Property Expo
×





Credit:DVB

#Unicode Version
တရုတ်နိုင်ငံ ကျန်ဇီခရိုင်၊ နန်ချောင်း တိရစ္ဆာန်ရုံထဲက ပန်ဒါကြီးထားတဲ့ လှောင်အိမ်ထဲကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ အမျိုးသားတဦးက ဝင်ရောက်ခဲ့ပြီး အိပ်ပျော်နေတဲ့ ပန်ဒါကို သွားစလို့ တိုက်ခိုက်ခံခဲ့ရပါတယ်။
ဒီလူဟာ ခွင့်ပြုချက်နဲ့ ဝင်ရောက်ခဲ့တာမဟုတ်ပဲ အိပ်ပျော်နေတဲ့ ပန်ဒါကြီးကို စချင်လို့ ပန်ဒါလှောင်အိမ်ထဲ ဝင်ရောက်ခဲ့တာပါ။

ရုပ်သံဖိုင်ထဲမှာတော့ သူဟာ ပန်ဒါကြီးကို အိမ်ရာကနေ နှိုးပြီး စနောက်ခဲ့ပါတယ်။ ပန်ဒါကြီးက အိပ်ရာက နိုးလာပြီး မထင်မှတ်ပဲ စနောက်ခဲ့တဲ့လူကို ပြန်လည်တိုက်ခိုက်တာ ခံခဲ့ရပါတယ်။

ပန်ဒါကြီးက သူ့ကိုလာစတဲ့ ဧည့်စိမ်းကို ပြန်ကိုက်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ ဂျပန်နပန်းသမားတွေလို သူ့ရဲ့ခြေတွေလက်တွေကို အသုံးပြုပြီး ဒီလူကို တွန်းလှဲဖို့ ကြိုးစားခဲ့ပါသေးတယ်၊ ဒါပေမယ့် လှောင်အိမ်ထဲ ဝင်ရောက်ခဲ့တဲ့သူက ပန်ဒါကြီးကို ပြန်တွန်းလှဲပြီး ထွက်ပြေးလွတ်မြောက်လာတာကို ဗွီဒီယိုထဲ တွေ့မြင်နိုင်မှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top