Property Expo
×

ရခုိင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ က်ီးကန္းျပင္ေက်းရြာအနီးရွိ အမွတ္(၁) နယ္ျခားေစာင့္ရဲကြပ္ကဲမႈဌာနခ်ဳပ္မွ အိမ္ေထာင္သည္လုိင္းခန္းအား ယေန႔နံနက္ ၁၀ နာရီခန္႔တြင္ အၾကမ္းဖက္စီးနင္းတုိက္ခိုက္သူ အင္အား ၅ ဦးခန္႔က ဌာနခ်ဳပ္၏ အေရွ႕ေတာင္ဘက္ေတာင္ကုန္းမွ လက္နက္ငယ္မ်ားျဖင့္ လာေရာက္ေခ်ာင္းေျမာင္း ပစ္ခတ္တုိက္ခုိက္မႈျဖစ္ပြားခဲ့သည္။



လာေရာက္ပစ္ခတ္တုိက္ခုိက္သည့္ေနရာအား တပ္မေတာ္စစ္ေၾကာင္းမွ လုိက္လံရွင္းလင္းရာ အၾကမ္းဖက္ စီးနင္းတုိက္ခိုက္သူမ်ားသည္ ၀ါးပိတ္ေက်းရြာမွတစ္ဆင့္ အေရွ႕ေတာင္ဘက္သုိ႔ ဆုတ္ခြာထြက္ေျပးသြားသည္။

၀ါးပိတ္ေက်းရြာအတြင္း တပ္မေတာ္စစ္ေၾကာင္းမ်ားက လုိက္လံရွင္းလင္းစဥ္ ရြာအနီး ပုန္းခိုေနသည့္ အၾကမ္းဖက္စီးနင္းတုိက္ခိုက္သူမ်ားက ေက်းရြာအား မီး႐ိႈ႕ထြက္ေျပးသြားသျဖင့္ တပ္မေတာ္စစ္ေၾကာင္းက ၀ုိင္း၀န္းကူညီ ၿငိမ္းသတ္ေပးခဲ့သည္။


ေက်းရြာအတြင္း မီးေလာင္မႈေၾကာင့္ အိမ္ ေျခ၂၅ လုံးခန္႔ မီးေလာင္ပ်က္စီးဆုံး႐ႈံးခဲ့ၿပီး အဆုိပါနယ္ေျမအတြင္း တပ္မေတာ္စစ္ေၾကာင္းမ်ားက နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။




ဖိုးသူေတာ္ (www.phothutaw.com)
Credit:ျမဝတီ MOI Webportal Myanmar


#Unicode Version
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာအနီးရှိ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်မှ အိမ်ထောင်သည်လိုင်းခန်းအား ယနေ့နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်အား ၅ ဦးခန့်က ဌာနချုပ်၏ အရှေ့တောင်ဘက်တောင်ကုန်းမှ လက်နက်ငယ်များဖြင့် လာရောက်ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။


လာရောက်ပစ်ခတ်တိုက်ခိုက်သည့်နေရာအား တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်းရာ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများသည် ဝါးပိတ်ကျေးရွာမှတစ်ဆင့် အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားသည်။

ဝါးပိတ်ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းစဉ် ရွာအနီး ပုန်းခိုနေသည့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက ကျေးရွာအား မီးရှို့ထွက်ပြေးသွားသဖြင့် တပ်မတော်စစ်ကြောင်းက ဝိုင်းဝန်းကူညီ ငြိမ်းသတ်ပေးခဲ့သည်။


ကျေးရွာအတွင်း မီးလောင်မှုကြောင့် အိမ်ခြေ ၂၅ လုံးခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါနယ်မြေအတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:မြဝတီ MOI Webportal Myanmar 


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top