Property Expo
×

ဆားလင္းႀကီးၿမိဳ႕နယ္အ တြင္း ေၾကးနီစီမံကိန္းေၾကာင့္ ေျမ သိမ္းခံေတာင္သူမ်ား၏ သားစဥ္ ေျမးဆက္နစ္နာမႈအေပၚ ပံ့ပိုးကူ ညီမႈရရွိေရးႏွင့္ပတ္သက္၍ စစ္ ကိုင္းတုိင္းေဒသႀကီးလႊတ္ေတာ္ တြင္ ဆားလင္းႀကီးၿမိဳ႕နယ္ မဲဆႏၵ နယ္ အမွတ္(၁) တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္ တာသိန္းႏုိင္က ေမးျမန္းခဲ့သည္။

ေအာက္တိုဘာ ၆ ရက္က က်င္းပေသာ ဒုတိယအႀကိမ္ စစ္ ကိုင္းတုိင္းေဒသႀကီး လႊတ္ေတာ္ အထူးအစည္းအေဝး အမွတ္စဥ္ (၁/၂၀၁၆)တြင္ စီမံကိန္းေၾကာင့္ ေျမယာလုပ္ကိုင္ခြင့္ လက္လြတ္ ဆံုး႐ံႈးနစ္နာခဲ့ေသာ ေတာင္သူ လယ္သမားမ်ား၏ သားစဥ္ေျမး ဆက္ နစ္နာမႈအေပၚ ပံ့ပိုးကူညီမႈ ရရွိေစေရး ေဆာင္ရြက္ေပးႏုိင္ ျခင္း ရွိ၊ မရွိႏွင့္ ၂၀၁၂ လယ္ယာ ေျမနည္းဥပေဒ ၆၇ အရ ေျမသိမ္း ခံနစ္နာေတာင္သူမ်ားအေပၚ စီမံ ကိန္း၏ အက်ိဳးအျမတ္အလိုက္ ႏွစ္စဥ္ေထာက္ပံ့ခံစားခြင့္မ်ားရရွိေရး စစ္ကိုင္းတုိင္း ေဒသႀကီးအစိုးရအဖြဲ႕က ေဆာင္ရြက္ေပးရန္ ရွိ၊ မရွိ သိလိုပါေၾကာင္း ေမးျမန္းခဲ့ျခင္း ျဖစ္သည္။

 ဆားလင္းႀကီးၿမိဳ႕နယ္ အ တြင္း ေၾကးစင္ေတာင္၊ စံပယ္ ေတာင္ ေၾကးနီစီမံကိန္းကို ၁၉၇၆ တြင္ ျမန္မာ့သတၱဳတြင္းႏွင့္ ယူဂို စလားဗီးယားႏုိင္ငံ သတၱဳတူးေဖာ္ ေရးတုိ႔ ပူးေပါင္းေဆာင္ရြက္ခဲ့ သည္။ ၁၉၉၈ တြင္ ကေနဒါႏုိင္ငံ အိုင္ဗင္ဟိုးကုမၸဏီႏွင့္ ျမန္မာ့ သတၱဳတြင္းဝန္ႀကီးဌာနတုိ႔ ပူးေပါင္းလုပ္ကုိင္ခဲ့သည္။ ၂၀၁၁ တြင္ တ႐ုတ္ႏုိင္ငံ ယန္စီကုမၸဏီႏွင့္ ျမန္မာ့စီးပြားေရးဦးပိုင္ကုမၸဏီတို႔ကယခုအခ်ိန္ထိ လႊဲေျပာင္းလုပ္ကိုင္ေနသည္။

တ႐ုတ္ႏုိင္ငံ ယန္စီကုမၸဏီ ႏွင့္ ျမန္မာ့စီးပြားေရးဦးပိုင္ကုမၸဏီ တုိ႔သည္ ၂၀၁၃-၁၄ ဘ႑ာႏွစ္က စ၍ စီမံကိန္းပတ္ဝန္းက်င္ရွိ ေက်းရြာမ်ား၏ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ေဒၚလာငါးသိန္း ႏွစ္စဥ္အသံုးျပဳ ေဆာင္ရြက္ေသာ္လည္း စီမံကိန္းေၾကာင့္ ေျမယာလက္လြတ္ဆံုး႐ႈံး ခဲ့ေသာ ေတာင္သူလယ္သမားမ်ား ၏ သားစဥ္ေျမးဆက္နစ္နာမႈမ်ား အေပၚ ထိုက္ထိုက္တန္တန္ ပံ့ပိုး ကူညီမႈရရွိေစေရးအတြက္ ယင္း သို႔ ေမးျမန္းျခင္းျဖစ္သည္။

‘‘ေထာက္ပံ့ေပးအပ္မႈ၊ ဦး ေဆာင္ႀကီးၾကပ္မႈ ေကာ္မတီက ဦးပိုင္ေပါက္ေတာင္သူ၊ ေျမဧက၊ ေျမအမ်ိဳးအစားစာရင္းမ်ား အနီး စပ္ဆံုး၊ အမွန္ကန္ဆံုးျပဳစုေဆာင္ ရြက္ၿပီးစီးပါက ေတာင္သူမ်ား၏ လုိလားခ်က္၊ ေတာင္းဆိုခ်က္မ်ား အေပၚ ဦးေဆာင္ႀကီးၾကပ္မႈေကာ္ မတီ၊ တုိင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ေဒသခံေျမ ယာဆံုး႐ႈံးသည့္ ေတာင္သူမ်ား၏ ကိုယ္စားလွယ္မ်ားႏွင့္ ျမန္မာယန္ စီေကာ့ပါးကုမၸဏီ တာဝန္ရွိသူ မ်ား ေတြ႕ဆံုညႇိႏိႈႈင္းၿပီး ေဒသခံေျမ ယာဆံုး႐ႈံးခဲ့သည့္ ေတာင္သူမ်ား ၏ ခံစားခြင့္မ်ား ရရွိေရးအတြက္ တုိင္းေဒသႀကီးအစိုးရအဖြဲ႕အေန ျဖင့္ အေကာင္းဆံုးအေျခအ ေနရရွိေရး ေဆာင္ရြက္ေပးလ်က္ ရွိပါတယ္’’ဟု စစ္ကိုင္းတုိင္းေဒသ ႀကီးအစိုးရ စိုက္ပ်ိဳးေရး၊ ေမြးျမဴ ေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဦးကမ္ ဇာမံုက လႊတ္ေတာ္တြင္ေျပာၾကားသည္။

 ေထာက္ပံ့ေပးအပ္မႈ ဦး ေဆာင္ ႀကီးၾကပ္မႈေကာ္မတီကို ယခုႏွစ္ ဇူလုိင္ ၇ ရက္က ဖြဲ႕စည္း ခဲ့ၿပီး တုိင္းေဒသႀကီး စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးက ဦးေဆာင္ဖြဲ႕စည္းျခင္းျဖစ္သည္။

 ေၾကးစင္ေတာင္၊ စံပယ္ ေတာင္ ေၾကးနီစီမံကိန္းနယ္ေျမ ျဖစ္သည့္ ဆားလင္းႀကီးၿမိဳ႕နယ္ အတြင္း ေတာင္သူ ၅၅၇ ဦး၊ ယင္း မာပင္ၿမိဳ႕နယ္အတြင္း ေတာင္သူ ၄၃ ဦး၊ ေက်းရြာေပါင္း ၁၈ ရြာမွ လယ္ယာေျမ ဧကေပါင္း ၆,၀၀၀ ေက်ာ္ သိမ္းဆည္းခဲ့ေၾကာင္း ဆားလင္းႀကီးၿမိဳ႕နယ္ မဲဆႏၵနယ္ အ မွတ္(၁) တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာသိန္းႏုိင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ဆားလင်းကြီးမြို့နယ်အ တွင်း ကြေးနီစီမံကိန်းကြောင့် မြေ သိမ်းခံတောင်သူများ၏ သားစဉ် မြေးဆက်နစ်နာမှုအပေါ် ပံ့ပိုးကူ ညီမှုရရှိရေးနှင့်ပတ်သက်၍ စစ် ကိုင်းတိုင်းဒေသကြီးလွှတ်တော် တွင် ဆားလင်းကြီးမြို့နယ် မဲဆန္ဒ နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာသိန်းနိုင်က မေးမြန်းခဲ့သည်။

အောက်တိုဘာ ၆ ရက်က ကျင်းပသော ဒုတိယအကြိမ် စစ် ကိုင်းတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး အမှတ်စဉ် (၁/၂၀၁၆)တွင် စီမံကိန်းကြောင့် မြေယာလုပ်ကိုင်ခွင့် လက်လွတ် ဆုံးရှုံးနစ်နာခဲ့သော တောင်သူ လယ်သမားများ၏ သားစဉ်မြေး ဆက် နစ်နာမှုအပေါ် ပံ့ပိုးကူညီမှု ရရှိစေရေး ဆောင်ရွက်ပေးနိုင် ခြင်း ရှိ၊ မရှိနှင့် ၂၀၁၂ လယ်ယာ မြေနည်းဥပဒေ ၆၇ အရ မြေသိမ်း ခံနစ်နာတောင်သူများအပေါ် စီမံ ကိန်း၏ အကျိုးအမြတ်အလိုက် နှစ်စဉ်ထောက်ပံ့ခံစားခွင့်များရရှိရေး စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်ပေးရန် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

 ဆားလင်းကြီးမြို့နယ် အ တွင်း ကြေးစင်တောင်၊ စံပယ် တောင် ကြေးနီစီမံကိန်းကို ၁၉၇၆ တွင် မြန်မာ့သတ္တုတွင်းနှင့် ယူဂို စလားဗီးယားနိုင်ငံ သတ္တုတူးဖော် ရေးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ သည်။ ၁၉၉၈ တွင် ကနေဒါနိုင်ငံ အိုင်ဗင်ဟိုးကုမ္ပဏီနှင့် မြန်မာ့ သတ္တုတွင်းဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ကိုင်ခဲ့သည်။ ၂၀၁၁ တွင် တရုတ်နိုင်ငံ ယန်စီကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီတို့ကယခုအချိန်ထိ လွှဲပြောင်းလုပ်ကိုင်နေသည်။

တရုတ်နိုင်ငံ ယန်စီကုမ္ပဏီ နှင့် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ တို့သည် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်က စ၍ စီမံကိန်းပတ်ဝန်းကျင်ရှိ ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးအတွက် ဒေါ်လာငါးသိန်း နှစ်စဉ်အသုံးပြု ဆောင်ရွက်သော်လည်း စီမံကိန်းကြောင့် မြေယာလက်လွတ်ဆုံးရှုံး ခဲ့သော တောင်သူလယ်သမားများ ၏ သားစဉ်မြေးဆက်နစ်နာမှုများ အပေါ် ထိုက်ထိုက်တန်တန် ပံ့ပိုး ကူညီမှုရရှိစေရေးအတွက် ယင်း သို့ မေးမြန်းခြင်းဖြစ်သည်။

‘‘ထောက်ပံ့ပေးအပ်မှု၊ ဦး ဆောင်ကြီးကြပ်မှု ကော်မတီက ဦးပိုင်ပေါက်တောင်သူ၊ မြေဧက၊ မြေအမျိုးအစားစာရင်းများ အနီး စပ်ဆုံး၊ အမှန်ကန်ဆုံးပြုစုဆောင် ရွက်ပြီးစီးပါက တောင်သူများ၏ လိုလားချက်၊ တောင်းဆိုချက်များ အပေါ် ဦးဆောင်ကြီးကြပ်မှုကော် မတီ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံမြေ ယာဆုံးရှုံးသည့် တောင်သူများ၏ ကိုယ်စားလှယ်များနှင့် မြန်မာယန် စီကော့ပါးကုမ္ပဏီ တာဝန်ရှိသူ များ တွေ့ဆုံညှိနှိုှုင်းပြီး ဒေသခံမြေ ယာဆုံးရှုံးခဲ့သည့် တောင်သူများ ၏ ခံစားခွင့်များ ရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့် အကောင်းဆုံးအခြေအ နေရရှိရေး ဆောင်ရွက်ပေးလျက် ရှိပါတယ်’’ဟု စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဦးကမ် ဇာမုံက လွှတ်တော်တွင်ပြောကြားသည်။

 ထောက်ပံ့ပေးအပ်မှု ဦး ဆောင် ကြီးကြပ်မှုကော်မတီကို ယခုနှစ် ဇူလိုင် ၇ ရက်က ဖွဲ့စည်း ခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးက ဦးဆောင်ဖွဲ့စည်းခြင်းဖြစ်သည်။

 ကြေးစင်တောင်၊ စံပယ် တောင် ကြေးနီစီမံကိန်းနယ်မြေ ဖြစ်သည့် ဆားလင်းကြီးမြို့နယ် အတွင်း တောင်သူ ၅၅၇ ဦး၊ ယင်း မာပင်မြို့နယ်အတွင်း တောင်သူ ၄၃ ဦး၊ ကျေးရွာပေါင်း ၁၈ ရွာမှ လယ်ယာမြေ ဧကပေါင်း ၆,၀၀၀ ကျော် သိမ်းဆည်းခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ် အ မှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top