Kantharyar Centre
×

ဗင္နီဇြဲလားႏုိင္ငံမွာ အစိုးရဆန္႕က်င္ေရး ဆႏၵျပပြဲ အဓိက႐ုဏ္းမ်ား ျဖစ္ပြားခဲ့ၿပီး လူ ၂၀ ေက်ာ္ ဒဏ္ရာရ႐ွိခဲ့ေၾကာင္းနဲ႕ ဆႏၵျပသူ ၃၉ ဦး ဖမ္းဆီးထိန္းသိမ္းခံရေၾကာင္း လူ႕အခြင့္အေရးအုပ္စုက ေျပာပါတယ္။ဆို႐ွယ္မီဒီယာမွာ ပ်ံ႕ႏွံ႕ခဲ့တဲ့ ဓာတ္ပုံမ်ားအရ ဒဏ္ရာရေနသူေတြ ေျမျပင္မွာလဲက်ေနတာ ေတြ႕ရပါတယ္။ အနည္းဆုံး ဆႏၵျပသူသုံးဦး ပစ္ခတ္ခံခဲ့ရေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚခ့ဲပါတယ္။

သမၼတ နီကုိလက္စ္ မတ္ဒူ႐ုိ အစိုးရကုိ ဗင္နီဇြဲလားျပည္သူ ေသာင္းနဲ႕ခ်ီၿပီး ဗုဒၶဟူးေန႕က လမ္းမမ်ားေပၚစု႐ုံးကာ ခ်ီတက္ဆႏၵျပခဲ့ပါတယ္။မတ္ဒူ႐ုိကုိ သမၼတအျဖစ္မွ ဖယ္႐ွားႏုိင္မယ့္ လူထုဆႏၵခံယူပြဲ ျပန္လည္က်င္းပရန္ စီစဥ္ေနမႈကုိ ဆုိင္းငံ့လုိက္ၿပီးေနာက္ အစိုးရဆန္႕က်င္ေရး ဆႏၵျပမႈေတြ ေပၚေပါက္လာခဲ့တာလည္း ျဖစ္ပါတယ္။

လူထုဆႏၵခံယူပြဲ ျပန္လည္ က်င္းပေပးရန္ အစုိးရအတုိက္အခံ တက္ၾကြလႈပ္႐ွားသူမ်ားက လက္မွတ္ေပါင္း ၂၀၀,၀၀၀ စုေပါင္းေရးထုိး ေတာင္းဆုိခဲ့ေပမဲ့ လူထုဆႏၵခံယူပြဲ ျပန္လည္က်င္းပရန္ အစီအစဥ္ကုိ ၿပီးခဲ့တဲ့ သီတင္းပတ္က ဆုိင္းင့ံခဲ့တာ ျဖစ္ပါတယ္။ တာဝန္႐ွိသူေတြက လက္မွတ္မ်ားစုစည္းမႈဟာ လိမ္လည္ေဆာင္႐ြက္မႈေတြ ႐ွိခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

ဗင်နီဇွဲလားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ဆန္ဒပြသူ ၃၉ ဦး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း လူ့အခွင့်အရေးအုပ်စုက ပြောပါတယ်။ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံများအရ ဒဏ်ရာရနေသူတွေ မြေပြင်မှာလဲကျနေတာ တွေ့ရပါတယ်။ အနည်းဆုံး ဆန္ဒပြသူသုံးဦး ပစ်ခတ်ခံခဲ့ရကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ပါတယ်။

သမ္မတ နီကိုလက်စ် မတ်ဒူရို အစိုးရကို ဗင်နီဇွဲလားပြည်သူ သောင်းနဲ့ချီပြီး ဗုဒ္ဓဟူးနေ့က လမ်းမများပေါ်စုရုံးကာ ချီတက်ဆန္ဒပြခဲ့ပါတယ်။မတ်ဒူရိုကို သမ္မတအဖြစ်မှ ဖယ်ရှားနိုင်မယ့် လူထုဆန္ဒခံယူပွဲ ပြန်လည်ကျင်းပရန် စီစဉ်နေမှုကို ဆိုင်းငံ့လိုက်ပြီးနောက် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့တာလည်း ဖြစ်ပါတယ်။

လူထုဆန္ဒခံယူပွဲ ပြန်လည် ကျင်းပပေးရန် အစိုးရအတိုက်အခံ တက်ကြွလှုပ်ရှားသူများက လက်မှတ်ပေါင်း ၂၀၀,၀၀၀ စုပေါင်းရေးထိုး တောင်းဆိုခဲ့ပေမဲ့ လူထုဆန္ဒခံယူပွဲ ပြန်လည်ကျင်းပရန် အစီအစဉ်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေက လက်မှတ်များစုစည်းမှုဟာ လိမ်လည်ဆောင်ရွက်မှုတွေ ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top