Property Expo
×





Credit: 7 day daily

#Unicode Version

 ဒေါ်အောင်ဆန်းစုကြည် နှင့် နော်ဝေးဝန်ကြီးချုပ်ဟောင်းတို့ တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်နှင့်ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ် အောင်ဆန်းစုကြည်နှင့် Oslo Center For Peace Human Rights ဥက္ကဋ္ဌဖြစ်သည့် နော်ဝေး ဝန်ကြီးချုပ်ဟောင်း Kyell MagneBondevik တို့ အောက်တိုဘာ ၂၅ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေးနိုင်ငံဝန်ကြီးချုပ်ဟောင်း တို့သည် မြန်မာနိုင်ငံ၏ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဆောင်ရွက်နေမှု ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။

ထို့အပြင် တွေ့ဆုံမှုတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top