Property Expo
×







 


#Unicode Version

ဖိုတိုရှော့ နည်းပညာနဲ့ ကွန်ပျူတာဆော့ဖ်ဝဲလ်အက်ဖက်တွေနဲ့ ပြု ပြင်လိုက်ရင် အင်မတန်ကိုမှ ရုပ်ဆိုးအကျည်းတန်နေတဲ့ သူတွေကို နတ်သမီးလေးတစ်ယောက်လို လှပချောမောသွားလောက် အောင် ကိုစွမ်း ဆောင်ပေးနိုင်ပါတယ်။ ဒါကတိုးတက်ပြီး ခေတ်မီဆန်းသစ် လာတဲ့ နည်းပညာတွေရဲ့ အံ့မခန်းစွမ်းရည်တွေပါပဲ။

အခုလည်း ဟောလီးဝုဒ်ကြယ်ပွင့်တွေရဲ့ ပရိတ်သတ်ကို ဖမ်းစားညှို့ ငင်သွားနိုင်တဲ့ ပုံရိပ်တွေရဲ့ နောက်ကွယ်က မထင်မှတ်ထားလောက် တဲ့ ဆိုးရွားတဲ့ပင်ကိုယ် ဓာတ်ပုံအစစ်အမှန်တွေပါပဲ။
ပြုပြင်ပြီးသား လှပချောမောပြီး ကြည့်ကောင်းလွန်းတဲ့ ဓာတ်ပုံရုပ် ထွက်တွေလိုမျိုး မဟုတ်ပဲ မျက်နှာပေါ် အရေးအကြောင်းနဲ့ အဖုအ ထစ်တွေ၊ မိတ်ကပ်မညီမညာမှုတွေ၊ အသားအရေလျော့တွဲယိုရွဲမှု တွေ အစရှိသဖြင့်တို့ မြင်တွေ့ရနိုင်ပါတယ်။

ဒါပေမဲ့ ဒီကွန်ပျူတာ နည်းပညာတွေနဲ့ ပြုပြင်ဖန်တီးလိုက်ပြီးတဲ့ နောက်မှာတော့ လှပပြီး ပြီးပြည့်စုံလိုလေသေးမရှိတဲ့ ဓာတ်ပုံကောင်း ရုပ်ထွက်ကောင်းပုံတွေ ထွက်ရှိလာပါတယ်။ ကမ္ဘာကျော်အနုပညာ ရှင်တွေရဲ့ ပရိတ်သတ်တွေကို နှစ်ခြိုက်ဖမ်းစားစေမယ့် ရုပ်ထွက် ဓာတ်ပုံတွေကြောင့် သူတို့အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်း ပေးရာလည်း ရောက်တာဖြစ်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top