Kantharyar Centre
×

လူေတာ္ေတာ္ မ်ားမ်ားသည္ သူငယ္ခ်င္း တစ္ေယာက္ ေယာက္အေၾကာင္း၊ လုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္ေယာက္ အေၾကာင္း အတင္း ေျပာၿပီးလွ်င္ အျပစ္ ရွိသလို ခံစားရ တတ္သည္။

သိပၸံပညာရွင္မ်ား ကမူ လူသားမ်ား ထိုသို႔ အတင္းေျပာတတ္ျခင္းေၾကာင့္သာ ယေန႔ အဆင့္အတန္းမ်ဳိးထိ တက္လွမ္း လာႏုိင္ျခင္း ျဖစ္သည္ ဟု ဆိုလိုက္သည္။ သို႔ ျဖစ္ရာ အျပစ္ရွိသလို ခံစားေနရသူမ်ား အတြက္ ေျဖေဆးရၿပီ။ အတင္းေျပာျခင္းကို လူသားမ်ားသာ လုပ္ႏုိင္စြမ္း ရွိသည္။ ထို အရည္အခ်င္းေၾကာင့္ပင္ လူသားမ်ားသည္ အျခားေသာ သက္ရွိ တိရိစာၦန္မ်ား ထက္ အဆင့္ျမင့္ ဖြံ႕ၿဖိဳးလာျခင္း ျဖစ္သည္။ အတင္းေျပာျခင္းေၾကာင့္ မည္သူမ်ားကို သတိထားရမည္၊ မည္သူေတြကေတာ့ ေကာက္က်စ္သည္မ်ားကို သိရွိကာ ထိုသူမ်ားက မိမိအသက္ကို ရန္မရွာႏုိင္ၾကေအာင္ ႀကိဳတင္ ကာကြယ္ ျခင္းျဖင့္ လူသားမ်ားသည္ အသက္လည္း ပိုရွည္လာ ၾကသည္။ အတင္းေျပာျခင္းသည္ အသက္ရွည္ေဆး တစ္မ်ဳိးဟု ပညာရွင္မ်ားက ညႊန္းလိုက္သည္။

အတင္းေျပာျခင္း သီ၀ရီကို ဂုဏ္တင္ လိုက္သူ ကေတာ့ ေအာက္စ္ဖို႔ဒ္ တကၠသိုလ္ လူသားဆင့္ကဲ ဖြံ႕ၿဖိဳးမႈ ဆိုင္ရာ စိတ္ပညာဌာနမွ ပါေမာကၡ ေရာ္ဘင္ဒန္ဘာ ျဖစ္သည္။ အတင္းေျပာျခင္းဟာ လူသားကို အျခား သတၱ၀ါေတြနဲ႔ ကြာျခား အဆင့္ျမင့္မား လာေအာင္ ျမႇင္႔တင္ေပးတဲ့ ဂုဏ္ရည္ တစ္ရပ္ ပဲဗ် ဟု ပါေမာကၡ ဒန္ဘာက ေျပာသည္။

အတင္းေျပာေဖာ္ ေျပာဖက္ မိတ္ေဆြေတြ ရွိျခင္းေၾကာင့္ စိတ္လည္း လံုၿခံဳ ေပ်ာ္ရႊင္မႈရတယ္၊ စိတ္ထဲမွာ က်ိတ္မွိတ္ သိုသိပ္ၿပီး စိတ္၀န္ထုပ္ ပိေနျခင္းမ်ဳိးလည္း ကင္းစင္သြား တာေၾကာင့္ စိတ္က်န္းမာေရး အတြက္ပါ ေကာင္းမြန္တဲ့ ဓေလ့ တစ္ခုပါ ဟု ပါေမာကၡ ဒန္ဘာက ဆိုလိုက္သည္။ ယေန႔ ကဲ့သို႔ ဆက္သြယ္ေရး နည္း ပညာမ်ားအား မေကာင္းခင္ ဟိုးေရွးေခတ္ အခါမ်ားတုန္းက အတင္းေျပာျခင္းဟူသည္ ယေန႔လို မႏွစ္လိုစရာ ကိစၥဟု မျမင္ ၾကေၾကာင္း၊ ထိုစဥ္က အတင္းေျပာသူဟူ သည္ ဂ်ာနယ္လစ္ မ်ားသာ ျဖစ္ေၾကာင္း၊ ထိုသူမ်ားဆီ ကေန သတင္းစကားမ်ား ၾကားသိရသည္၊ မည္သူမ်ားက မေကာင္းသူမ်ား ျဖစ္ေသာေၾကာင့္ ေရွာင္ၾကဥ္ရမည္၊ မည္သူမ်ားက ေကာင္းသူမ်ားျဖစ္ေသာ ေၾကာင့္ ေပါင္းသင္းသင့္သည္မ်ားကို သတင္းေပးေသာ အေထာက္ေတာ္ႀကီး အျဖစ္ လူ႔အဖြဲ႕အစည္းက အသိအမွတ္ျပဳ ၾကေၾကာင္းလည္း ေဂ်႐ုဆလမ္ရွိ ဟီဘ႐ူး တကၠသိုလ္မွ သမိုင္း ပါေမာကၡ ယူဗယ္ႏိုရာ ဟာရာရီ ကလည္း သံုးသပ္ ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Messenger

#Unicode Version

လူတော်တော် များများသည် သူငယ်ချင်း တစ်ယောက် ယောက်အကြောင်း၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက် အကြောင်း အတင်း ပြောပြီးလျှင် အပြစ် ရှိသလို ခံစားရ တတ်သည်။

သိပ္ပံပညာရှင်များ ကမူ လူသားများ ထိုသို့ အတင်းပြောတတ်ခြင်းကြောင့်သာ ယနေ့ အဆင့်အတန်းမျိုးထိ တက်လှမ်း လာနိုင်ခြင်း ဖြစ်သည် ဟု ဆိုလိုက်သည်။ သို့ ဖြစ်ရာ အပြစ်ရှိသလို ခံစားနေရသူများ အတွက် ဖြေဆေးရပြီ။ အတင်းပြောခြင်းကို လူသားများသာ လုပ်နိုင်စွမ်း ရှိသည်။ ထို အရည်အချင်းကြောင့်ပင် လူသားများသည် အခြားသော သက်ရှိ တိရိစ္ဆာန်များ ထက် အဆင့်မြင့် ဖွံ့ဖြိုးလာခြင်း ဖြစ်သည်။ အတင်းပြောခြင်းကြောင့် မည်သူများကို သတိထားရမည်၊ မည်သူတွေကတော့ ကောက်ကျစ်သည်များကို သိရှိကာ ထိုသူများက မိမိအသက်ကို ရန်မရှာနိုင်ကြအောင် ကြိုတင် ကာကွယ် ခြင်းဖြင့် လူသားများသည် အသက်လည်း ပိုရှည်လာ ကြသည်။ အတင်းပြောခြင်းသည် အသက်ရှည်ဆေး တစ်မျိုးဟု ပညာရှင်များက ညွှန်းလိုက်သည်။

အတင်းပြောခြင်း သီဝရီကို ဂုဏ်တင် လိုက်သူ ကတော့ အောက်စ်ဖို့ဒ် တက္ကသိုလ် လူသားဆင့်ကဲ ဖွံ့ဖြိုးမှု ဆိုင်ရာ စိတ်ပညာဌာနမှ ပါမောက္ခ ရော်ဘင်ဒန်ဘာ ဖြစ်သည်။ အတင်းပြောခြင်းဟာ လူသားကို အခြား သတ္တဝါတွေနဲ့ ကွာခြား အဆင့်မြင့်မား လာအောင် မြှင့်တင်ပေးတဲ့ ဂုဏ်ရည် တစ်ရပ် ပဲဗျ ဟု ပါမောက္ခ ဒန်ဘာက ပြောသည်။

အတင်းပြောဖော် ပြောဖက် မိတ်ဆွေတွေ ရှိခြင်းကြောင့် စိတ်လည်း လုံခြုံ ပျော်ရွှင်မှုရတယ်၊ စိတ်ထဲမှာ ကျိတ်မှိတ် သိုသိပ်ပြီး စိတ်ဝန်ထုပ် ပိနေခြင်းမျိုးလည်း ကင်းစင်သွား တာကြောင့် စိတ်ကျန်းမာရေး အတွက်ပါ ကောင်းမွန်တဲ့ ဓလေ့ တစ်ခုပါ ဟု ပါမောက္ခ ဒန်ဘာက ဆိုလိုက်သည်။ ယနေ့ ကဲ့သို့ ဆက်သွယ်ရေး နည်း ပညာများအား မကောင်းခင် ဟိုးရှေးခေတ် အခါများတုန်းက အတင်းပြောခြင်းဟူသည် ယနေ့လို မနှစ်လိုစရာ ကိစ္စဟု မမြင် ကြကြောင်း၊ ထိုစဉ်က အတင်းပြောသူဟူ သည် ဂျာနယ်လစ် များသာ ဖြစ်ကြောင်း၊ ထိုသူများဆီ ကနေ သတင်းစကားများ ကြားသိရသည်၊ မည်သူများက မကောင်းသူများ ဖြစ်သောကြောင့် ရှောင်ကြဉ်ရမည်၊ မည်သူများက ကောင်းသူများဖြစ်သော ကြောင့် ပေါင်းသင်းသင့်သည်များကို သတင်းပေးသော အထောက်တော်ကြီး အဖြစ် လူ့အဖွဲ့အစည်းက အသိအမှတ်ပြု ကြကြောင်းလည်း ဂျေရုဆလမ်ရှိ ဟီဘရူး တက္ကသိုလ်မှ သမိုင်း ပါမောက္ခ ယူဗယ်နိုရာ ဟာရာရီ ကလည်း သုံးသပ် ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Messenger
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top