Kantharyar Centre
×

                ထြန္းထြန္းမင္းႏွင့္ ကေနဒါလက္ေဝွ႔သမား ေဒ့ဗ္လက္ဒပ္တို႔ ယွဥ္ၿပိဳင္ေနစဥ္

 ျမန္မာ၊ ထုိင္း၊ ကေနဒါ ႏုိင္ငံတကာစိန္ေခၚပြဲ ျမန္မာ့႐ုိးရာ လက္ေဝွ႔ၿပိဳင္ပြဲတြင္ ျမန္မာျပည္  ခ်န္ပီယံ ထြန္းထြန္းမင္းကကေနဒါ လက္ေဝွ႔သမားႏွင့္ သေရက်ၿပီး တူးတူးမွာ ၿပိဳင္ဘက္ ထုိင္းေမြလက္ေဝွ႔သမားကုိ အလဲထုိးျဖင့္ အႏုိင္ရရွိသည္။

ေအာက္တုိဘာ ၉ ရက္က ရန္ကုန္ၿမိဳ႕ သိမ္ျဖဴအားကစား႐ုံ ၌က်င္းပသည့္ အဆုိပါ လက္ေဝွ႔ စိန္ေခၚပြဲတြင္ ထြန္းထြန္းမင္းက ကေနဒါလက္ေဝွ႔သမား ေဒ့ဗ္ လက္ဒပ္ႏွင့္ ယွဥ္ၿပိဳင္ခဲ့သည္။ ပထမအခ်ီတြင္ ထြန္းထြန္းမင္းက အသာစီးရယူႏုိင္ခဲ့ေသာ္လည္း ေနာက္ပုိင္းအခ်ီမ်ား၌ အျပန္ အလွန္ ထုိးသတ္ခဲ့ၾကသည္။ သို႔ ေသာ္ ငါးခ်ီျပည့္သည္အထိ အလဲ ထုိးႏုိင္ျခင္းမရွိျခင္းေၾကာင့္ အႏိုင္ အ႐ံႈးမေပၚခဲ့ေပ။ ယင္းပြဲတြင္ အ ရပ္အေမာင္းပိုျမင့္သည့္ၿပိဳင္ဘက္ ေၾကာင့္ အခက္ေတြ႕ခဲ့ရသည္ဟု  ထြန္းထြန္းမင္းက ပြဲအၿပီး၌ ေျပာၾကားသည္။


၂ဝ၁၃ ဆီးဂိမ္းေရႊတံဆိပ္ဆု ရွင္ တူးတူးႏွင့္ ထုိင္းေမြလက္ေဝွ႔ ခ်န္ပီယံ ဘာနီယြန္တို႔ပြဲတြင္ တူးတူးက အသာစီးျဖင့္ ထုိးသတ္ ႏုိင္ခဲ့ကာ ဒုတိယအခ်ီ၌ ဘာနီယြန္ အနားေတာင္းခဲ့ရသည္။ တတိယ အခ်ီတြင္ တူးတူး၏ လက္သီးခ်က္ ေၾကာင့္ ဘာနီရြန္မ်က္ႏွာ အထိ နာၿပီး ဆက္လက္ယွဥ္ၿပိဳင္ႏုိင္ျခင္း မရွိေတာ့သျဖင့္ တူးတူးကအလဲ ထုိးျဖင့္ အႏိုိင္ရရွိခဲ့သည္။ဘာနီရြန္ ၏ဒဏ္ရာသည္ ျပင္းထန္ခဲ့ျခင္း ေၾကာင့္ ေဆးကုသမႈ ခံယူခဲ့ရသည္။

စုိးလင္းဦးႏွင့္ သေျပညိဳတို႔  ပြဲတြင္ စုိးလင္းဦးက အသာစီးရရွိ ေသာ္လည္း အလဲထုိးႏုိင္ျခင္း  မရွိျခင္းေၾကာင့္ ပူးတြဲသေရျဖင့္ ၿပီးဆုံးခဲ့သည္။ ေစာမူတုိႏွင့္ဖ်ံေသြးတုိ႔ပြဲတြင္ ဖ်ံေသြး၏ေျခကန္ခ်က္၊  လက္သီးခ်က္မ်ားေၾကာင့္ ေဂၚမူတုိအထိနာၿပီး တတိယအခ်ီ၌ ဒဏ္ရာရရွိခဲ့ျခင္းေၾကာင့္ ဖ်ံေသြးကအလဲထုိးျဖင့္ အႏိုိင္ရရွိခဲ့သည္။

အျခားပြဲမ်ား၌ ရဲေသြးနီက မုိက္႐ုိင္းကုိ တတိယအခ်ီတြင္ လည္းေကာင္း၊ ထြန္းလြင္မုိးက နကၡတ္ေအာင္ကုိ ပထမအခ်ီတြင္ လည္းေကာင္း၊ ဖုိးလျပည့္က ေစာမင္းေအာင္ကုိ တတိယအခ်ီ တြင္လည္းေကာင္း အလဲထိုးျဖင့္ အသီးသီးအႏုိင္ရရွိခဲ့သည္။ ရဲမာန္ဟိန္းႏွင့္ မင္းႏုိင္ထြန္း၊ ေရႊရာမာန္ ႏွင့္ သားအသဲတစ္ပြင့္တို႔ ပြဲစဥ္မ်ားမွာ အ႐ံႈးအႏိုင္မေပၚခဲ့ဘဲ သေရျဖင့္သာ ၿပီးဆုံးခဲ့သည္။

ယင္းလက္ေဝွ႔စိန္ေခၚပြဲတြင္  မေက်ပြဲအျဖစ္ ယွဥ္ၿပိဳင္ရန္စီစဥ္ ထားသည့္ ဖုိးေကႏွင့္ ေသြးသစ္ ေအာင္တို႔ပြဲမွာ ဝိတ္တန္းမမွ်ျခင္း ေၾကာင့္ပ်က္ျပယ္ခဲ့သည္။ျမန္မာ၊ ထုိင္း၊ ကေနဒါႏုိင္ငံတကာ ႐ုိးရာ လက္ေ၀ွ႔ၿပိဳင္ပြဲကုိ ပရိသတ္ကြင္း လုံးျပည့္ လာေရာက္အားေပးခဲ့ၿပီး  MMA ကစားသမား ကခ်င္တုိင္း ရင္းသား ေအာင္လအန္ဆန္ လာေရာက္ၾကည့္႐ႈခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ထွန်းထွန်းမင်းနှင့် ကနေဒါလက်ဝှေ့သမား ဒေ့ဗ်လက်ဒပ်တို့ ယှဉ်ပြိုင်နေစဉ်

 မြန်မာ၊ ထိုင်း၊ ကနေဒါ နိုင်ငံတကာစိန်ခေါ်ပွဲ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင် မြန်မာပြည်  ချန်ပီယံ ထွန်းထွန်းမင်းကကနေဒါ လက်ဝှေ့သမားနှင့် သရေကျပြီး တူးတူးမှာ ပြိုင်ဘက် ထိုင်းမွေလက်ဝှေ့သမားကို အလဲထိုးဖြင့် အနိုင်ရရှိသည်။

အောက်တိုဘာ ၉ ရက်က ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံ ၌ကျင်းပသည့် အဆိုပါ လက်ဝှေ့ စိန်ခေါ်ပွဲတွင် ထွန်းထွန်းမင်းက ကနေဒါလက်ဝှေ့သမား ဒေ့ဗ် လက်ဒပ်နှင့် ယှဉ်ပြိုင်ခဲ့သည်။ ပထမအချီတွင် ထွန်းထွန်းမင်းက အသာစီးရယူနိုင်ခဲ့သော်လည်း နောက်ပိုင်းအချီများ၌ အပြန် အလှန် ထိုးသတ်ခဲ့ကြသည်။ သို့ သော် ငါးချီပြည့်သည်အထိ အလဲ ထိုးနိုင်ခြင်းမရှိခြင်းကြောင့် အနိုင် အရှုံးမပေါ်ခဲ့ပေ။ ယင်းပွဲတွင် အ ရပ်အမောင်းပိုမြင့်သည့်ပြိုင်ဘက် ကြောင့် အခက်တွေ့ခဲ့ရသည်ဟု  ထွန်းထွန်းမင်းက ပွဲအပြီး၌ ပြောကြားသည်။


၂ဝ၁၃ ဆီးဂိမ်းရွှေတံဆိပ်ဆု ရှင် တူးတူးနှင့် ထိုင်းမွေလက်ဝှေ့ ချန်ပီယံ ဘာနီယွန်တို့ပွဲတွင် တူးတူးက အသာစီးဖြင့် ထိုးသတ် နိုင်ခဲ့ကာ ဒုတိယအချီ၌ ဘာနီယွန် အနားတောင်းခဲ့ရသည်။ တတိယ အချီတွင် တူးတူး၏ လက်သီးချက် ကြောင့် ဘာနီရွန်မျက်နှာ အထိ နာပြီး ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့သဖြင့် တူးတူးကအလဲ ထိုးဖြင့် အနိုင်ရရှိခဲ့သည်။ဘာနီရွန် ၏ဒဏ်ရာသည် ပြင်းထန်ခဲ့ခြင်း ကြောင့် ဆေးကုသမှု ခံယူခဲ့ရသည်။

စိုးလင်းဦးနှင့် သပြေညိုတို့  ပွဲတွင် စိုးလင်းဦးက အသာစီးရရှိ သော်လည်း အလဲထိုးနိုင်ခြင်း  မရှိခြင်းကြောင့် ပူးတွဲသရေဖြင့် ပြီးဆုံးခဲ့သည်။ စောမူတိုနှင့်ဖျံသွေးတို့ပွဲတွင် ဖျံသွေး၏ခြေကန်ချက်၊  လက်သီးချက်များကြောင့် ဂေါ်မူတိုအထိနာပြီး တတိယအချီ၌ ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဖျံသွေးကအလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

အခြားပွဲများ၌ ရဲသွေးနီက မိုက်ရိုင်းကို တတိယအချီတွင် လည်းကောင်း၊ ထွန်းလွင်မိုးက နက္ခတ်အောင်ကို ပထမအချီတွင် လည်းကောင်း၊ ဖိုးလပြည့်က စောမင်းအောင်ကို တတိယအချီ တွင်လည်းကောင်း အလဲထိုးဖြင့် အသီးသီးအနိုင်ရရှိခဲ့သည်။ ရဲမာန်ဟိန်းနှင့် မင်းနိုင်ထွန်း၊ ရွှေရာမာန် နှင့် သားအသဲတစ်ပွင့်တို့ ပွဲစဉ်များမှာ အရှုံးအနိုင်မပေါ်ခဲ့ဘဲ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။

ယင်းလက်ဝှေ့စိန်ခေါ်ပွဲတွင်  မကျေပွဲအဖြစ် ယှဉ်ပြိုင်ရန်စီစဉ် ထားသည့် ဖိုးကေနှင့် သွေးသစ် အောင်တို့ပွဲမှာ ဝိတ်တန်းမမျှခြင်း ကြောင့်ပျက်ပြယ်ခဲ့သည်။မြန်မာ၊ ထိုင်း၊ ကနေဒါနိုင်ငံတကာ ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ပရိသတ်ကွင်း လုံးပြည့် လာရောက်အားပေးခဲ့ပြီး  MMA ကစားသမား ကချင်တိုင်း ရင်းသား အောင်လအန်ဆန် လာရောက်ကြည့်ရှုခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top