Property Expo
×

တစ္ခ်ိန္တည္းမွာ ေထြလည္းေထြ၊ အရိွန္လည္းရဖုိ႔ဆုိရင္ pot wine က လူသိမ်ားတဲ့အရာျဖစ္သလို ခုဆိုရင္ ေစ်းကြက္အတြင္းမွာေတာင္ တရား၀င္ စတင္ေရာင္းခ်ေနျပီျဖစ္ပါတယ္။ ေနာက္ဆုံးထုတ္ကုန္မွာေတာ့ ကယ္လ္လီဖုိးနီးယား ဝုိင္ထုတ္လုပ္သူေတြဆီက Canna Vine ေခၚ စီးပြားျဖစ္ ထုတ္လုပ္တဲ့ ေဆးေျခာက္ခတ္ဝုိင္တစ္မ်ဳိးပဲ ျဖစ္ပါတယ္။

Canna Vine မွာ သဘာဝေဆးေျခာက္နဲ႔ ျခံထြက္စပ်စ္သီး ေရာစပ္ထားတယ္လုိ႔ Los Angeles Times သတင္းက ေဖာ္ျပထားပါတယ္။ ဒီသတင္းက စိတ္ဝင္စားဖြယ္ေကာင္းေပမယ့္ မိမိလက္ထဲ ေရာက္လာဖုိ႔မွာေတာ့ သိပ္မလြယ္ကူပါဘူး။

ကနဦးအျဖစ္ ကယ္လ္လီဖုိးနီးယားျပည္နယ္မွာသာ တရားဝင္ရႏုိင္ျပီး အဲဒီမွာေတာင္ ေဆးေျခာက္သုံးစြဲခြင့္လုိင္စင္ လုိအပ္ပါတယ္။ အေမရိကန္ႏုိင္ငံ ျပည္နယ္အမ်ားစုမွာ ေဆးေျခာက္ေရာထားအရက္ကို သြင္းခြင့္မရိွပါဘူး။ လာမယ့္ႏုိဝင္ဘာလထဲမွာ မဲေပးဆုံးျဖတ္မယ့္ ကယ္လ္လီဖုိးနီးယားရဲ႕ အဆုိျပဳခ်က္ နံပါတ္ ၆၄ မွာ ေဆးေျခာက္ကို အေပ်ာ္သေဘာသုံးစြဲမႈ တရားဝင္သတ္မွတ္ေတာ့မွာ ျဖစ္ပါတယ္။ အဆုိျပဳခ်က္ ၆၄ မွာ အရက္ေသစာအနဲ႔ မူးယစ္ေဆးဝါးေတြ ေဖာ္ျပမထားပါဘူး။ အျခားျပည္နယ္မွာေတာ့ လုံးဝ ခြင့္ျပဳမထားတာပါ။

အဆုိေတာ္၊ ကင္ဆာေဝဒနာရွင္နဲ႔ No Label ေခၚ ေဆးေျခာက္စိမ္ဝုိင္စက္ရုံပိုင္ရွင္ Melissa Etheridge က ဝုိင္ရဲ႕ေကာင္းက်ဳိးေတြကို အခုလုိ ေျပာဆုိထားပါတယ္။ ပထမတစ္ငုံမွာ မ်က္ႏွာအနည္းငယ္နီရဲေပမယ့္ တကယ္ ျမဴးၾကြေစျပီး ညေကာင္းမြန္စြာ အိပ္စက္ေစတယ္လုိ႔ Etheridge က ဆုိထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

 တစ်ချိန်တည်းမှာ ထွေလည်းထွေ၊ အရှိန်လည်းရဖို့ဆိုရင် pot wine က လူသိများတဲ့အရာဖြစ်သလို ခုဆိုရင် ဈေးကွက်အတွင်းမှာတောင် တရားဝင် စတင်ရောင်းချနေပြီဖြစ်ပါတယ်။ နောက်ဆုံးထုတ်ကုန်မှာတော့ ကယ်လ်လီဖိုးနီးယား ဝိုင်ထုတ်လုပ်သူတွေဆီက Canna Vine ခေါ် စီးပွားဖြစ် ထုတ်လုပ်တဲ့ ဆေးခြောက်ခတ်ဝိုင်တစ်မျိုးပဲ ဖြစ်ပါတယ်။

Canna Vine မှာ သဘာဝဆေးခြောက်နဲ့ ခြံထွက်စပျစ်သီး ရောစပ်ထားတယ်လို့ Los Angeles Times သတင်းက ဖော်ပြထားပါတယ်။ ဒီသတင်းက စိတ်ဝင်စားဖွယ်ကောင်းပေမယ့် မိမိလက်ထဲ ရောက်လာဖို့မှာတော့ သိပ်မလွယ်ကူပါဘူး။

ကနဦးအဖြစ် ကယ်လ်လီဖိုးနီးယားပြည်နယ်မှာသာ တရားဝင်ရနိုင်ပြီး အဲဒီမှာတောင် ဆေးခြောက်သုံးစွဲခွင့်လိုင်စင် လိုအပ်ပါတယ်။ အမေရိကန်နိုင်ငံ ပြည်နယ်အများစုမှာ ဆေးခြောက်ရောထားအရက်ကို သွင်းခွင့်မရှိပါဘူး။ လာမယ့်နိုဝင်ဘာလထဲမှာ မဲပေးဆုံးဖြတ်မယ့် ကယ်လ်လီဖိုးနီးယားရဲ့ အဆိုပြုချက် နံပါတ် ၆၄ မှာ ဆေးခြောက်ကို အပျော်သဘောသုံးစွဲမှု တရားဝင်သတ်မှတ်တော့မှာ ဖြစ်ပါတယ်။ အဆိုပြုချက် ၆၄ မှာ အရက်သေစာအနဲ့ မူးယစ်ဆေးဝါးတွေ ဖော်ပြမထားပါဘူး။ အခြားပြည်နယ်မှာတော့ လုံးဝ ခွင့်ပြုမထားတာပါ။

အဆိုတော်၊ ကင်ဆာဝေဒနာရှင်နဲ့ No Label ခေါ် ဆေးခြောက်စိမ်ဝိုင်စက်ရုံပိုင်ရှင် Melissa Etheridge က ဝိုင်ရဲ့ကောင်းကျိုးတွေကို အခုလို ပြောဆိုထားပါတယ်။ ပထမတစ်ငုံမှာ မျက်နှာအနည်းငယ်နီရဲပေမယ့် တကယ် မြူးကြွစေပြီး ညကောင်းမွန်စွာ အိပ်စက်စေတယ်လို့ Etheridge က ဆိုထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top