Kantharyar Centre
×

ေက်ာင္းသူေသဆံုးမႈျဖင့္ တရားစြဲဆုိခံထားရသည့္ သူထက္ႏုိင္ (ခ) သူရေအာင္ (ဓာတ္ပံု − Yangon Police)
Add caption


 ေမွာ္ဘီနည္းပညာတကၠ သိုလ္မွ ေက်ာင္းသူတစ္ဦးအား ၎၏ရည္းစားျဖစ္သူက သတ္ ျဖတ္ကာ အေလာင္းေဖ်ာက္ဖ်က္ ခဲ့မႈတြင္ ေအာက္တိုဘာ ၂၆ ရက္၌တရားခံအျဖစ္ စြပ္စြဲခံရသူအား စတင္စစ္ေဆးခဲ့ေၾကာင္း သတင္း ရရွိသည္။

တရားခံမွာ ေမာ္လၿမိဳင္တြင္ ေနထုိင္သူျဖစ္ၿပီး ရန္ကုန္သို႔ သ႐ုပ္ ေဆာင္သင္တန္းတက္ရန္ လာ ေရာက္ခဲ့ေၾကာင္း၊ ေသဆံုးသူမိန္းကေလးႏွင့္ လူမႈကြန္ရက္မွစတင္ေတြ႕ရွိခဲ့ၿပီး သမီးရည္းစားသက္တမ္း ရွစ္ပတ္ခန္႔ၾကာခဲ့ေၾကာင္း တရားခြင္အတြင္း ထြက္ဆိုခ်က္မ်ားအရ သိရသည္။

အခင္းျဖစ္ပြားခဲ့သည့္ ဇန္န ၀ါရီ ၂၆ ရက္တြင္ သူထက္ႏိုင္သည္ ေမာ္လၿမိဳင္မွ မိခင္၊ ဗိုလ္ ႀကီးတက္ေနထြဋ္တို႔ႏွင့္အတူ ရန္ ကုန္သို႔ လာေရာက္ခဲ့ၿပီး ေသဆံုး သူ မိန္းကေလးအား နီလာ႐ိုးမ ဆိုင္အနီးတြင္ သြားေရာက္ေတြ႕ ဆံုခဲ့ေၾကာင္း တရားခြင္အတြင္း ထြက္ဆိုခဲ့သည္။

ထို႔ေနာက္ ေသဆံုးသူ မိန္း ကေလးက လက္ထပ္ရန္ ေျပာဆို သည္ကို ျငင္းဆန္သျဖင့္ စကား မ်ားရန္ျဖစ္ကာ မိန္းကေလးအား ထားခဲ့ၿပီး ျပန္ထြက္လာခဲ့ျခင္း ျဖစ္ေၾကာင္း တရားစြဲဆိုခံရသည့္ သူထက္ႏိုင္ (ခ) သူရေအာင္၏ တရားခြင္အတြင္း ထြက္ဆိုခ်က္မ်ားအရ သိရသည္။

‘‘ဒီေန႔က တရားခံစစ္တယ္။ ေနာက္တစ္ပတ္ကို ၁ ရက္ေန႔ ျပန္ ခ်ိန္းထားတယ္။ ေနာက္တစ္ပတ္ က်ရင္ သူ႔ပဲစစ္မွာ။ ဒီေန႔စစ္တာမၿပီးေသးဘူး’’ဟု ေျမာက္ပိုင္းခ႐ိုင္တရား႐ုံးမွ တာ၀န္ရွိသူတစ္ဦးကဆိုသည္။

အဆိုပါအမႈကို ျပစ္မႈႀကီး အမွတ္ ၄၀/၁၆ ျဖင့္ ေျမာက္ပိုင္း ခ႐ိုင္တရား႐ုံးမွ ဒုတိယခ႐ိုင္တရားသူႀကီး (၄) က တာ၀န္ယူစစ္ေဆးခဲ့ၿပီး တရားလိုျပသက္ေသ ၁၂ ဦးအား စစ္ေဆးကာ ေအာက္တိုဘာ ၁၈ ရက္တြင္ ပုဒ္မ ၃၀၂ (၂) ျဖင့္ စြဲခ်က္တင္အမိန္႔ခ်ခဲ့ျခင္းျဖစ္ေၾကာင္း ေျမာက္ပိုင္းခ႐ိုင္တရား႐ုံးမွ သိရသည္။

 ခ်စ္သူမိန္းကေလးအား သတ္ကာ အေလာင္းေဖ်ာက္ခဲ့သျဖင့္ တရားစြဲဆိုခံခဲ့ရသည့္ သူထက္ႏိုင္ (ခ) သူရေအာင္ကို စြဲခ်က္တင္ခဲ့သည့္ ပုဒ္မ ၃၀၂ (၂) မွာ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၁၀ ႏွစ္မွ တစ္သက္တစ္ကြၽန္းျပစ္ ဒဏ္အထိ ခ်မွတ္ႏိုင္သည္။

ဇန္န၀ါရီ ၂၆ ရက္ နံနက္တြင္ လူသတ္မႈက်ဴးလြန္သူ သူထက္ ႏိုင္ (ခ) သူရေအာင္သည္ ေသဆံုး သူ မျမတ္သင္းၾကဴကို ေနျပည္ ေတာ္မွ လက္ေဆာင္ပါလာေသာ ေၾကာင့္ လက္ေဆာင္ယူရန္ အျပင္သို႔ ေခၚေဆာင္ခဲ့ၿပီး မဂၤလာဒံုၿမိဳ႕ နယ္ ေရႊေညာင္ပင္မွတ္တိုင္အနီး ကားရပ္တန္႔ကာ ႏွစ္ဦးသားစကား မ်ားရာမွ ယင္းသို႔ သတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျမာက္ပိုင္းခ႐ိုင္ရဲတပ္ ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာ သည္။

ေသဆံုးသူ မျမတ္သင္းၾကဴ ႏွင့္ လူသတ္မႈက်ဴးလြန္သူ သူထက္ႏုိင္သည္ ၂၀၁၅ ၾသဂုတ္တြင္ ေဖ့စ္ဘြတ္ခ္မွ ခင္မင္ရင္းႏွီးကာ ခ်စ္သူမ်ားျဖစ္ခဲ့ၾကၿပီး ျပင္ပတြင္ ၁၀ ႀကိမ္ေက်ာ္ ေတြ႕ဆံုဖူးကာ သူ ထက္ႏုိင္သည္ ေဖ့စ္ဘြတ္ခ္၌ အ ျခားအမ်ဳိးသမီးတစ္ဦးႏွင့္ ဆက္ သြယ္မႈကို ေတြ႕ရွိခဲ့ရာမွ လက္ထပ္ရန္ ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း ၎ကေျပာသည္။

 ခ်စ္သူမိန္းကေလးအားသတ္ကာ အေလာင္းကို အင္းစိန္ၿမိဳ႕နယ္ႏွင့္ မရမ္းကုန္းၿမိဳ႕နယ္ၾကား ေလေၾကာင္းရန္ကာကြယ္ ေရးတပ္ ၿခံစည္း႐ိုးဝင္းအတြင္း စြန္႔ပစ္ခဲ့ေၾကာင္း၊ ျပစ္မႈက်ဴးလြန္သူ ကိုလည္း သံုးရက္အတြင္း ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ကျောင်းသူသေဆုံးမှုဖြင့် တရားစွဲဆိုခံထားရသည့် သူထက်နိုင် (ခ) သူရအောင် (ဓာတ်ပုံ − Yangon Police)

 မှော်ဘီနည်းပညာတက္က သိုလ်မှ ကျောင်းသူတစ်ဦးအား ၎င်း၏ရည်းစားဖြစ်သူက သတ် ဖြတ်ကာ အလောင်းဖျောက်ဖျက် ခဲ့မှုတွင် အောက်တိုဘာ ၂၆ ရက်၌တရားခံအဖြစ် စွပ်စွဲခံရသူအား စတင်စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။


တရားခံမှာ မော်လမြိုင်တွင် နေထိုင်သူဖြစ်ပြီး ရန်ကုန်သို့ သရုပ် ဆောင်သင်တန်းတက်ရန် လာ ရောက်ခဲ့ကြောင်း၊ သေဆုံးသူမိန်းကလေးနှင့် လူမှုကွန်ရက်မှစတင်တွေ့ရှိခဲ့ပြီး သမီးရည်းစားသက်တမ်း ရှစ်ပတ်ခန့်ကြာခဲ့ကြောင်း တရားခွင်အတွင်း ထွက်ဆိုချက်များအရ သိရသည်။

အခင်းဖြစ်ပွားခဲ့သည့် ဇန်န ဝါရီ ၂၆ ရက်တွင် သူထက်နိုင်သည် မော်လမြိုင်မှ မိခင်၊ ဗိုလ် ကြီးတက်နေထွဋ်တို့နှင့်အတူ ရန် ကုန်သို့ လာရောက်ခဲ့ပြီး သေဆုံး သူ မိန်းကလေးအား နီလာရိုးမ ဆိုင်အနီးတွင် သွားရောက်တွေ့ ဆုံခဲ့ကြောင်း တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

ထို့နောက် သေဆုံးသူ မိန်း ကလေးက လက်ထပ်ရန် ပြောဆို သည်ကို ငြင်းဆန်သဖြင့် စကား များရန်ဖြစ်ကာ မိန်းကလေးအား ထားခဲ့ပြီး ပြန်ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း တရားစွဲဆိုခံရသည့် သူထက်နိုင် (ခ) သူရအောင်၏ တရားခွင်အတွင်း ထွက်ဆိုချက်များအရ သိရသည်။

‘‘ဒီနေ့က တရားခံစစ်တယ်။ နောက်တစ်ပတ်ကို ၁ ရက်နေ့ ပြန် ချိန်းထားတယ်။ နောက်တစ်ပတ် ကျရင် သူ့ပဲစစ်မှာ။ ဒီနေ့စစ်တာမပြီးသေးဘူး’’ဟု မြောက်ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အဆိုပါအမှုကို ပြစ်မှုကြီး အမှတ် ၄၀/၁၆ ဖြင့် မြောက်ပိုင်း ခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး (၄) က တာဝန်ယူစစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ ၁၂ ဦးအား စစ်ဆေးကာ အောက်တိုဘာ ၁၈ ရက်တွင် ပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင်အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း မြောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

 ချစ်သူမိန်းကလေးအား သတ်ကာ အလောင်းဖျောက်ခဲ့သဖြင့် တရားစွဲဆိုခံခဲ့ရသည့် သူထက်နိုင် (ခ) သူရအောင်ကို စွဲချက်တင်ခဲ့သည့် ပုဒ်မ ၃၀၂ (၂) မှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းပြစ် ဒဏ်အထိ ချမှတ်နိုင်သည်။

ဇန်နဝါရီ ၂၆ ရက် နံနက်တွင် လူသတ်မှုကျူးလွန်သူ သူထက် နိုင် (ခ) သူရအောင်သည် သေဆုံး သူ မမြတ်သင်းကြူကို နေပြည် တော်မှ လက်ဆောင်ပါလာသော ကြောင့် လက်ဆောင်ယူရန် အပြင်သို့ ခေါ်ဆောင်ခဲ့ပြီး မင်္ဂလာဒုံမြို့ နယ် ရွှေညောင်ပင်မှတ်တိုင်အနီး ကားရပ်တန့်ကာ နှစ်ဦးသားစကား များရာမှ ယင်းသို့ သတ်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ပိုင်းခရိုင်ရဲတပ် ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြော သည်။

သေဆုံးသူ မမြတ်သင်းကြူ နှင့် လူသတ်မှုကျူးလွန်သူ သူထက်နိုင်သည် ၂၀၁၅ သြဂုတ်တွင် ဖေ့စ်ဘွတ်ခ်မှ ခင်မင်ရင်းနှီးကာ ချစ်သူများဖြစ်ခဲ့ကြပြီး ပြင်ပတွင် ၁၀ ကြိမ်ကျော် တွေ့ဆုံဖူးကာ သူ ထက်နိုင်သည် ဖေ့စ်ဘွတ်ခ်၌ အ ခြားအမျိုးသမီးတစ်ဦးနှင့် ဆက် သွယ်မှုကို တွေ့ရှိခဲ့ရာမှ လက်ထပ်ရန် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

 ချစ်သူမိန်းကလေးအားသတ်ကာ အလောင်းကို အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်ကြား လေကြောင်းရန်ကာကွယ် ရေးတပ် ခြံစည်းရိုးဝင်းအတွင်း စွန့်ပစ်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူ ကိုလည်း သုံးရက်အတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top