ္းသပ္မႈတြင္ ေခါင္းေဆာင္အျဖစ္ ပါ၀င္ခ့ဲသူ ေဒါက္တာ ေရာဘတ္နက္ရွ္က ဆိုသည္။

““အခုလို မ်က္လံုးမွိတ္ၿပီး စဥ္းစားတာက သင္ခန္းစာေတြ ေလ့လာရာမွာလည္း အသံုးတည့္ပါတယ္။ သင္ၾကားခ့ဲတ့ဲ စာေတြကို ပိုၿပီးေတာ့ မွတ္မိေစတာကို ေတြ႕ရပါတယ္”” ဟု ၎က ေျပာသည္။ ပလုိင္းေမာက္ တကၠသုိလ္မွ ပေရာ္ဖက္ဆာ တင္ေဟာလင္းစ္ ကလည္း မ်က္လံုးမွိတ္ၿပီး စဥ္းစားျခင္းက ေပါင္းသင္း ဆက္ဆံေရးမွာ ပိုၿပီးေတာ့ ရင္းႏွီး ခ်စ္ၾကည္မႈကို တိုးတက္ေစေၾကာင္း၊ မ်က္လံုးမွိတ္ၿပီး ျပန္လည္ စဥ္းစားကာ အျဖစ္အပ်က္မ်ားကို ပိုမိုတိက်စြာ သိလာျခင္းေၾကာင့္ အဆင္မေျပမႈ မ်ားကိုလည္း ေခ်ဖ်က္ႏုိင္ေၾကာင္း ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : new myanmar news

#Unicode Version

မေ့နေသော အကြောင်းအရာများကို ပြန်စဉ်းစားသည့် အချိန်တွင် မျက်လုံးမှိတ်ပြီး စဉ်းစားပါက ပိုမိုမှတ်မိ စေနိုင်ကြောင်း ဆာရေး တက္ကသိုလ်မှ သုတေသန ပညာရှင်များက အကြံပေးထားသည်။

သိပ္ပံပညာရှင်များသည် လူအများကို ရာဇဝတ် အမှုအခင်း ရုပ်ရှင်များကို ပြသကာ ဘယ်လောက် မှတ်မိနိုင်သည်ကို စမ်းသပ် ခဲ့ကြသည်။ ထိုသို့ စမ်းသပ်ခြင်းဖြင့် ရာဇဝတ် မှုခင်းများကို ကြုံတွေ့ခဲ့ရသူများ အနေဖြင့် ၎င်းတို့ မြင်တွေ့ခဲ့ရသည်များကို ရဲများကို ပြန်လည် ပြောပြရာတွင် အထောက်အကူ ပြုစေမည် ဖြစ်ကြောင်း မျှော်လင့်ထားသည်။

ရာဇဝတ်မှု ဆိုင်ရာ စိတ်ပညာရှင်များက လူပေါင်း (၁၇၈) ယောက်အား အဖြစ်အပျက် နှစ်ခုကို ယှဉ်တွဲ ပြသကာ စမ်းသပ်ခဲ့ကြသည်။ အဖြစ်အပျက်များကို ပြန်လည် ပြောပြရာတွင် မျက်လုံးမှိတ်ပြီး ပြောပြစေခြင်းနှင့် မျက်လုံးဖွင့်ပြီး ပြောခြင်းတို့ကို ယှဉ်တွဲပြီး စစ်ဆေးကြည့်ရာ မျက်လုံးမှိတ်ပြီး ဖြေဆို သူများသည် မေးခွန်း (၁၇) ခု၏ သုံးပုံ တစ်ပုံခန့်ကို မှန်ကန်စွာ ဖြေဆိုနိုင်ကြောင်း တွေ့ရသည်။

ထို့ကြောင့် ပညာရှင်များက မျက်လုံး မှိတ်ထားခြင်းဖြင့် အကြောင်းအရာများကို ရှင်းလင်း ပြတ်သားစွာ ပိုမိုအာရုံခံနိုင်စွမ်း ရှိကြောင်း ဆိုသည်။ မျက်လုံးများ မှိတ်ထားသဖြင့် အမြင် အာရုံအတွက် ဦးနှောက်က အလုပ် နည်းသွားကာ စဉ်းစားခြင်းမှာ ပိုအာရုံစိုက် နိုင်လာခြင်း ဖြစ်သည်။ အဆိုပါ အချက်သည် စာသင်ကြား ရာတွင်လည်း အထောက်အကူ ပြုစေကြောင်း စမ်းသပ်မှုတွင် ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူ ဒေါက်တာ ရောဘတ်နက်ရှ်က ဆိုသည်။

““အခုလို မျက်လုံးမှိတ်ပြီး စဉ်းစားတာက သင်ခန်းစာတွေ လေ့လာရာမှာလည်း အသုံးတည့်ပါတယ်။ သင်ကြားခဲ့တဲ့ စာတွေကို ပိုပြီးတော့ မှတ်မိစေတာကို တွေ့ရပါတယ်”” ဟု ၎င်းက ပြောသည်။ ပလိုင်းမောက် တက္ကသိုလ်မှ ပရော်ဖက်ဆာ တင်ဟောလင်းစ် ကလည်း မျက်လုံးမှိတ်ပြီး စဉ်းစားခြင်းက ပေါင်းသင်း ဆက်ဆံရေးမှာ ပိုပြီးတော့ ရင်းနှီး ချစ်ကြည်မှုကို တိုးတက်စေကြောင်း၊ မျက်လုံးမှိတ်ပြီး ပြန်လည် စဉ်းစားကာ အဖြစ်အပျက်များကို ပိုမိုတိကျစွာ သိလာခြင်းကြောင့် အဆင်မပြေမှု များကိုလည်း ချေဖျက်နိုင်ကြောင်း ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : new myanmar news
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top