Kantharyar Centre
×

မ်က္ကပ္မွန္ကုိ မ်က္လုံးအေရာင္ လွခ်င္႐ုံသီးသန္႔အတြက္သာမက အျမင္အာ႐ုံခ်ဳိ႕ယြင္းတဲ့သူေတြဆုိ ရင္လည္း မ်က္မွန္ေၾကာင့္ အလွ မပ်က္ခ်င္တာေၾကာင့္ မ်က္ကပ္ မွန္ေတြဟာလည္း အသုံးတြင္ က်ယ္လာပါတယ္။ မ်က္စိအ တြက္ အႏၲရာယ္ကင္းကင္းနဲ႔ အလွ လည္းပုိေစဖုိ႔အတြက္ မ်က္ကပ္မွန္သုံးသူေတြ သိသင့္တာေလး ေတြေဖာ္ျပေပးလုိက္ပါတယ္။

မ်က္ကပ္မွန္ေတြဟာ ႏူးညံ့ ပါးလႊာတဲ့ပစၥည္းနဲ႔ထုတ္လုပ္ထား တာေၾကာင့္ သိမ္းဆည္းရင္လည္း စနစ္တက်ေသခ်ာသိမ္းဆည္းဖို႔ လုိအပ္ပါတယ္။ မ်က္ကပ္မွန္တပ္ ေတာ့မယ္ဆုိတာနဲ႔ လက္မွာ ဆီ၊ ဖုန္မႈန္႔၊ မိတ္ကပ္၊ လုိးရွင္းစတာ ေတြမရွိရေလေအာင္ သန္႔စင္ေပး ဖုိ႔လုိအပ္သလုိ မ်က္ကပ္မွန္ကို လည္း ေဆးရည္နဲ႔ သန္႔စင္ထားဖို႔ လိုအပ္ပါတယ္။ ဒါမွသာ မ်က္စိ ယားယံတာ၊ မ်က္စိကို ေရာဂါကူး စက္မႈေတြကေန ကာကြယ္ၿပီး သားျဖစ္ေစမွာပါ။

ေနာက္တစ္ခ်က္က မိတ္ ကပ္မလိမ္းခင္မွာ မ်က္ကပ္မွန္ တပ္ထားဖုိ႔လုိပါတယ္။ မိတ္ကပ္ လိမ္းၿပီးမွ တပ္တဲ့အခါ မ်က္စိထဲ ကို အမႈန္အမြားနဲ႔ ေရာဂါပုိး၀င္ႏုိင္ ေျခမ်ားလုိ႔ပဲျဖစ္ပါတယ္။ ဒါ့အျပင္ ႏူးညံ့တဲ့မ်က္ကပ္မွန္ေတြကို မထိ ခုိက္မပ်က္စီးေစဖုိ႔အတြက္လည္း  ဓာတုပစၥည္းနည္းနည္းပဲပါၿပီး သ ဘာ၀ပစၥည္းေတြနဲ႔အေျခခံထုတ္ ထားတဲ့ မိတ္ကပ္နဲ႔ မ်က္ႏွာသန္႔ စင္ေဆးေရြးသုံးဖုိ႔ လုိပါတယ္။

ေနာက္ၿပီး မ်က္ကပ္မွန္တပ္ ၿပီး မိတ္ကပ္လိမ္းတုန္း အမႈန္အ မႊား၀င္တဲ့အခါ ၾကမ္းၾကမ္းတမ္း တမ္းမပြတ္မိဖို႔အထူးသတိထားရ ပါမယ္။ အဲဒီအခါမွာ မ်က္ကပ္မွန္စုတ္ၿပဲသြားႏုိင္သလုိ မ်က္စိကုိလည္း ဒဏ္ျဖစ္ေစလုိ႔ပါ။

မ်က္ကပ္မွန္သမားေတြမိတ္ ကပ္ျပင္တဲ့အခါ ႀကံဳရတတ္တဲ့ ျပ ႆနာႀကီးတစ္ခုကေတာ့ အုိင္း လိုင္နာဆြဲတဲ့အခါပဲျဖစ္ပါတယ္။ ထူးပိန္းေနေအာင္ဆြဲထားတဲ့အခါ မ်က္လုံးကိုေျခာက္ေသြ႕ေစကာ မ်က္စိနာတာမ်ဳိးျဖစ္ေစတဲ့အ တြက္ သတိျပဳရပါမယ္။

အုိင္းရွဲဒုိးသုံးရင္လည္းအမႈန္႔ ပုံစံထက္ ခရင္မ္လုိပုံစံက မ်က္ ကပ္မွန္သမားေတြနဲ႔ ပုိၿပီးသင့္ ေတာ္တယ္ဆုိေပမယ့္လည္း ႏွစ္ခု စလုံးက မ်က္စိထဲ၀င္ႏုိင္တာကို အၿမဲတမ္းသတိရပါ။

အလွကုန္ပစၥည္းေတြ၀ယ္ တဲ့အခါမွာလည္း အဆီမ်ားတဲ့ပစၥည္းေတြေရွာင္ဖုိ႔လုိပါတယ္။ အခန္႔မသင့္လုိ႔ မ်က္စိထဲ၀င္ခဲ့ရင္ မ်က္ကပ္မွန္ခြာရခက္ေစတဲ့အ ျပင္ ျမန္ျမန္လည္းပ်က္စီးေစပါ တယ္။ ေနာက္ၿပီး မိတ္ကပ္ဖ်က္ ေတာ့မယ္ဆုိရင္လည္း အႏၲရာယ္ ကင္းေအာင္ မ်က္ကပ္မွန္ခၽြတ္ၿပီး မွ လုပ္ဖုိ႔လုိအပ္ပါတယ္။

မ်က္ေတာင္တုတပ္တာက လည္း မ်က္ကပ္မွန္သမားအ တြက္ကေတာ့ ေကာင္းတဲ့လုပ္ ေဆာင္ခ်က္မဟုတ္ပါဘူး။ မ်က္ ေတာင္တုတပ္တဲ့ေကာ္က မ်က္ လုံးထဲ၀င္ၿပီး မ်က္ကပ္မွန္ကုိ ဒုကၡ ေပးႏုိင္သလုိ မ်က္ေတာင္ေကာ့ ေဆးေတြအမ်ားႀကီးတင္တာက လည္း မ်က္စိစပ္ၿပီး နာတာမ်ဳိး၊စူး ေအာင့္တာမ်ဳိးေတြလည္း ျဖစ္ႏုိင္ တဲ့အတြက္ သတိထားဖုိ႔လုိအပ္ပါ တယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

မျက်ကပ်မှန်ကို မျက်လုံးအရောင် လှချင်ရုံသီးသန့်အတွက်သာမက အမြင်အာရုံချို့ယွင်းတဲ့သူတွေဆို ရင်လည်း မျက်မှန်ကြောင့် အလှ မပျက်ချင်တာကြောင့် မျက်ကပ် မှန်တွေဟာလည်း အသုံးတွင် ကျယ်လာပါတယ်။ မျက်စိအ တွက် အန္တရာယ်ကင်းကင်းနဲ့ အလှ လည်းပိုစေဖို့အတွက် မျက်ကပ်မှန်သုံးသူတွေ သိသင့်တာလေး တွေဖော်ပြပေးလိုက်ပါတယ်။

မျက်ကပ်မှန်တွေဟာ နူးညံ့ ပါးလွှာတဲ့ပစ္စည်းနဲ့ထုတ်လုပ်ထား တာကြောင့် သိမ်းဆည်းရင်လည်း စနစ်တကျသေချာသိမ်းဆည်းဖို့ လိုအပ်ပါတယ်။ မျက်ကပ်မှန်တပ် တော့မယ်ဆိုတာနဲ့ လက်မှာ ဆီ၊ ဖုန်မှုန့်၊ မိတ်ကပ်၊ လိုးရှင်းစတာ တွေမရှိရလေအောင် သန့်စင်ပေး ဖို့လိုအပ်သလို မျက်ကပ်မှန်ကို လည်း ဆေးရည်နဲ့ သန့်စင်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ မျက်စိ ယားယံတာ၊ မျက်စိကို ရောဂါကူး စက်မှုတွေကနေ ကာကွယ်ပြီး သားဖြစ်စေမှာပါ။

နောက်တစ်ချက်က မိတ် ကပ်မလိမ်းခင်မှာ မျက်ကပ်မှန် တပ်ထားဖို့လိုပါတယ်။ မိတ်ကပ် လိမ်းပြီးမှ တပ်တဲ့အခါ မျက်စိထဲ ကို အမှုန်အမွားနဲ့ ရောဂါပိုးဝင်နိုင် ခြေများလို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် နူးညံ့တဲ့မျက်ကပ်မှန်တွေကို မထိ ခိုက်မပျက်စီးစေဖို့အတွက်လည်း  ဓာတုပစ္စည်းနည်းနည်းပဲပါပြီး သ ဘာဝပစ္စည်းတွေနဲ့အခြေခံထုတ် ထားတဲ့ မိတ်ကပ်နဲ့ မျက်နှာသန့် စင်ဆေးရွေးသုံးဖို့ လိုပါတယ်။

နောက်ပြီး မျက်ကပ်မှန်တပ် ပြီး မိတ်ကပ်လိမ်းတုန်း အမှုန်အ မွှားဝင်တဲ့အခါ ကြမ်းကြမ်းတမ်း တမ်းမပွတ်မိဖို့အထူးသတိထားရ ပါမယ်။ အဲဒီအခါမှာ မျက်ကပ်မှန်စုတ်ပြဲသွားနိုင်သလို မျက်စိကိုလည်း ဒဏ်ဖြစ်စေလို့ပါ။

မျက်ကပ်မှန်သမားတွေမိတ် ကပ်ပြင်တဲ့အခါ ကြုံရတတ်တဲ့ ပြ ဿနာကြီးတစ်ခုကတော့ အိုင်း လိုင်နာဆွဲတဲ့အခါပဲဖြစ်ပါတယ်။ ထူးပိန်းနေအောင်ဆွဲထားတဲ့အခါ မျက်လုံးကိုခြောက်သွေ့စေကာ မျက်စိနာတာမျိုးဖြစ်စေတဲ့အ တွက် သတိပြုရပါမယ်။

အိုင်းရှဲဒိုးသုံးရင်လည်းအမှုန့် ပုံစံထက် ခရင်မ်လိုပုံစံက မျက် ကပ်မှန်သမားတွေနဲ့ ပိုပြီးသင့် တော်တယ်ဆိုပေမယ့်လည်း နှစ်ခု စလုံးက မျက်စိထဲဝင်နိုင်တာကို အမြဲတမ်းသတိရပါ။

အလှကုန်ပစ္စည်းတွေဝယ် တဲ့အခါမှာလည်း အဆီများတဲ့ပစ္စည်းတွေရှောင်ဖို့လိုပါတယ်။ အခန့်မသင့်လို့ မျက်စိထဲဝင်ခဲ့ရင် မျက်ကပ်မှန်ခွာရခက်စေတဲ့အ ပြင် မြန်မြန်လည်းပျက်စီးစေပါ တယ်။ နောက်ပြီး မိတ်ကပ်ဖျက် တော့မယ်ဆိုရင်လည်း အန္တရာယ် ကင်းအောင် မျက်ကပ်မှန်ချွတ်ပြီး မှ လုပ်ဖို့လိုအပ်ပါတယ်။

မျက်တောင်တုတပ်တာက လည်း မျက်ကပ်မှန်သမားအ တွက်ကတော့ ကောင်းတဲ့လုပ် ဆောင်ချက်မဟုတ်ပါဘူး။ မျက် တောင်တုတပ်တဲ့ကော်က မျက် လုံးထဲဝင်ပြီး မျက်ကပ်မှန်ကို ဒုက္ခ ပေးနိုင်သလို မျက်တောင်ကော့ ဆေးတွေအများကြီးတင်တာက လည်း မျက်စိစပ်ပြီး နာတာမျိုး၊စူး အောင့်တာမျိုးတွေလည်း ဖြစ်နိုင် တဲ့အတွက် သတိထားဖို့လိုအပ်ပါ တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top