Property Expo
×

ဧရာဝတီတိုင္းေဒသႀကီး၊ ေခ်ာင္းသာကမ္းေျခတြင္ ေစ်းေရာင္းခ်ေနသည့္ ေစ်းဆိုင္၇၅ဆိုင္ႏွင့္ လမ္းေလွ်ာက္
 ေစ်းသည္၂၀၀ေက်ာ္တို႔အား ႏုိ၀င္ဘာလ၁ရက္မွစ၍ ေစ်းေရာင္းခ်ျခင္း မျပဳရန္ ေဒသအာဏာပိုင္မ်ားမွ တားျမစ္စာထုတ္ျပန္လိုက္ေၾကာင္း သိရွိရသည္။

ေခ်ာင္းသာကမ္းေျခတြင္ တားျမစ္ခ်က္မ်ားပါ၀င္ေသာ ဗီႏုိင္းအနီဆိုင္းဘုတ္မ်ား ေထာင္ထားျခင္း၊ အသံခ်ဲ႕စက္ ျဖင့္လိုက္လံေၾကျငာျခင္းအျပင္ ေအာက္တိုဘာလ၂၆ရက္မွစ၍လက္ကမ္းစာေစာင္မ်ား
လိုက္လံေ၀ငွသြားမည္ျဖစ္ေၾကာင္း ေခ်ာင္းသာကမ္းေျခစည္းကမ္းထိန္းသိမ္းေရးအဖြဲ႔မွသိရသည္။
“အဓိကကေတာ့ကမ္းေျခသန္႔ရွင္းေရးရယ္။အပန္းေျဖတဲ့ခရီးသည္ေတြ အႏၱရာယ္ကင္းရွင္းေရးအတြက္ လုပ္ ေဆာင္တာပါ။ဒီမွာကလာအပန္းေျဖတဲ့ခရီးသည္ေတြနဲ႔ ေစ်းသည္ခိုက္ရန္ျဖစ္ပြားတာရွိတယ္။
ခရီးသည္ေတြ ေရဆင္းခ်ိဳးေနတဲ့အခ်ိန္မွာကမ္းေျခမွာထားတဲ့ပစၥည္းေတြမၾကာခဏအလစ္သုတ္ခံရတာေတြရွိတယ္။ ခရီးသြား လုပ္ငန္းေတြအတြက္ မလိုလားအပ္တဲ့ ဒါေတြေတာ့ သက္သာသြားလိမ့္မယ္ ထင္ပါတယ္။”ဟု ေခ်ာင္းသာ အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ေျပာသည္။

ေခ်ာင္းသာကမ္းေျခသို႔အပန္းေျဖလာေရာက္သည့္ ခရီးသြားျပည္သူမ်ားအေနျဖင္႔လည္း ကမ္းေျခသာယာ လွပရန္၀ိုင္း၀န္းကူညီၾကေစလိုေၾကာင္း၎ကဆက္လက္ေျပာဆိုသည္။ေခ်ာင္းသာကမ္းေျခတြင္
 ေစ်းမေရာင္းရအျပင္ ႏုိ၀င္ဘာလ၁ရက္မွစတင္၍အမ်ားျပည္သူေရကစားရန္ သတ္ မွတ္ထားသည့္ ဧရိယာအတြင္း Speed Boat ၊ Banana Boat စသည့္ အေပ်ာ္စီးယာဥ္မ်ား ေမာင္းႏွင္ျခင္း မျပဳရန္၊ ကမ္းေျခတြင္လည္း ျမင္းစီးျခင္း၊ လွည္းေမာင္းျခင္းႏွင့္ စက္တပ္ယာဥ္မ်ား ေမာင္းႏွင္ျခင္း မျပဳလုပ္ရန္၊ ကမ္းေျခဆင္းလမ္းမ်ားေပၚတြင္ယာဥ္မ်ားျဖင့္ညအိပ္ျခင္း၊တဲထိုးညအိပ္ျခင္းႏွင့္ ေရခ်ိဳးခန္းဖြင့္လွစ္ျခင္းတို႔ကိုပါ တားျမစ္ထားေၾကာင္း သိရသည္။ ထို႔ျပင္ အမ်ားျပည္သူအပန္းေျဖရာ ေနရာမ်ားတြင္ဂြပိုက္မ်ားအသံုးျပဳ၍ ေရျပင္တြင္ပစၥည္းရွာေဖြျခင္းမျပဳရန္၊
အပန္းေျဖသည့္ေနရာႏွင့္နီးစပ္ရာတြင္က်န္းမာေရးထိခိုက္ေစႏုိင္သည့္ငါးလွမ္းစင္မ်ားေဆာက္လုပ္ျခင္း၊
ငါးလွမ္းျခင္းႏွင့္စီးပြားျဖစ္တိရစာၦန္ေမြးျမဴျခင္းမ်ား မျပဳလုပ္ရန္၊ ကမ္းေျခဧရိယာတြင္ သဲထုတ္ျခင္း၊ ေက်ာက္ထုတ္ ျခင္းႏွင့္ သႏၱာေက်ာက္မ်ား တူးေဖာ္ထုတ္ယူျခင္းမျပဳရန္၊ ကမ္းေျခဧရိယာတြင္ စည္းကမ္းမဲ့အမိႈက္စြန္႔ပစ္ျခင္း၊ သစ္ပင္စိုက္ပ်ိဳးျခင္း၊ က်ဴးေက်ာ္ျခင္းႏွင့္ အေဆာက္အအံုတိုးခ်ဲ႕ေဆာက္လုပ္ျခင္းမ်ားမျပဳရန္တားျမစ္ထားသည္။

ကမ္းေျခသဲေသာင္ျပင္ဧရိယာအတြင္းမည္သူမဆိုမီးပံုပြဲ၊ကာရာအိုေကသီဆိုျခင္းမ်ားက်င္းပရန္ႏွင့္ ကမ္းေျခ ႏွင့္ မည္သည့္အေဆာက္အအံု ဧရိယာတြင္းတြင္မဆို မီးရူး၊မီးပန္း၊ေဗ်ာက္အိုး၊ ရူးဒိုင္းႏွင့္ မီးပံုးပ်ံမ်ား လက္၀ယ္ ကိုင္ေဆာင္ျခင္း၊ ပစ္ေဖာက္ျခင္း၊ လႊတ္တင္ျခင္းမ်ားျပဳလုပ္လိုပါက ကမ္းေျခသန္႔ရွင္းသာယာေရးႏွင့္ လံုၿခံဳေရး အလို႔ငွာ ကမ္းေျခလံုၿခံဳေရးႏွင့္စည္းကမ္းထိန္းသိမ္းေရးေကာ္မတီ၏ ခြင့္ျပဳခ်က္ယူရမည္ျဖစ္ေၾကာင္းစည္းကမ္းခ်က္မ်ားထုတ္ျပန္ထားသည္။

ဒီစည္းကမ္းခ်က္ေတြက ကမ္းေျခသန္႔ရွင္းသာယာလွပေရးကို အေၾကာင္းျပၿပီး ဒီကလုပ္ငန္းရွင္ေတြဟိုတယ္ ေတြကအစားအေသာက္၊အသံုးအေဆာင္ေတြကိုပဲ ေရာင္းရသံုးရေအာင္
လုပ္တဲ့ ေၾကျငာခ်က္ပါလာတဲ့ ျပည္ သူေတြ အားလံုးက ဟိုတယ္စာ၊ ဟိုတယ္က ေရာင္းတာေတြပဲ ေစ်းႀကီးႀကီးနဲ႔ ၀ယ္သံုးႏုိင္ေအာင္ လုပ္တာလို႔ ျမင္ပါတယ္။ ေနာက္တစ္ခုကဒီကမ္းေျခကိုမွီၿပီးစား၀တ္ေနေရးေျဖရွင္းေနရတဲ့သူေတြကို
 ေနရာတစ္ခုအစားထိုး ေရာင္းခ်ခြင့္မေပးပဲအေျခဖ်က္သလို ေမာင္းထုတ္တာမ်ိဳး ျဖစ္ေနတယ္”ဟု
 ေခ်ာင္းသာကမ္းေျခတြင္ ေစ်းေရာင္းခ်သူဦးသိန္း၀င္းက ေျပာသည္။

ေခ်ာင္းသာကမ္းေျခသန္႔ရွင္းသာယာလွပေရးႏွင့္ ေရရွည္ဖြံ႔ၿဖိဳးတိုးတက္ေရး ဆိုင္ရာအလုပ္ရုံေဆြးေႏြးပြဲကို စက္တင္ဘာလ၁၆ရက္မွ ၁၈ရက္အထိ ၃ရက္ၾကာက်င္းပခဲ့ၿပီး ရလဒ္အတိုင္းအရွိန္အဟုန္ျမင့္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:ရတနာပုံ သတင္းစာ

#Unicode Version
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေတွင် ဈေးရောင်းချနေသည့် ဈေးဆိုင်၇၅ဆိုင်နှင့်လမ်းလျှောက် ဈေးသည်၂၀၀ကျော်တို့အား နိုဝင်ဘာလ၁ရက်မှစ၍ ဈေးရောင်းချခြင်း မပြုရန် ဒေသအာဏာပိုင်များမှ တားမြစ်စာထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ချောင်းသာကမ်းခြေတွင် တားမြစ်ချက်များပါဝင်သော ဗီနိုင်းအနီဆိုင်းဘုတ်များ ထောင်ထားခြင်း၊ အသံချဲ့စက် ဖြင့် လိုက်လံကြေငြာခြင်းအပြင် အောက်တိုဘာလ၂၆ရက်မှစ၍လက်ကမ်းစာစောင်များလိုက်လံဝေငှသွားမည်ဖြစ်ကြောင်း ချောင်းသာကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှသိရသည်။
“အဓိကကတော့ကမ်းခြေသန့်ရှင်းရေးရယ်။အပန်းဖြေတဲ့ခရီးသည်တွေ အန္တရာယ်ကင်းရှင်းရေးအတွက် လုပ် ဆောင်တာပါ။ ဒီမှာက လာအပန်းဖြေတဲ့ ခရီးသည်တွေနဲ့ ဈေးသည်ခိုက်ရန်ဖြစ်ပွားတာရှိတယ်။ခရီးသည်တွေ ရေဆင်းချိုးနေတဲ့အချိန်မှာကမ်းခြေမှာထားတဲ့ပစ္စည်းတွေမကြာခဏအလစ်သုတ်ခံရတာတွေရှိတယ်။ ခရီးသွား လုပ်ငန်းတွေအတွက် မလိုလားအပ်တဲ့ ဒါတွေတော့ သက်သာသွားလိမ့်မယ် ထင်ပါတယ်။”ဟု ချောင်းသာ အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

ချောင်းသာကမ်းခြေသို့အပန်းဖြေလာရောက်သည့် ခရီးသွားပြည်သူများအနေဖြင့်လည်း ကမ်းခြေသာယာ လှပရန် ဝိုင်းဝန်းကူညီကြစေလိုကြောင်း၎င်းကဆက်လက်ပြောဆိုသည်။ချောင်းသာကမ်းခြေတွင် ဈေးမရောင်းရအပြင် နိုဝင်ဘာလ၁ရက်မှစတင်၍အများပြည်သူရေကစားရန် သတ် မှတ်ထားသည့် ဧရိယာအတွင်း Speed Boat ၊ Banana Boat စသည့် အပျော်စီးယာဉ်များ မောင်းနှင်ခြင်း မပြုရန်၊ ကမ်းခြေတွင်လည်း မြင်းစီးခြင်း၊ လှည်းမောင်းခြင်းနှင့် စက်တပ်ယာဉ်များ မောင်းနှင်ခြင်း မပြုလုပ်ရန်၊ ကမ်းခြေဆင်းလမ်းများပေါ်တွင်ယာဉ်များဖြင့်ညအိပ်ခြင်း၊တဲထိုးညအိပ်ခြင်းနှင့် ရေချိုးခန်းဖွင့်လှစ်ခြင်းတို့ကိုပါ တားမြစ်ထားကြောင်း သိရသည်။ ထို့ပြင် အများပြည်သူအပန်းဖြေရာ နေရာများတွင်ဂွပိုက်များအသုံးပြု၍ ရေပြင်တွင်ပစ္စည်းရှာဖွေခြင်းမပြုရန်၊အပန်းဖြေသည့်နေရာနှင့်နီးစပ်ရာတွင်ကျန်းမာရေးထိခိုက်စေနိုင်သည့်ငါးလှမ်းစင်များဆောက်လုပ်ခြင်း၊ငါးလှမ်းခြင်းနှင့်စီးပွားဖြစ်တိရစ္ဆာန်မွေးမြူခြင်းများ မပြုလုပ်ရန်၊ ကမ်းခြေဧရိယာတွင် သဲထုတ်ခြင်း၊ ကျောက်ထုတ် ခြင်းနှင့် သန္တာကျောက်များ တူးဖော်ထုတ်ယူခြင်းမပြုရန်၊ ကမ်းခြေဧရိယာတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ ကျူးကျော်ခြင်းနှင့် အဆောက်အအုံတိုးချဲ့ဆောက်လုပ်ခြင်းများမပြုရန်တားမြစ်ထားသည်။

ကမ်းခြေသဲသောင်ပြင်ဧရိယာအတွင်းမည်သူမဆိုမီးပုံပွဲ၊ကာရာအိုကေသီဆိုခြင်းများကျင်းပရန်နှင့် ကမ်းခြေ နှင့် မည်သည့်အဆောက်အအုံ ဧရိယာတွင်းတွင်မဆို မီးရူး၊မီးပန်း၊ဗျောက်အိုး၊ ရူးဒိုင်းနှင့် မီးပုံးပျံများ လက်ဝယ် ကိုင်ဆောင်ခြင်း၊ ပစ်ဖောက်ခြင်း၊ လွှတ်တင်ခြင်းများပြုလုပ်လိုပါက ကမ်းခြေသန့်ရှင်းသာယာရေးနှင့် လုံခြုံရေး အလို့ငှာ ကမ်းခြေလုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ခွင့်ပြုချက်ယူရမည်ဖြစ်ကြောင်းစည်းကမ်းချက်များထုတ်ပြန်ထားသည်။

ဒီစည်းကမ်းချက်တွေက ကမ်းခြေသန့်ရှင်းသာယာလှပရေးကို အကြောင်းပြပြီး ဒီကလုပ်ငန်းရှင်တွေဟိုတယ် တွေကအစားအသောက်၊အသုံးအဆောင်တွေကိုပဲ ရောင်းရသုံးရအောင်လုပ်တဲ့ ကြေငြာချက်ပါလာတဲ့ ပြည် သူတွေ အားလုံးက ဟိုတယ်စာ၊ ဟိုတယ်က ရောင်းတာတွေပဲ ဈေးကြီးကြီးနဲ့ ဝယ်သုံးနိုင်အောင် လုပ်တာလို့ မြင်ပါတယ်။ နောက်တစ်ခုကဒီကမ်းခြေကိုမှီပြီးစားဝတ်နေရေးဖြေရှင်းနေရတဲ့သူတွေကို နေရာတစ်ခု အစားထိုး ရောင်းချခွင့်မပေးပဲ အခြေဖျက်သလို မောင်းထုတ်တာမျိုး ဖြစ်နေတယ်။”ဟု ချောင်းသာကမ်းခြေတွင် ဈေးရောင်းချသူဦးသိန်းဝင်းက ပြောသည်။

ချောင်းသာကမ်းခြေသန့်ရှင်းသာယာလှပရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ၁၆ရက်မှ ၁၈ရက်အထိ ၃ရက်ကြာကျင်းပခဲ့ပြီး ရလဒ်အတိုင်းအရှိန်အဟုန်မြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:ရတနာပုံ သတင်းစာ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top