Kantharyar Centre
×

ကြန္ပ်ဴတာ သို႔မဟုတ္ တယ္လီေဗးရွင္းကို အၾကည့္မ်ားတဲ့ အမ်ိဳးသားငယ္ေတြဟာ အ႐ိုးေပ်ာ့ျခင္းကို ၾကံဳေတြ႕လာရႏိုင္ၿပီး အ႐ိုးပြျခင္း၊ အ႐ိုးက်ိဳးျခင္းေတြကိုပါ ရင္ဆိုင္ရႏိုင္တယ္လို႔ ေနာ္ေ၀ႏိုင္ငံကျပဳလုပ္တဲ့ သုေတသနတစ္ခုက ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။

အ႐ိုးတည္ေဆာက္ပံုဟာ ေမြးကင္းစကေန ဆယ္ေက်ာ္သက္ ေႏွာင္းပိုင္းအရြယ္အထိ ႀကီးထြားဖြံၿဖိဳး ေန တာျဖစ္ၿပီး ဆယ္ေက်ာ္သက္ အခ်ိန္ဟာ အရိုးႀကီးထြားဖြံျဖိဳးမႈႏႈန္းအျမင့္မားဆံုးျဖစ္ပါတယ္။ ““ဒီအခ်ိန္ မွာ လႈပ္လႈပ္ရွားရွားမရွိဘဲ တီဗြီ၊ ကြန္ပ်ဴတာနဲ႔ဂိမ္းေတြမွာပဲ အခ်ိန္ကုန္မယ္ဆိုရင္ အ၀လြန္ျခင္းကိုသာမက အ႐ိုးက်န္းမာေရးကိုပါ ထိခိုက္ႏိုင္ပါတယ္””လို႔ ေနာ္ေ၀တကၠသိုလ္မွ သုေတသီ Anne Wintheru ေျပာၾကား ထားပါတယ္။

ေလ့လာမႈမွာ ေတြ႕ရွိရတာကေတာ့ ကြန္ပ်ဴတာအသံုးမ်ားတဲ့ ဆယ္ေက်ာ္သက္ေတြဟာ အ႐ိုးရဲ႕ဓာတ္သတၱဳ သိပ္သည္းဆ (Bone Mineral Density,BMD) က်ဆင္းလာတာပဲ ျဖစ္ပါတယ္။ ဒါဟာ အသက္ ၁၅ႏွစ္ ကေန ၁၈ႏွစ္အတြင္းရွိတဲ့ ေယာက်္ားေလးငယ္ ၄၈၄ဦးကို သုေတသန ျပဳၿပီးမွ ရရွိလာခဲ့တာျဖစ္ပါ တယ္။ ေလ့လာမႈမွာ ဆယ္ေက်ာ္သက္ အမ်ိဳးသားငယ္ေတြရဲ႕ လိင္ပိုင္းဆိုင္ရာအဂၤါဖြံၿဖိဳးမႈ၊ ကိုယ္အေလးခ်ိန္ အၫႊန္းကိန္း၊ အားလပ္ခ်ိန္မွာ ကိုယ္လက္လႈပ္ရွားမႈအေျခအေန၊ ေဆးလိပ္၊ ယမကာမွီ၀ဲမႈ ရွိ မရွိစတဲ့ အခ်က္ေတြကိုပါ ထည့္သြင္း စဥ္းစားခ့ဲပါတယ္။ ဒါ့အျပင္ ကြန္ပ်ဴတာ၊ တီဗီြေတြေရွ႕မွာပဲ အခ်ိန္ကုန္မ်ား တဲ့ ေယာက်္ားေလးငယ္ေတြဟာ အ႐ိုးတြင္းဓာတ္သတၱဳသိပ္သည္းဆ နည္းေပမယ့္ ကိုယ္အေလးခ်ိန္ အၫႊန္းကိန္းကေတာ့ ၂ဆျမင့္ တက္ေနပါတယ္။

အျပည္ျပည္ဆိုင္ရာ အရိုးပြေရာဂါေဖာင္ေဒးရွင္းရဲ႕ ထုတ္ျပန္ခ်က္အရ အသက္၅၀နဲ႔အထက္ အမ်ိဳးသား ၅ေယာက္မွာ ၁ေယာက္ဟာ အ႐ိုးပြျခင္းေၾကာင့္ အ႐ိုးက်ိဳးျခင္းကို ခံစားေနရတယ္လို႔ သိရွိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Health Updates Journal

#Unicode Version

ကွန်ပျူတာ သို့မဟုတ် တယ်လီဗေးရှင်းကို အကြည့်များတဲ့ အမျိုးသားငယ်တွေဟာ အရိုးပျော့ခြင်းကို ကြုံတွေ့လာရနိုင်ပြီး အရိုးပွခြင်း၊ အရိုးကျိုးခြင်းတွေကိုပါ ရင်ဆိုင်ရနိုင်တယ်လို့ နော်ဝေနိုင်ငံကပြုလုပ်တဲ့ သုတေသနတစ်ခုက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အရိုးတည်ဆောက်ပုံဟာ မွေးကင်းစကနေ ဆယ်ကျော်သက် နှောင်းပိုင်းအရွယ်အထိ ကြီးထွားဖွံဖြိုး နေ တာဖြစ်ပြီး ဆယ်ကျော်သက် အချိန်ဟာ အရိုးကြီးထွားဖွံဖြိုးမှုနှုန်းအမြင့်မားဆုံးဖြစ်ပါတယ်။ ““ဒီအချိန် မှာ လှုပ်လှုပ်ရှားရှားမရှိဘဲ တီဗွီ၊ ကွန်ပျူတာနဲ့ဂိမ်းတွေမှာပဲ အချိန်ကုန်မယ်ဆိုရင် အဝလွန်ခြင်းကိုသာမက အရိုးကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်””လို့ နော်ဝေတက္ကသိုလ်မှ သုတေသီ Anne Wintheru ပြောကြား ထားပါတယ်။

လေ့လာမှုမှာ တွေ့ရှိရတာကတော့ ကွန်ပျူတာအသုံးများတဲ့ ဆယ်ကျော်သက်တွေဟာ အရိုးရဲ့ဓာတ်သတ္တု သိပ်သည်းဆ (Bone Mineral Density,BMD) ကျဆင်းလာတာပဲ ဖြစ်ပါတယ်။ ဒါဟာ အသက် ၁၅နှစ် ကနေ ၁၈နှစ်အတွင်းရှိတဲ့ ယောကျ်ားလေးငယ် ၄၈၄ဦးကို သုတေသန ပြုပြီးမှ ရရှိလာခဲ့တာဖြစ်ပါ တယ်။ လေ့လာမှုမှာ ဆယ်ကျော်သက် အမျိုးသားငယ်တွေရဲ့ လိင်ပိုင်းဆိုင်ရာအင်္ဂါဖွံဖြိုးမှု၊ ကိုယ်အလေးချိန် အညွှန်းကိန်း၊ အားလပ်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှုအခြေအနေ၊ ဆေးလိပ်၊ ယမကာမှီဝဲမှု ရှိ မရှိစတဲ့ အချက်တွေကိုပါ ထည့်သွင်း စဉ်းစားခဲ့ပါတယ်။ ဒါ့အပြင် ကွန်ပျူတာ၊ တီဗွီတွေရှေ့မှာပဲ အချိန်ကုန်များ တဲ့ ယောကျ်ားလေးငယ်တွေဟာ အရိုးတွင်းဓာတ်သတ္တုသိပ်သည်းဆ နည်းပေမယ့် ကိုယ်အလေးချိန် အညွှန်းကိန်းကတော့ ၂ဆမြင့် တက်နေပါတယ်။

အပြည်ပြည်ဆိုင်ရာ အရိုးပွရောဂါဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်အရ အသက်၅၀နဲ့အထက် အမျိုးသား ၅ယောက်မှာ ၁ယောက်ဟာ အရိုးပွခြင်းကြောင့် အရိုးကျိုးခြင်းကို ခံစားနေရတယ်လို့ သိရှိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Health Updates Journal
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top